Beauty and The Beast

2016-10-13 11:11:00
NML
Source:
Teeper.com
3916

မင္းသမီး Emma Watson ပါ၀င္သရုပ္ေဆာင္ထားေသာ Beauty and The Beast

Written by- Nay Min Lay


ဒစ္စေနး၏ေနာက္ဆုံးရိုက္ကူးထားေသာ “Beauty and The Beast” ဇာတ္ကားအား ၂၀၁၇ခုႏွစ္ မတ္လ ၁၇ ရက္ေန႔တြင္ ႏိုင္ငံတ၀ွမ္း၌ ရုံတင္ျပသေတာ့မည္ ျဖစ္သည္။ သို႔ေသာ္ လက္ရွိအခ်ိန္ထိ ရိုက္ကူးေရးအဖြဲ႕ မွာ သတင္း၊ ဗီဒီယို ႏွင့္ ဓာတ္ပုံေပါက္ၾကားမႈကို လြန္စြာ တင္းက်ပ္ထားေသာေၾကာင့္ Official Trailer ထဲတြင္ပင္ Emma Watson ၏ ဇာတ္ရုပ္ကို သိပ္မေတြ႕ရေပ။ ၄င္းတို႔ ဇာတ္ညႊန္းတိုက္ေနသည့္ ဗီဒီယိုႏွင့္ အဓိကဇာတ္ေဆာင္မင္းသား Dan Stevens ၏ ဓာတ္ပုံမ်ားသာ ထြက္ရွိခဲ့သည္။

 

ယခုေနာက္ဆုံးတြင္ေတာ့ ဇာတ္၀င္ခန္းဓာတ္ပုံသစ္မ်ား ထြက္ရွိခဲ့ၿပီး Emma Watson ၏ ဇာတ္ရုပ္ကိုလည္း ရႈစားႏိုင္ၿပီျဖစ္သည္။ ၿပီးခဲ့သည္႔ ေသာၾကာေန႔က ထိုဓာတ္ပုံမ်ားမွာ အင္တာနက္ေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့ျခင္းျဖစ္သည္။ ယခု ပုံမွာ အသက္၂၆ ႏွစ္ရွိၿပီျဖစ္ေသာ Emma Watson သရုပ္ေဆာင္ထားေသာ Belle မွာစာၾကည့္ခန္းတြင္ စာအုပ္ ယူေနပုံ ျဖစ္သည္။ ထိုပုံကိုၾကည့္ရုံျဖင့္ အဘယ္႔ေၾကာင့္ Emma Watson အား Belle ၏ဇာတ္ရုပ္အျဖစ္ ေရြးခ်ယ္ ရျခင္းကို အားလုံးသိနားလည္လိမ့္မည္ဟု ထင္ျမင္မိပါသည္။

 

ေနာက္တစ္ပုံမွာ ဇာတ္ေဆာင္မင္းသားနဲ႔မင္းသမီး အတူတကြ ကေနသည့္ ဇာတ္၀င္ခန္းဓာတ္ပုံျဖစ္သည္။ Emma ၏ ေခါင္းကိုတဖက္သို႔လွည့္ထားသည့္ပုံမွာ ကာတြန္းဇာတ္ရုပ္ႏွင့္ ယွဥ္ၾကည့္ပါက လြန္စြာအသက္၀င္ကာ ရသတစ္မ်ဳိးကို ခံစားေစမည္ျဖစ္သည္။

 

ထို႔ေၾကာင့္ Beauty And The Beast ကာတြန္းကားကို ႏွစ္သက္ၾကသူမ်ားသည္ ယခုလူသားဇာတ္ေကာင္မ်ားႏွင့္ ရိုက္ကူးထားသည့္ Beauty And The Beast ဇာတ္ကားကိုလည္း ၾကည့္ရႈခ်င္ပါက လာမည့္ႏွစ္ မတ္လ ပိုင္းတြင္ ေစာင့္ေမွ်ာ္ၾကည့္ရႈ အားေပးႏိုင္မည္ ျဖစ္သည္။

                                                                                   

Source – Teeper.com

 

Unicode Version:

 

မင်းသမီး Emma Watson ပါ၀င်သရုပ်ဆောင်ထားသော Beauty and The Beast

Written by- Nay Min Lay

 

ဒစ်စနေး၏နောက်ဆုံးရိုက်ကူးထားသော “Beauty and The Beast” ဇာတ်ကားအား ၂၀၁၇ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတဝှမ်း၌ ရုံတင်ပြသတော့မည် ဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ ရိုက်ကူးရေးအဖွဲ့ မှာ သတင်း၊ ဗီဒီယို နှင့် ဓာတ်ပုံပေါက်ကြားမှုကို လွန်စွာ တင်းကျပ်ထားသောကြောင့် Official Trailer ထဲတွင်ပင် Emma Watson ၏ ဇာတ်ရုပ်ကို သိပ်မတွေ့ရပေ။ ၄င်းတို့ ဇာတ်ညွှန်းတိုက်နေသည့် ဗီဒီယိုနှင့် အဓိကဇာတ်ဆောင်မင်းသား Dan Stevens ၏ ဓာတ်ပုံများသာ ထွက်ရှိခဲ့သည်။

 

ယခုနောက်ဆုံးတွင်တော့ ဇာတ်ဝင်ခန်းဓာတ်ပုံသစ်များ ထွက်ရှိခဲ့ပြီး Emma Watson ၏ ဇာတ်ရုပ်ကိုလည်း ရှုစားနိုင်ပြီဖြစ်သည်။ ပြီးခဲ့သည့် သောကြာနေ့က ထိုဓာတ်ပုံများမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ယခု ပုံမှာ အသက်၂၆ နှစ်ရှိပြီဖြစ်သော Emma Watson သရုပ်ဆောင်ထားသော Belle မှာစာကြည့်ခန်းတွင် စာအုပ် ယူနေပုံ ဖြစ်သည်။ ထိုပုံကိုကြည့်ရုံဖြင့် အဘယ့်ကြောင့် Emma Watson အား Belle ၏ဇာတ်ရုပ်အဖြစ် ရွေးချယ် ရခြင်းကို အားလုံးသိနားလည်လိမ့်မည်ဟု ထင်မြင်မိပါသည်။

 

နောက်တစ်ပုံမှာ ဇာတ်ဆောင်မင်းသားနဲ့မင်းသမီး အတူတကွ ကနေသည့် ဇာတ်ဝင်ခန်းဓာတ်ပုံဖြစ်သည်။ Emma ၏ ခေါင်းကိုတဖက်သို့လှည့်ထားသည့်ပုံမှာ ကာတွန်းဇာတ်ရုပ်နှင့် ယှဉ်ကြည့်ပါက လွန်စွာအသက်ဝင်ကာ ရသတစ်မျိုးကို ခံစားစေမည်ဖြစ်သည်။

 


ထို့ကြောင့် Beauty And The Beast ကာတွန်းကားကို နှစ်သက်ကြသူများသည် ယခု လူသား ဇာတ်ကောင်များနှင့် ရိုက်ကူးထားသည့် Beauty And The Beast ဇာတ်ကားကိုလည်း ကြည့်ရှုချင်ပါက လာမည့်နှစ် မတ်လ ပိုင်းတွင် စောင့်မျှော်ကြည့်ရှု အားပေးနိုင်မည် ဖြစ်သည်။

                                                                                   

Source – Teeper.com

Add a comment