တရုတ်ဈေးကွက်သို့သရက်သီးတင်ပို့မှုအလားအလာ
- 2022-04-22 10:14:00
- fitc Myathukha
- Original 44535
တရုတ်ဈေးကွက်သို့ လက်ရှိ သရက်သီးတင်ပို့မှု ဖြစ်နိုင်ခြေအလားအလာ

"(၂၀၂၂ ရာသီချိန်) ဝမ်တိန်ဈေးကွက်သို့ သရက်သီးတင်ပို့မှု ဖြစ်နိုင်ခြေအလားအလာ"
ဒီနှစ်ရာသီက စိန်တလုံးရင့်မှည့်မှု အနည်းငယ်နောက်ကျပြီး ယခုအထိတင်ပို့သူ မရှိသေးပါ။ (အနု အညံ့တွေ မတင်ပို့ရဲတာကြောင့်လည်း ပါတယ်။)
ရင့်မှည့်လာတဲ့အခြေအနေမှာရော?
တောင်သူအတော်များများက ပြည်တွင်းဈေးကွက်ကိုဘဲ ရောင်းချဖို့ စိတ်ဝင်စားနေတာ တွေ့ရတယ်။
Covid ကာလ SOP စနစ်မှာ ဖရဲသခွားတင်ပို့မှုကဲ့သို့ ကြာမြင့်ရက်နဲ့ ကုန်ကျစရိတ်၊ ပြီးတော့ တရုတ်ကဲ့ကားပြောင်းတင်ဖို့ချိန် ကိုက်ရမဲ့ကုန်ချိန် စတဲ့စိန်ခေါ်မှုတွေက သရက်သီးများ တင်ပို့ရောင်းချရန် ချင့်ချိန်သုံးသပ်ဖို့ ခက်ထန်ကြမ်းတမ်းတဲ့ အကျိုးနဲ့အကြောင်းတွေပါ။
အခုနောက်ဆုံးအခြေအနေအထိ သရက်သီးများကို Green channel ဦးစားပေး စေလွှတ်ခံရဖို့ တရုတ်ဖက်နဲ့ ညှိနှိုင်းမှုမှာ အဖြေမရှိသေးပါ။ တရုတ်ဝမ်တိမ် ချန်ဟော့အရောင်းကွင်းမှာလည်း ကန့်သပ်ချက်များကြောင့် သရက်သီးဈေးတန်းအတွက် နေရာတောင် မစီစဉ်နိုင်သေးတာ တွေ့ရတယ်။
စမ်းသပ်တင်ပို့မှုမရှိသေးတော့ အတိအကျ မဖော်ပြနိုင်သေးပါ။
သို့သော် ပိုမိုမြန်ဆန်မှုရှိလာသည်ဆိုသော်ငြား ခူးဆွတ်ပြီးတစ်ပတ်အတွင်း ဈေးကွက်အရောက်တော့ ဖြစ်နိုင်ခြေနည်းပါးနေဆဲ။
ဒါကတပိုင်း
ဘာဖြစ်ဖြစ် တင်ပို့ရောင်းချမယ် ဆိုခဲ့ရင်တော့
Under GAP စနစ်တော့လိုမယ်။
အလုပ်ရှင်၊ အလုပ်သမား၊ တောင်သူများ
၁။ သန့်ရှင်းမှုကိုအထူးဂရုစိုက်ပါ
၂။ လက်ဆေးပါ၊ mask တပ်ပါ၊ လက်အိတ်စွတ်ပါ။
၃။ ထုတ်ပိုးပစ္စည်းများ (ခြင်းနှင့်အခြား) ကိုဗစ်ကာကွယ်ပိုးသတ်ဆေးများ ပါးပါးဖြင့် ထိရောက်အောင် ဖြန်း အခြောက်ခံပြီးမှ သရက်သီးထည့်ပါ။
(သရက်သီးအလုံးကို ပိုးသတ်ဆေးဖြန်းဖို့ လိုအပ်သလားဆိုတော့ ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်မို့ အကြံမပေးရဲ)
ဘာလို့လဲဆိုတော့
"ဖရဲသခွားပို့ကုန်တွေမှာ ပိုးတွေ့လို့ဆိုပြီး တဖက်က ဖျက်ဆီးပစ်ခဲ့တဲ့ သာဓကတွေရှိခဲ့လို့ ကြိုတင် သတိပေးရတာပါ။"
ပိုးစစ်တဲ့ Test missions က မြန်မာဖက် ရွှေလွယ်အင်၊ တရုတ်ဖက်က အကောက်ခွန်မတိုင်ခင်နဲ့ ရောင်းချပြီး ပြည်မ မပို့ခင်အချိန်/နေရာတွေပါ။
တရုတ်ဖက်ပိုးတွေ့ရင်တော့ သရက်သီး တရုတ်ကားတစီးအနည်းဆုံး တန်၂၀- အများဆုံး ၂၈တန် ကတော့ အဟောသိကံပါဘဲ။ ကုန်သည်မတူတွဲထားတဲ့ ခြင်းဆိုရင်လည်း တခြင်းတွေ့ရင် တစီးစာ မြေမြုတ်ပစ်တာပါ။
တတ်နိုင်သူတွေက စွန့်စားရတာ ကြိုက်တယ်။
စိန်ခေါ်မှုသည် အခွင့်အလမ်းတစ်ရပ်လို့ အမြင်ရှိသူတွေကို တရုတ်ဈေးကွက်ထဲ အရောက်ပို့ပေးမှာပါ။
ကြာမြင့်ချိန်ကြောင့် သစ်သီးရဲ့ခံနိုင်ရည်ကိုတော့ မည်သူမျှ အာမမခံနိုင်။ ဘာမဆိုရောင်းတဲ့ဈေးထဲ ရောင်းတန်းဝင်တဲ့ပစ္စည်းမှ ယွမ်ငွေဖြစ်မှာပါ။
ကိုယ့်ဖက်မှာ ကပ်ရောဂါကာလစည်းကမ်း တင်းကြပ်မှု ဖြေလျော့လာတာရှိပေမဲ့ တရုတ်ဖက်ကတော့ အထူးအရေးကြီးကိစ္စအဖြစ် ကိုင်တွယ်နေဆဲဆိုတာ သတိပေး ရေးသားတင်ပြလိုက်ပါတယ်။
မြန်မာတောင်သူများအဆင်ပြေကြပါစေ
မြသုခ
文章分类
联系我们
Email : | paukphawnews@gmail.com |
---|