
2016-11-30 06:30:00
CPPM
Source:
Translate
11216


 

ရာသီအေးလာပြီ





 

မနက်နဲ့ည အပူအအေးကွာခြားမှုများတယ်၊ အကျလည်းထပ်ဝတ်အုံး





 



ရေကိုများများသောက်









ဖုန်းဆက်လိုက်ပါ





 


 

 

Unicode Version:

 

ချစ်ဆုံးတို့ရေ. ရာသီအေးလာပြီ၊ ကျန်းမာအောင်နေနော်……

 

ရာသီအေးလာပြီ

မနက်ကိုပျင်းပြီး ကွေးမနေနဲ့

မနက်စာလည်း သတိတရနဲ့ စားအုန်း

နွားနို့ပူပူလေးသောက်၊ ဗိုက်လည်း ပြည့်အောင်စား

မဟုတ်ရင် ဗိုက်စာပြီး ချမ်းနေမှာ။

 

မနက်နဲ့ည အပူအအေးကွာခြားမှုများတယ်၊ အင်္ကျီလည်းထပ်ဝတ်အုံး

လှချင်စိတ်ဘဲများမနေနဲ့ ရာသီလည်းကြည့်အုံး

ခြေထောက်အေးရင်လည်း ရှုးဖိနပ်လေးဝယ်စီးလိုက်အုံး

ဒါမှ နွေးနွေးထွေးထွေး နေလို့ကောင်းမှာ

လည်းပင်းလည်း မာဖလာပတ်၊ လက်အိတ်လည်းဝတ်၊ ရုပ်ဆိုးတယ်လို့ မထင်နဲ့။

 

ရာသီက တဖြည်းဖြည်းအေးလာပြီ

အရေပြားတွေ အက်ကွဲလာပြီး၊ နှုတ်ခမ်းလည်း ခြောက်ကပ်လာပြီ

ရေကိုများများသောက်


ည၁၂နာရီ မကျော်ခင်အိပ်

အထူးသဖြင့် အမျိုးသမီးတွေ၊ ကျန်းမာရေး မကောင်းပဲနေလိမ့်မယ်

မအိပ်ခင်မှာ သွေးလည်ပတ်မှု ကောင်းအောင်လို့

ရေနွေးနွေးလေးနဲ့ ခြေထောက်ကိုစိမ်လိုက်အုံး


အင်တာနက်တွေသုံး၊ ဖုံးကလိတာတွေလည်းလျော့

၀မ်းနည်းတာရှိလို့ ပြောစရာတွေရှိလာရင်

ဖုန်းဆက်လိုက်ပါ

ပြောလိုက်ရင် စိတ်ထဲပေါ့သွားမှာ

 

ကိုယ်ကိုကိုယ် တန်ဖိုးလည်းထား

ဂရုစိုက်ဖို့လည်း မေ့မနေနဲ့အုံးနော်……..

 

From: http://mp.weixin.qq.com/s/FWtj4Mcg1kqaB7kECzQenw

Add a comment