ခရီးသွားလာရေးလုပ်ငန်းနှင့်ကုန်သွယ်မှုပူးပေါင်းရန်
- 2022-05-27 23:13:00
- fitc Kaungkaung
- Original 27766
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲအုပ်ချုပ်ရေးမှူးနှင့် ကူမင်းအခြေစိုက် နိုင်ငံ ၅နိုင်ငံ၏ ကောင်စစ်ဝန်ချုပ်ရုံး ကိုယ်စားလှယ်တို့နှင့်တွေ့ဆုံ၊ ကော်ဖီလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ကုန်သွယ်မှု စသည့်နယ်ပယ်များတွင် ပူးပေါင်းလုပ်ဆောင်ရန် ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးဖလှယ်

တက်ဟုန်းကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ တက်ရောက်လာကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူမင်းအခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Aminur Islamam ၊ လာအိုနိုင်ငံ ကူမင်းအခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Manila Sombandy ၊ မြန်မာနိုင်ငံ ကူမင်းအခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် U Thaw Dar Aung ၊ ကမ္ဘောဒီးယားနိုင်ငံ ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Mo Qiantong ၊ ဗီယက်နမ်နိုင်ငံ ကူမင်းအခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံး ဒုကောင်စစ်ဝန်ချုပ် Nguyen Thi Kim Thuy တို့နှင့်အတူ ယူနန်ပြည်နယ်ကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Ma Jun ၊ တက်ဟုန်းပြည်နယ်ခွဲ ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဌ hang Yiwei ၊ ဟုန်းပြည်နယ်ခွဲ ဒုတိယအုပ်ချုပ်ရေးမှူး Dong Qiran တို့လည်း ပါဝင်တွေ့ဆုံခဲ့ကြသည်။
တက်ဟုန်းပြည်နယ်ခွဲသည် တရုတ်နိုင်ငံတွင် အစောဆုံး ကော်ဖီစိုက်ပျိုးရာဒေသဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရန် ထူးခြားသော သဘာဝအခြေအနေရှိပြီး ကောင်းမွန်သော ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အခြေခံနှင့် သုတေသနလုပ်နိုင်စွမ်း ရှိကြောင်း၊ တက်ဟုန်း ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ကျင်းပခြင်းအားဖြင့် တက်ဟုန်းကော်ဖီလုပ်ငန်း တစ်ဆင့်တိုး ဖွံ့ဖြိုးတိုးတက်စေရန်၊ ကော်ဖီယဉ်ကျေးမှုအသိုက်အဝန်းကို ဆောက်တည်ရန်၊ နိုင်ငံအသီးသီးနှင့် ကော်ဖီလုပ်ငန်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီး၏ ကူမင်းအခြေစိုက်ကောင်စစ်ဝန်ချုပ်ရုံးတို့သည်လည်း ယခုအကြိမ် တက်ရောက်ခြင်းအားဖြင့် တက်ဟုန်းနှင့်ပိုမိုခိုင်မာသော ချစ်ကြည်ဆက်ဆံရေးကို တည်ထောင်ကာ နိုင်ငံအသီးသီးတို့နှင့် ပိုကျယ်ပြန့်သော နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံကြရန် မျှော်လင့်ကြောင်း ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူး Wei Gang က ပြောကြားသည်။
နိုင်ငံအသီးသီး၏ ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးကိုယ်စားလှယ်များကလည်း တက်ဟုန်းပြည်နယ်ခွဲ၏ လှိုက်လှိုက်လှဲလှဲ ဧည့်ခံမှုနှင့် နှစ်ရှည်လများချစ်ခင်ရင်းနှီးစွာ ပံ့ပိုးကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ တက်ဟုန်းနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ခိုင်မာစေပြီး ပူးပေါင်းဆောင်ရွက်ရေး၏ ရလဒ်ကို ပိုနက်ရှိုင်းစေရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။
ကိုယ်စားလှယ်များအဖွဲ့နှင့် တက်ရောက်လာကြသောဧည့်သည်တော်များသည် နိုင်ငံအသီးသီးနှင့် တက်ဟုန်းတို့ နောက်နောင်တွင် ကော်ဖီလုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ကုန်သွယ်မှု စသည့် နယ်ပယ်များတွင် ပူးပေါင်းလုပ်ဆောင်ရန် ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း တရုတ်သတင်းစာ တက်ဟုန်းညီညွတ်ရေးသတင်းမှ သိရသည်။
ကောင်းကောင်း
文章分类
联系我们
Email : | paukphawnews@gmail.com |
---|