ဥက္ကဋ္ဌဦးစိန်ဝင်းအောင်အားPeople

2022-07-26 19:21:00
fitc Myathukha
Original 858
Summary : မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် အား တရုတ်နိုင်ငံ People's Daily သတင်းဌာန၏ Bureau Chief/ Chief Correspondent Mr. Li Bingxin နှင့်အဖွဲ့က ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ အား တရုတ်နိုင်ငံ People's Daily သတင်းဌာနမှ လာရောက်တွေ့ဆုံ


မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် အား တရုတ်နိုင်ငံ People's Daily သတင်းဌာန၏ Bureau Chief/ Chief Correspondent Mr. Li Bingxin နှင့်အဖွဲ့က ဇူလိုင်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လက်ခံတွေ့ဆုံရာတွင် People's Daily သတင်းဌာနမှ နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အသင်း၏လုပ်ဆောင်ချက်များနှင့် ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများအပေါ် ကူညီပံ့ပိုးဆောင်ရွက်မှုများနှင့်ပတ်သက်သည့် သတင်းမေးမြန်းမှုများအား ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြသုခ
Add a comment