"မြစ်ညာမှာနေထိုင်သူများ"မှတ်တမ်းရုပ်ရှင်ပြသမည်

2022-07-01 23:17:00
fitc KoKhant
Original 1855
Summary : တရုတ်နိုင်ငံ စန်းကျန်းယွမ်ဒေသနှင့် တိဘက်ကုန်းပြင်မြင့်ဒေသတို့အား မှတ်တမ်းတင် ရိုက်ကူးထားသည့် "မြစ်ညာမှာနေထိုင်သူများ" မှတ်တမ်းရုပ်ရှင် မြန်မာစာတန်းထိုးအား ဇူလိုင်လ ၃ ရက်နေ့မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၁၁ နာရီနှင့် ည ၇ နာရီတွင် Skynet Knowledge ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

"မြစ်ညာမှာနေထိုင်သူများ" မှတ်တမ်းရုပ်ရှင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း Skynet Knowledge ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသမည်


တရုတ်နိုင်ငံ စန်းကျန်းယွမ်ဒေသနှင့် တိဘက်ကုန်းပြင်မြင့်ဒေသတို့အား မှတ်တမ်းတင် ရိုက်ကူးထားသည့် "မြစ်ညာမှာနေထိုင်သူများ" မှတ်တမ်းရုပ်ရှင် မြန်မာစာတန်းထိုးအား ဇူလိုင်လ ၃ ရက်နေ့မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၁၁ နာရီနှင့် ည ၇ နာရီတွင် Skynet Knowledge ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

"မြစ်ညာမှာနေထိုင်သူများ" မှတ်တမ်းရုပ်ရှင်တွင် အဖိုးတန်လှသည့်မြင်ကွင်းများဖြင့် စန်းကျန်းယွမ်ဒေသမှ လူနှင့်သဘာဝ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်သည့် အကြောင်းအရာများကို မှတ်တမ်းတင်ထားပြီး တိဘက်ကုန်းပြင်မြင့်ဒေသ အတွင်းပိုင်း၏ သဘာဝအလှနှင့် သက်ရှိအလှတရားများကို တင်ဆက်ထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် ခေတ်အဆက်ဆက် အိမ်နီးချင်းနိုင်ငံများအဖြစ် အတူနေထိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သမိုင်းကြောင်း ကြာရှည်လှပြီး နှစ်နိုင်ငံပြည်သူများသည် "တစ်မြစ်တွင်းရေ အတူသောက်သုံးကာ" လန်ချန်းမြစ်-မဲခေါင်မြစ်က မိမိတို့၏အသက်သွေးကြောကို ရင်းနှီးစွာချိတ်ဆက်လျက်ရှိသည်။

စန်းကျန်းယွမ်ဒေသသည် လန်ချန်းမြစ်၊ မဲခေါင်မြစ်၊ မြစ်ဝါမြစ်တို့ မြစ်ဖျားခံရာဒေသ ဖြစ်သည်။ ဤနေရာသည် ကုန်းပြင်မြင့်ဇီဝမျိုးစုံမျိုးကွဲမှု အစုစည်းဆုံးနေရာများထဲမှ တစ်နေရာဖြစ်ပြီး တစ်ကမ္ဘာလုံး ရာသီဥတုပြောင်းလဲမှု၏ အကဲဆတ်ဆုံးနှင့် အရေးပါဆုံး စတင်ရာဒေသဖြစ်သည်။ ဤနေရာတွင် လူတို့က မိုးမြေကိုလေးစား၍ သက်ရှိများကို ချစ်မြတ်နိုးကာ သဘာဝနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ကြကြောင်း သိရသည်။

ကိုခန့်

Add a comment