မုံရွာမြို့တွင်နေ့စဥ်ထမင်းဟင်းထုတ်များဒါနပြုဝေငှ
- 2022-08-08 00:27:00
- fitc Zanhtooko
- Original 357
မုံရွာမြို့တွင် နေ့စဥ် လူ(၁၅၀)ဦးခန့်ကို တစ်ပိသာခန့်ရှိ ထမင်းဟင်းထုတ်များ ဒါနပြုဝေငှနေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်

“စားဝတ်နေရေး အဆင်ပြေမယ်ဆိုရင် ဆိုင်ကယ်ရိုက်လုတဲ့ ရာဇဝတ်မှုတွေ လျော့သွားနိုင်တယ်။ လောကကြီး အေးချမ်းသွားမယ်။ ဗီဇအရ ခိုးမယ့်သူကတော့ မတတ်နိုင်ဘူးပေါ့။ သာမာန်လူတွေ စားဝတ်နေရေး အဆင်ပြေစေမယ်။ အဲဒါကြောင့် နွေးထွေးတဲ့မေတ္တာနဲ့ ဘယ်သူလာလာ ကုသိုလ်ပြုနေပါတယ်။ အင်္ကျီစုပ်စုပ်ပြတ်ပြတ်နဲ့လာလည်း လက်ကိုသေချာဆပ်ပြာနဲ့ ပြောင်အောင်ဆေးခိုင်းတယ်။ ကိုဗစ်ကာကွယ်ပြီးသားဖြစ်အောင်လို့ပါ”ဟု ဦးသူရိယ ကမိန့်သည်။
ကိုဗစ်ဖြစ်သည့်အချိန်မှစ၍ လူအများစားဝတ်နေရေး အခက်အခဲဖြစ်ကြသည်ကို ကျောင်းမှသံဃာတော်များဖြင့် အလှူခံကာ ရပ်ရွာအကျိုးပြု ထမင်းထုတ်ဝေငှပေးခြင်းဖြစ်သည်။ နေ့စဥ် လူ၁၅၀ခန့်ကို ဒါနပြုနေသည်မှာ ၃နှစ်နီးပါးရှိပြီဖြစ်ပြီး ရပ်ကွက်ထဲလည်း လိုက်ဝေသလို ကျောင်းလာယူလျှင်လည်း ပေးဝေသည်။ သူရိယာရာမကျောင်းတွင် သံဃာအပါး ၁၀၀ပါးခန့်ရှိသည့်အတွက် ထမင်းများဟင်းများ နေ့စဥ်ပိုရာ စနစ်တကျစီမံခန့်ခွဲပြီး ထမင်းတစ်ပိသာထုတ်များထုတ်၍ ဟင်းများအကုန်ပေါင်းကာ နံနက်၉နာရီခွဲခန့်တွင် ဝေငှဒါနပြုခြင်းဖြစ်သည်။
အကြောင်းအမျိုးမျိုးကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးထဲမှ မီးဘေးသင့်သွားသည့် အိမ်လေးများအတွက် အလှူခံပြီး သံများသွပ်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ဦးသူရိယထံမှသိရသည်။
“မုံရွာမြို့ကို ရောက်ရှိလာကြတဲ့ ပုဂ္ဂိုလ်များ ထမင်း ဟင်းအတွက် အားမငယ်ကြပါနဲ့ ။ ဦးသူရိယ-09400465804 ဖုန်းသာဆက်လိုက်ပါ” ဟု ထမင်းဟင်းထုတ်ဝေရာတွင် ကူညီနေသူတစ်ဦး ကပြောသည်။
စျာန်ထူးကို
Add a comment
文章分类
联系我们
Email : | paukphawnews@gmail.com |
---|