နန်နင်းမြို့တွင် မြန်မာ့ယဉ်ကျေးမှုပြပွဲ ပြုလုပ်
- 2022-05-19 15:52:00
- fitc Myathukha
-
Original
32997
Summary : မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့သည် တရုတ်နိုင်ငံ နန်နင်းမြို့ရှိ Nanning Win Win Hotel နှင့်ပူးပေါင်း၍ “Introducing Myanmar Culture and Tourism” အမည်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးပြပွဲကို အဆိုပါဟိုတယ်၌ မေလ (၁၁)ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့အထိ (၁)လကြာ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ နန်နင်းမြို့တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးပြပွဲ ပြုလုပ်
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နန်နင်းမြို့သည် တရုတ်နိုင်ငံ နန်နင်းမြို့ရှိ Nanning Win Win Hotel နှင့်ပူးပေါင်း၍ “Introducing Myanmar Culture and Tourism” အမည်ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးပြပွဲကို အဆိုပါဟိုတယ်၌ မေလ (၁၁)ရက်နေ့မှ ဇွန်လ (၁၀)ရက်နေ့အထိ (၁)လကြာ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် မြန်မာ့ရိုးရာဝတ်စုံများ၊ ကျောက်စိမ်းထည်များ၊ မြန်မာ့ အထင်ကရ ရှုခင်းဓာတ်ပုံများ၊ ယွန်းထည်ပန်းချီကားများ၊ ကျောက်စီပန်းချီကားများ၊ မြန်မာ့ရိုးရာ စောင်းတူရိယာ၊ မြန်မာ့ရိုးရာဆွမ်းအုပ်၊ ယွန်းထည်များ၊ ငွေထည်များ၊ မြန်မာ့သနပ်ခါး၊ လက်ဖက်ခြောက် စသည့် မြန်မာ့ထွက်ကုန်များကို လေ့လာကြည့်ရှုနိုင်မည် ဖြစ်သည်။
ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိခိုက်ခဲ့ရသည့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ပြန်လည် နာလန်ထူလာရေးအတွက် တစ်ဖက်တစ်လမ်းမှ မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များနှင့် ထူးခြားလှပသည့် ခရီးသွားနေရာများကို တရုတ်ပြည်သူများ သိရှိနားလည်စေရန်၊ ကိုဗစ်ကပ်ရောဂါကာလအလွန် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များအပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ ကျင်းပပြုလုပ်ရန်ရှိသည့် မြန်မာနိုင်ငံမှ နှစ်စဉ် ပါဝင်တက်ရောက်လျက်ရှိသော (၁၉)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတို့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မြသုခ