ကမာၻတ၀န္း ေရပန္းစားေနေသာ PPAP သီခ်င္း

2016-10-06 11:11:00
NML
Source:
Teeper.com
2800

ကမာၻတ၀န္း ေရပန္းစားေနေသာ PPAP သီခ်င္း

Written by – Nay Min Lay

 

 

PPAP (Pen-Pineapple-Apple-Pen) ၄င္းသီခ်င္းဗီဒီယိုမွာ အင္တာနက္သုံးစြဲသူမ်ားကို အလြန္မင္း ဆြဲေဆာင္ ႏိုင္ခဲ့သည္။ အင္တာနက္တြင္လည္း ၄င္းသီခ်င္းအား အျခားပုံစံ မ်ားျဖင့္ ျပန္လည္ရိုက္ကူးသည္မွာ ျမန္မာႏိုင္ငံ တြင္သာမက အျခားႏိုင္ငံမ်ားတြင္ပါ ေတြ႕ျမင္ရမည္ျဖစ္သည္။ ၄င္းဗီဒီယိုမွာ ပီးခဲ့သည့္ ၈ လပိုင္း လကုန္ကမွ အင္တာနက္ေပၚသို႔ေရာက္ရွိခဲ့ျခင္းျဖစ္ၿပီး ၄င္းဗီဒီယိုထဲမွ သရုပ္ေဆာင္မွာ ဂ်ပန္လူမ်ဴိး ဟာသ သရုပ္ေဆာင္ Kazuhiko Kosaka ဖန္တီးထားေသာ ဟာသဇာတ္ေကာင္ Piko-Taro ျဖစ္သည္။

 

ယခုအခါ အသက္ ၄၀ ႏွစ္ရွိုၿပီျဖစ္ေသာ Piko သည္ လူမႈကြန္ရက္တစ္ခုျဖစ္ေသာ Twitter ၄င္း၏သီခ်င္း မည္သို႔ ျဖစ္လာပုံကို "အဲ့အခ်ိန္တုန္းက ကၽြန္ေတာ္ သာမာန္ပဲသီခ်င္းစပ္ေနတာပါပါးစပ္ကေန အလိုလို စည္းခ်က္္ျမန္ျမန္နဲ႔ ထြက္လာတာ" ဟုေျပာၾကားခဲ့သည္။ ၄င္းသီခ်င္းဗီဒီယိုကို လူႀကိဳက္မ်ားရျခင္း အေၾကာင္းမွာ လြယ္ကူေသာ စည္းခ်က္၊ ထူးဆန္းၿပီး မွတ္ရလြယ္ေသာ သီခ်င္းစာသား၊ ေနာက္ဆုံးတစ္ခ်က္မွာ လြယ္ကူစြာ သင္ယူႏိုင္ၿပီး ဟာသ ဆန္ေသာ ကကြက္မ်ားေၾကာင့္ ျဖစ္သည္။

 

အမွန္တကယ္တြင္ ၄င္းသီခ်င္းကို ဂ်ပန္မီဒီယာမ်ားက ထုတ္ျပန္ဖူးေသာ္လည္း ဂ်ပန္တြင္ အျခားေနရာမ်ားေလာက္ လူႀကိဳက္မမ်ားခဲ့ေပ။ You Tube ေပၚတြင္ ၄င္းဗီဒီယို ၾကည့္ရႈမႈ အႀကိမ္အေရအတြက္မွာ သိန္းေပါင္း၉၀ ျဖစ္သည္။ သို႔ေသာ္ အျခားလူမႈကြန္ယက္ မွ ၾကည့္ရႈအႀကိမ္ အေရအတြက္ ပါေပါင္းလိုက္မည္ဆိုပါက သိန္းေပါင္း ၅၀၀ ေက်ာ္ သြားမည္ျဖစ္သည္။ အခ်ဳိ႕ေသာသူမ်ားက PSY(Gamnam Style) ေနာက္တစ္ေယာက္ ျဖစ္လာမည္ ဟု ေျပာဆို ေနၾကသည္။


ဂ်ပန္မီဒီယာမ်ားက Piko-Taro ၏၀တ္စားပုံမွာ "One Piece" ကာတြန္းကားထဲမွ ဇာတ္ေကာင္ Kizaru ၏ ပုံစံကို အတုယူ ထားျခင္းျဖစ္သည္ ဟုေျပာၾကားထားသည္။

 

Piko-Taro က ၄င္း၏ ဗီဒီယိုအသစ္ ကိုမၾကာေသးခင္က You Tube ေပၚတြင္ ထပ္မံျပသခဲ့သည္။ ၄င္းဗီဒီယိုမွာ PPAP သီခ်င္းဗီဒီယို ထဲမွ ကကြက္ကို စနစ္တက် သင္ၾကားထားေသာ ဗီဒီယို ျဖစ္သည္။ စိတ္ပါ၀င္စားသူမ်ားလည္း ၄င္းဗီဒီယို အား You Tube ေပၚတြင္ရွာေဖြကာ သင္ယူႏိုင္ၿပီျဖစ္သည္။

 

Source – Teeper.com

 

Unicode Version:

 

ကမ္ဘာတဝန်း ရေပန်းစားနေသော PPAP သီချင်း

Written by – Nay Min Lay

 

PPAP (Pen-Pineapple-Apple-Pen) ၄င်းသီချင်းဗီဒီယိုမှာ အင်တာနက်သုံးစွဲသူများကို အလွန်မင်း ဆွဲဆောင် နိုင်ခဲ့သည်။ အင်တာနက်တွင်လည်း ၄င်းသီချင်းအား အခြားပုံစံ များဖြင့် ပြန်လည်ရိုက်ကူးသည်မှာ မြန်မာနိုင်ငံ တွင်သာမက အခြားနိုင်ငံများတွင်ပါ တွေ့မြင်ရမည်ဖြစ်သည်။ ၄င်းဗီဒီယိုမှာ ပြီးခဲ့သည့် ၈ လပိုင်း လကုန်ကမှ အင်တာနက်ပေါ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၄င်းဗီဒီယိုထဲမှ သရုပ်ဆောင်မှာ ဂျပန်လူမျိူး ဟာသ သရုပ်ဆောင် Kazuhiko Kosaka ဖန်တီးထားသော ဟာသဇာတ်ကောင် Piko-Taro ဖြစ်သည်။

 

ယခုအခါ အသက် ၄၀ နှစ်ရှိုပြီဖြစ်သော Piko သည် လူမှုကွန်ရက်တစ်ခုဖြစ်သော Twitter ၌ ၄င်း၏သီချင်း မည်သို့ ဖြစ်လာပုံကို "အဲ့အချိန်တုန်းက ကျွန်တော် သာမာန်ပဲသီချင်းစပ်နေတာပါ၊ ပါးစပ်ကနေ အလိုလို စည်းချက််မြန်မြန်နဲ့ ထွက်လာတာ" ဟုပြောကြားခဲ့သည်။ ၄င်းသီချင်းဗီဒီယိုကို လူကြိုက်များရခြင်း အကြောင်းမှာ လွယ်ကူသော စည်းချက်၊ ထူးဆန်းပြီး မှတ်ရလွယ်သော သီချင်းစာသား၊ နောက်ဆုံးတစ်ချက်မှာ လွယ်ကူစွာ သင်ယူနိုင်ပြီး ဟာသ ဆန်သော ကကွက်များကြောင့် ဖြစ်သည်။

 

အမှန်တကယ်တွင် ၄င်းသီချင်းကို ဂျပန်မီဒီယာများက ထုတ်ပြန်ဖူးသော်လည်း ဂျပန်တွင် အခြားနေရာများလောက် လူကြိုက်မများခဲ့ပေ။ You Tube ပေါ်တွင် ၄င်းဗီဒီယို ကြည့်ရှုမှု အကြိမ်အရေအတွက်မှာ သိန်းပေါင်း၉၀ ဖြစ်သည်။ သို့သော် အခြားလူမှုကွန်ယက် မှ ကြည့်ရှုအကြိမ် အရေအတွက် ပါပေါင်းလိုက်မည်ဆိုပါက သိန်းပေါင်း ၅၀၀ ကျော် သွားမည်ဖြစ်သည်။ အချို့သောသူများက PSY(Gamnam Style) နောက်တစ်ယောက် ဖြစ်လာမည် ဟု ပြောဆို နေကြသည်။

 

ဂျပန်မီဒီယာများက Piko-Taro ၏ဝတ်စားပုံမှာ "One Piece" ကာတွန်းကားထဲမှ ဇာတ်ကောင် Kizaru ၏ ပုံစံကို အတုယူ ထားခြင်းဖြစ်သည် ဟုပြောကြားထားသည်။

 

Piko-Taro က ၄င်း၏ ဗီဒီယိုအသစ် ကိုမကြာသေးခင်က You Tube ပေါ်တွင် ထပ်မံပြသခဲ့သည်။ ၄င်းဗီဒီယိုမှာ PPAP သီချင်းဗီဒီယို ထဲမှ ကကွက်ကို စနစ်တကျ သင်ကြားထားသော ဗီဒီယို ဖြစ်သည်။ စိတ်ပါ၀င်စားသူများလည်း ၄င်းဗီဒီယို အား You Tube ပေါ်တွင်ရှာဖွေကာ သင်ယူနိုင်ပြီဖြစ်သည်။

 

Source – Teeper.com

Add a comment