လမုန္႔ ပဲြေတာ္

2016-09-10 11:11:00
CPPM
Original 9234
Summary : တရုတ္လ 8 လ 15 ရက္ေန႔ တရုတ္ရုိးရာ ပြဲေတာ္ လမုန္႔ ပြဲေတာ္ ျဖစ္ပါတယ္။


လမုန္႔ ပဲြေတာ္ (သို႔ ) ခ်န္ေအာ္ လေပၚသို႔ ပ်ံသန္းျခင္း ႏွင့္ ဖူးစာေရးနတ္ ဖိုးဖိုးႀကီး ေမြးေန႔

ခ်ိဳျဖဴျဖဴျမင့္

 

တရုတ္လ 8 လ 15 ရက္ေန႔ တရုတ္ရုိးရာ ပြဲေတာ္ လမုန္႔ ပြဲေတာ္ ျဖစ္ပါတယ္။ တရုတ္ ရုိးရာပြဲေတာ္ ႀကီး 4 ခု (ေႏြဦး ပဲြေတာ္၊ သခ်ႋဳင္း ကန္ေတာ႔ပဲြ၊ ေလွေလွာ္ၿပိဳင္ပဲြ၊ လမုန္႔ပဲြေတာ္) ထဲတြင္ တစ္ခု အပါအ၀င္ ျဖစ္ပါတယ္။

 

တရုတ္ျပကၡဒိန္ အရ 7၊ 8၊ 9 လ ဒီ 3 လ အခ်ိန္အခါက ေဆာင္ဦးရာသီ ထဲမွာ ပါ၀င္ပါတယ္။ 8 လပိုင္းက ေဆာင္းဦး ရာသီ ရဲ႕ အလယ္ မွာ ရွိတဲ႔ လတစ္လ ျဖစ္ၿပီး 8 လ ပိုင္း 15 ရက္ က လည္း 8 လ ပိုင္း ရဲ႕ အလယ္ မွာ ရွိတဲ႔ ေန႔တစ္ေန႔ ျဖစ္ပါတယ္၊ ဒါေၾကာင့္မို႔ ဒီပြဲေတာ္ကို “ေဆာင္းဦးရာသီ-လလယ္ပဲြေတာ္” လို႔လည္း ေခၚဆိုပါတယ္။ အဲဒီရက္ မွာ တရုတ္လူမ်ိဳး ေတြဟာ လ ကိုရႈစားၿပီး လမုန္႔စားတဲ႔ အေလ႔အက်င္႔ေတြ ရွိပါတယ္၊ ပြဲေတာ္ရက္မွာ လ က ၀ိုင္းစက္ၿပီး ေနပါတယ္၊ ျပည့္စံုျခင္း စံုညီျခင္း နမိတ္ကို ယူၿပီး "စံုညီပြဲေတာ္ "လို႔ လည္း ေခၚဆို ပါေသးတယ္။

 

ေရွးယခင္ထဲက လ ႏွင့္ ပတ္သတ္ ၍ ဒ႑ာရီ ပံုျပင္ ေျမာက္ျမား စြာရွိပါတယ္ ဒီအထဲမွာ ”ခ်န္ေအာ္ လ ထံသို႔ ပ်ံသန္းျခင္း “ က နာမည္ ေက်ာ္ၾကားဆံုးပါပဲ။ ခ်န္ေအာ္ဟာ တရုတ္ ေရွးေဟာင္း ဒ႑ာရီ ပံုျပင္ထဲမွ ေန ကို ခြင္းတဲ႔ သူရဲေကာင္း ဟုတ္ရီ ရဲ႕ ဇနီး ျဖစ္ပါတယ္။  

 

ေရွးအခါက ေကာင္းကင္ေပၚမွာ ေနဆယ္စင္းက တၿပိဳင္နက္ ထြက္ေပၚလာခဲ႔ပါတယ္ ပူျပင္းလွတာေၾကာင့္ ေကာက္ပဲ သီးႏွံေတြဟာ ေျခာက္ေသြ႔ၿပီး ေသကုန္ ပါတယ္။ လူသားေတြဟာ ေနထိုင္ရတာ ပူျပင္းလြန္း ခက္ခဲလြန္းလွပါတယ္။ သူရဲေကာင္း ဟုတ္ရီက အတိဒုကေရာက္ေနေသာ ျပည္သူေတြကို မၾကည့္ရက္တာေၾကာင့္ ခြန္းလြန္ေတာင္ေပၚသို႔ တတ္ၿပီး ေနတစ္စီးကိုသာ ခ်န္ထားၿပီး က်န္ ေန၉စင္းကို ျပစ္ခ်ခဲ႔ၿပီးေနာက္ က်န္ေန တစီးကိုလည္း အခ်ိန္မွန္ ေန၀င္ ေနထြက္ ျပဳလုပ္ဖို႔ တာ၀န္ေပးခဲ႔ပါသည္။

 

အေနာက္မယ္ေတာ္ဟာ သူရဲေကာင္း ဟုတ္ရီကို မအိုမေသေဆး ခ်ီးျမွင့္ ခဲ႔ပါသည္။ ေဆးကို ေသာက္ၿပီးရင္ ေကာင္းကင္ေပၚကို ခ်က္ခ်င္း ပ်ံတတ္သြားၿပီး နတ္ျဖစ္သြားမယ္လို႔ ဆိုပါတယ္။ သူရဲေကာင္း ဟုတ္ရီသည္ ဇနီးသည္ကို မခ်န္ထားခဲ႔ရက္တာမို႔ သိမ္းထားဖို႔ အပ္ထားခဲ႔ပါတယ္။ ခ်န္ေအာ္ ဟာ ဗူးထဲမွာ ထည့္ၿပီး မွန္တင္ခံုထဲကို ထည့္လိုက္ပါတယ္၊ ဒါကို ဖုံမုန္လို႔ ေခၚေသာ လူကေတြ႔သြားၿပီး ခိုးစားဖို႔ ေခ်ာင္းေနပါတယ္။

 

ေနာက္ ၃ရက္ေလာက္ ေနေသာအခါ ဟုတ္ရီက အမဲလိုက္ သြားခဲ႔ပါတယ္။ ဖံုမုန္ က ေနမေကာင္းျခင္ ဟန္ေဆာင္ၿပီး လုိက္မသြားခဲ႔ပါဘူး။ ဟုတ္ရီတို႔ ထြက္သြားၿပီးသြားေနာက္မွာ ဖံုမုန္က ဟုတ္ရီ အိမ္ကို ဓားနဲ႔ ၀င္သြားၿပီး ခ်န္ေအာ္ကို ေဆးထုတ္ ေပးဖို႔ေတာင္းပါတယ္။ ခ်န္ေအာ္ဟာ ဖံုမုန္ ကို ဘယ္လိုမွ မယွဥ္ႏိုင္တဲ႔ အတြက္ ဗူးကို ဖြင့္ၿပီး တခါထည္း ၿမိဳခ်ခဲ႔ပါတယ္။ ခ်န္ေအာ္ ေဆးကို ၿမိဳခ်လိုက္တာနဲ႔ ခ်က္ခ်င္းပဲ ေျမျပင္မွ တျဖည္းျဖည္း ေ၀းကြာၿပီး ေကာင္းကင္ ေပၚကို တတ္သြားၿပီး လဗိမာန္ ဆီကို ေရာက္ရွိ သြားပါတယ္။  

 

ခ်န္ေအာ္ လေပၚကို ေရာက္ရွိသြားၿပီးေနာက္မွာ အိမ္ေနာက္ဖက္က ပန္းၿခံထဲမွာ ခ်န္ေအာ္ ႀကိဳက္ႏွစ္သက္တဲ႔ မႈန္႔ခ်ိဳ မ်ား၊ သစ္သီးမ်ားနဲ႔ ခင္းက်င္းၿပီး ဇနီးသည္ကို သတိရ ေအာင္းေမ႔ျခင္းကို ျပဳလုပ္ခဲ႔ပါတယ္။ ျပည္သူမ်ားကလည္း လေရာင္ေအာက္မွာ ခင္းက်င္းၿပီး စိတ္ရင္းေကာင္းလွတဲ႔ ခ်န္ေအာ္ က်န္းမာခ်မ္းသာပါေစေၾကာင္း ဆုေတာင္း ေမတၱာ ပို႔သၾကပါသည္။ တျဖည္းျဖည္းျခင္းျဖင့္ ဓေလ႔ထံုးစံ တစ္ခုျဖစ္လာခဲ႔ပါသည္။

 

ခ်န္ေအာ္ လဆီသို႔ ပ်ံသန္းျခင္း  ာရီပံုျပင္ လိုပါပဲ ေနာက္ထပ္ လျပည့္ညနဲ႔ သက္ဆိုင္ေသာ  ာရီပံုျပင္ တစ္ပုဒ္ ရွိပါေသးတယ္။ အဲဒါကေတာ႔ ဖူးစာေရးနတ္ ဖိုးဖိုးႀကီး ဖူးစာ တြဲဆက္ျခင္းပါပဲ။

 

တန္မင္းဆက္ အခ်ိန္တြင္ ေဝကု ဆိုေသာ လူတစ္ေယာက္ ရွိေလသည္။ စုန္႔ခ်ိန္ကို သြားေသာ လမ္းခရီးတြင္ နေဘး တြင္ ထူးဆန္းေသာ အိတ္ကိုခ် လေရာင္ေအာက္တြင္ စာဖတ္ေနေသာ ထူးဆန္းေသာ အဖိုးအို တစ္ေယာက္ကို ေတြ႔႐ွိခဲ့သည္။ ထိုအခါ ေ၀ကုက အဖိုးအိုကို ေမးပါတယ္ ဘာစာအုပ္ကို ဖတ္ေနၿပီး အိတ္ထဲက ဘာေတြလည္းလို႔ ေမးပါတယ္။ ထိုအခါ အဖိုးအိုက ကြၽန္ပ္သည္ ေလာက၌ ႐ွိေသာ ခ်စ္သူတို႔၏ ဖူးစာေရး တိုက္ဆိုင္ျခင္းႏွင့္ စစ္ေဆးျခင္းကို ျပဳလုပ္ေနပါသည္။ ေရစက္သာရွိလွ်င္ ရန္သူျဖစ္ေနအံုးေတာ႔၊ မိုင္ေပါင္းမ်ားစြာ ကြာေ၀းရင္ေတာင္မွ သူ ဖူးစာေရး ႀကိဳးနီေလးနဲ႔သာ ေျခေထာက္ ႏွစ္ဖက္ကို ဆက္သြယ္ ေပးလိုက္မယ္ဆိုရင္ ေသခ်ာေပါက္ ဖူးစာ ဆက္သြယ္ၿပီး ေပါင္းသင္း ျဖစ္ပါလိမ္႔မယ္။ တ႐ုတ္ ဆိုရုိး စကားတစ္ခြန္း ရွိပါတယ္ ပ႒ာန္းဆက္ ေရစက္႐ွိခဲ႔လွ်င္ မိုင္ေပါင္း ေထာင္ခ်ီ ေဝးကြာ ေနသည့္တိုင္ ဆက္ႏြယ္ေနလိမ့္မည္။

 

ထူးဆန္းေသာ အဖိုးအို ေျပာေသာ စကားမ်ားကို ေဝကုသည္ နားေထာင္ၿပီးေနာက္ သူ၏ ဖူးစာဖက္ ဇနီးေလာင္း မည္သူပါလဲ၊ မည္သည့္ အရပ္တြင္ ႐ွိေနပါသလဲ ဆိုတာကို သိခ်င္လာခဲ႔တယ္။ အဖိုးအိုက ပစၥည္းမ်ားကို သိမ္းစည္း ၿပီး ေစ်းဖက္ကို ထြက္ခြာသြားေတာ႔တယ္။ ကုေ၀ လည္း ေနာက္ကေန လိုက္သြားခဲ႔တယ္။ ေစ်းထဲမွာ မ်က္စိႏွစ္ဘက္ စံုကြယ္ေနေသာ အဖြားအို တစ္ေယာက္ ၃ ႏွစ္သမီး တစ္ေယာက္ကို ခ်ီလာတာ ေတြ႔ေတာ႔ အဖိုးအိုက လက္ညွိး ထိုးၿပီး ဒါမွမင္း ဖူးစာရွင္ အခု ၃ ႏွစ္ သမီးေလးပဲ ရွိေသးတယ္လို႔ ေျပာပါတယ္။ ကုေ၀ က စိတ္ဆိုးၿပီး ေနာင္ သူရဲ႕ ဖူးစာရွင္ အိမ္ေထာင္ဖက္ မျဖစ္ေအာင္လို႔ အိမ္က အခိုင္းအေစကို ေစလြတ္ၿပီး သတ္ခိုင္းပါတယ္။ သတ္ခိုင္းတဲ႔ သူကလည္း ဓားနဲ႔ တစ္ခ်က္ထိုးၿပီး ထြက္ေျပး သြားခဲ႔ပါတယ္။

 

အခ်ိန္ကာလ ကုန္လြန္တာ ျမန္ဆန္လွပါတယ္ တခဏတာ အတြင္းမွာ ၁၄ ႏွစ္တာ ကုန္ဆံုး သြားခဲ႔ပါတယ္။ ေ၀ကု လည္း စိတ္တိုင္းက် ဖူးစာရွင္ ရွာေတြ႔သြားခဲ႔ပါၿပီ။ အိမ္ေထာင္ဖက္ ကေတာ႔ ၿမိဳ႕ေတာ္၀န္ ဝမ္ထိုက္ ခ်စ္သမီးေလးပါ လူကလည္း အလြန္ေခ်ာေမာ လွပပါတယ္၊ အျပစ္ေျပာစရာဆိုလို႔ မ်က္ခံုး အလယ္၌ ဒဏ္ရာ ႐ွိေနပါတယ္။ ေ၀ကု က ထူးဆန္းေသာေၾကာင့္ ဒဏ္ရာ အေၾကာင္း စံုစမ္းေမးျမန္းရာ  ေယာက္ခမ ၿမိဳ႕ေတာ္၀န္က စုန္႔ခ်ိန္မွာ ေနထိုင္စဥ္ လြန္ခဲ႔ေသာ ၁၄ ႏွစ္က အိမ္ေဖာ္အမ်ိဳးသမီး ကေလးကို ေပြ႕ခ်ီ ေစ်းသြားစဥ္က အေၾကာင္းမဲ့ သက္သက္ ဓားျဖင့္ ထိုးသြားၿပီး ကံေကာင္းေသာေၾကာင့္ အသက္ မေသခဲ႔ေသာ္လည္း ဓားဒဏ္ရာ က်န္ခဲ႔ေၾကာင္းကို ျပန္လည္ ေျပာျပပါသည္။

 

ေ၀ကု နားေထာင္ၿပီးေနာက္ လြန္ခဲ႔ေသာ ၁၄ နွစ္က မိမိလုပ္ရပ္ကို ျပန္လည္ သတိရၿပီး ဒါဆိုရင္ အိမ္ေဖာ္ အမ်ိဳးသမီးႀကီး မ်က္စိမျမင္တဲ႔သူ ဟုတ္ပါသလားလို႔ ေမးျမန္းပါတယ္၊ ၿမိဳ႕ေတာ္၀န္ႀကီး သမက္ မ်က္ႏွာကို ၾကည့္ၿပီး အံၾသသြားပါတယ္။ ဟုတ္ပါတယ္ မ်က္မျမင္ပါ၊ ဘယ္လိုသိပါသလဲလို႔ျပန္ေမးပါတယ္။

 

ေ၀ကု လည္း အျဖစ္အပ်က္မ်ားကို တိုက္ဆိုင္ စစ္ေဆးၾကည့္ၿပီး အံၾသမဆံုး ျဖစ္ရပါတယ္။ လြန္ခဲ႔ေသာ ၁၄ ႏွစ္က သူကိုယ္တိုင္ သတ္ခိုင္းေသာ ကေလးငယ္ ျဖစ္သည္ကို သိရခဲ့သည္။ ထိုအခ်ိန္မွ ေဝကုသည္ ပ႒ာန္းဆက္ ႐ွိေသာ ေၾကာင့္ မလြန္ဆန္ႏိုင္ဘဲ အၾကင္လင္မယား ျဖစ္ရသည္ကို နားလည္ခဲ့သည္။ လူေတြကလည္း ၄င္းသတင္းေၾကာင့္ ဖူးစာေရးနတ္ကို ယံုၾကည္ၾကၿပီး လရိပ္ေအာက္က ဖူးစာေရးနတ္ အဖိုးအို ဟု ေခၚဆိုၾကပါသည္။

 

ဖူးစာေရးနတ္၏ ေမြးေန႔ ပူေဇာ္ျခင္းကို ေဝကုႏွင့္ ေတြ႔ဆံုေသာ တ႐ုတ္ ၈လပိုင္း လျပည့္ေန႔ဟု သတ္မွတ္ ကိုးကြယ္ခဲ့ ၾကသည္။ အဖိုးအိုအား အိမ္ေထာင္ဖက္ ရ႐ွိရန္သြားေရာက္ ဆုေတာင္းခဲ႔ ၾကသည္။ လမုန္႔မ်ား၊ ခ်ိဳခ်ဥ္ ခဲဖြယ္မ်ားျဖင့္ ကန္ေတာ့ၾကသည္။

 

ဒီႏွစ္ရဲ႕ပဲြေတာ္ရက္ ကေတာ႔ 15.9.2016 ၾကာသပေတးေန႔ မွာ က်ေရာက္ပါတယ္။

 

Unicode Version:

 

လမုန့် ပွဲတော် (သို့ ) ချန်အော် လပေါ်သို့ ပျံသန်းခြင်း နှင့် ဖူးစာရေးနတ် ဖိုးဖိုးကြီး မွေးနေ့

ချိုဖြူဖြူမြင့်

 

တရုတ်လ 8 လ 15 ရက်နေ့ တရုတ်ရိုးရာ ပွဲတော် လမုန့် ပွဲတော် ဖြစ်ပါတယ်။ တရုတ် ရိုးရာပွဲတော် ကြီး 4 ခု (နွေဦး ပွဲတော်၊ သချႋုင်း ကန်တော့ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ လမုန့်ပွဲတော်) ထဲတွင် တစ်ခု အပါအဝင် ဖြစ်ပါတယ်။

 

တရုတ်ပြက္ခဒိန် အရ 7၊ 8၊ 9 လ ဒီ 3 လ အချိန်အခါက ဆောင်ဦးရာသီ ထဲမှာ ပါ၀င်ပါတယ်။ 8 လပိုင်းက ဆောင်းဦး ရာသီ ရဲ့ အလယ် မှာ ရှိတဲ့ လတစ်လ ဖြစ်ပြီး 8 လ ပိုင်း 15 ရက် က လည်း 8 လ ပိုင်း ရဲ့ အလယ် မှာ ရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီပွဲတော်ကို “ဆောင်းဦးရာသီ-လလယ်ပွဲတော် လို့လည်း ခေါ်ဆိုပါတယ်။ အဲဒီရက် မှာ တရုတ်လူမျိုး တွေဟာ လ ကိုရှုစားပြီး လမုန့်စားတဲ့ အလေ့အကျင့်တွေ ရှိပါတယ်၊ ပွဲတော်ရက်မှာ လ က ၀ိုင်းစက်ပြီး နေပါတယ်၊ ပြည့်စုံခြင်း စုံညီခြင်း နမိတ်ကို ယူပြီး "စုံညီပွဲတော် "လို့ လည်း ခေါ်ဆို ပါသေးတယ်။

 

ရှေးယခင်ထဲက လ နှင့် ပတ်သတ် ၍ ဒဏ္ဍာရီ ပုံပြင် မြောက်မြား စွာရှိပါတယ် ဒီအထဲမှာ ”ချန်အော် လ ထံသို့ ပျံသန်းခြင်း “ က နာမည် ကျော်ကြားဆုံးပါပဲ။ ချန်အော်ဟာ တရုတ် ရှေးဟောင်း ဒဏ္ဍာရီ ပုံပြင်ထဲမှ နေ ကို ခွင်းတဲ့ သူရဲကောင်း ဟုတ်ရီ ရဲ့ ဇနီး ဖြစ်ပါတယ်။ 

 

ရှေးအခါက ကောင်းကင်ပေါ်မှာ နေဆယ်စင်းက တပြိုင်နက် ထွက်ပေါ်လာခဲ့ပါတယ် ပူပြင်းလှတာကြောင့် ကောက်ပဲ သီးနှံတွေဟာ ခြောက်သွေ့ပြီး သေကုန် ပါတယ်။ လူသားတွေဟာ နေထိုင်ရတာ ပူပြင်းလွန်း ခက်ခဲလွန်းလှပါတယ်။ သူရဲကောင်း ဟုတ်ရီက အတိဒုက္ခ ရောက်နေသော ပြည်သူတွေကို မကြည့်ရက်တာကြောင့် ခွန်းလွန်တောင်ပေါ်သို့ တတ်ပြီး နေတစ်စီးကိုသာ ချန်ထားပြီး ကျန် နေ၉စင်းကို ပြစ်ချခဲ့ပြီးနောက် ကျန်နေ တစီးကိုလည်း အချိန်မှန် နေဝင် နေထွက် ပြုလုပ်ဖို့ တာဝန်ပေးခဲ့ပါသည်။

 

အနောက်မယ်တော်ဟာ သူရဲကောင်း ဟုတ်ရီကို မအိုမသေဆေး ချီးမြှင့် ခဲ့ပါသည်။ ဤဆေးကို သောက်ပြီးရင် ကောင်းကင်ပေါ်ကို ချက်ချင်း ပျံတတ်သွားပြီး နတ်ဖြစ်သွားမယ်လို့ ဆိုပါတယ်။ သူရဲကောင်း ဟုတ်ရီသည် ဇနီးသည်ကို မချန်ထားခဲ့ရက်တာမို့ သိမ်းထားဖို့ အပ်ထားခဲ့ပါတယ်။ ချန်အော် ဟာ ဗူးထဲမှာ ထည့်ပြီး မှန်တင်ခုံထဲကို ထည့်လိုက်ပါတယ်၊ ဒါကို ဖုံမုန်လို့ ခေါ်သော လူကတွေ့သွားပြီး ခိုးစားဖို့ ချောင်းနေပါတယ်။

 

နောက် ၃ရက်လောက် နေသောအခါ ဟုတ်ရီက အမဲလိုက် သွားခဲ့ပါတယ်။ ဖုံမုန် က နေမကောင်းခြင် ဟန်ဆောင်ပြီး လိုက်မသွားခဲ့ပါဘူး။ ဟုတ်ရီတို့ ထွက်သွားပြီးသွားနောက်မှာ ဖုံမုန်က ဟုတ်ရီ အိမ်ကို ဓားနဲ့ ၀င်သွားပြီး ချန်အော်ကို ဆေးထုတ် ပေးဖို့တောင်းပါတယ်။ ချန်အော်ဟာ ဖုံမုန် ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့ အတွက် ဗူးကို ဖွင့်ပြီး တခါထည်း မြိုချခဲ့ပါတယ်။ ချန်အော် ဆေးကို မြိုချလိုက်တာနဲ့ ချက်ချင်းပဲ မြေပြင်မှ တဖြည်းဖြည်း ဝေးကွာပြီး ကောင်းကင် ပေါ်ကို တတ်သွားပြီး လဗိမာန် ဆီကို ရောက်ရှိ သွားပါတယ်။  

 

ချန်အော် လပေါ်ကို ရောက်ရှိသွားပြီးနောက်မှာ အိမ်နောက်ဖက်က ပန်းခြံထဲမှာ ချန်အော် ကြိုက်နှစ်သက်တဲ့ မှုန့်ချို များ၊ သစ်သီးများနဲ့ ခင်းကျင်းပြီး ဇနီးသည်ကို သတိရ အောင်းမေ့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများကလည်း လရောင်အောက်မှာ ခင်းကျင်းပြီး စိတ်ရင်းကောင်းလှတဲ့ ချန်အော် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သကြပါသည်။ တဖြည်းဖြည်းခြင်းဖြင့် ဓလေ့ထုံးစံ တစ်ခုဖြစ်လာခဲ့ပါသည်။

 

ချန်အော် လဆီသို့ ပျံသန်းခြင်း  ဒဏ္ဍာရီပုံပြင် လိုပါပဲ နောက်ထပ် လပြည့်ညနဲ့ သက်ဆိုင်သော  ဒဏ္ဍာရီပုံပြင် တစ်ပုဒ် ရှိပါသေးတယ်။ အဲဒါကတော့ ဖူးစာရေးနတ် ဖိုးဖိုးကြီး ၏ ဖူးစာ တွဲဆက်ခြင်းပါပဲ။

 

တန်မင်းဆက် အချိန်တွင် ဝေကု ဆိုသော လူတစ်ယောက် ရှိလေသည်။ စုန့်ချိန်ကို သွားသော လမ်းခရီးတွင် နဘေး တွင် ထူးဆန်းသော အိတ်ကိုချ၍ လရောင်အောက်တွင် စာဖတ်နေသော ထူးဆန်းသော အဖိုးအို တစ်ယောက်ကို တွေ့ရှိခဲ့သည်။ ထိုအခါ ဝေကုက အဖိုးအိုကို မေးပါတယ် ဘာစာအုပ်ကို ဖတ်နေပြီး အိတ်ထဲက ဘာတွေလည်းလို့ မေးပါတယ်။ ထိုအခါ အဖိုးအိုက ကျွန်ပ်သည် လောက၌ ရှိသော ချစ်သူတို့၏ ဖူးစာရေး တိုက်ဆိုင်ခြင်းနှင့် စစ်ဆေးခြင်းကို ပြုလုပ်နေပါသည်။ ရေစက်သာရှိလျှင် ရန်သူဖြစ်နေအုံးတော့၊ မိုင်ပေါင်းများစွာ ကွာဝေးရင်တောင်မှ သူ ဖူးစာရေး ကြိုးနီလေးနဲ့သာ ခြေထောက် နှစ်ဖက်ကို ဆက်သွယ် ပေးလိုက်မယ်ဆိုရင် သေချာပေါက် ဖူးစာ ဆက်သွယ်ပြီး ပေါင်းသင်း ဖြစ်ပါလိမ့်မယ်။ တရုတ် ဆိုရိုး စကားတစ်ခွန်း ရှိပါတယ် ပဋ္ဌာန်းဆက် ရေစက်ရှိခဲ့လျှင် မိုင်ပေါင်း ထောင်ချီ ဝေးကွာ နေသည့်တိုင် ဆက်နွယ်နေလိမ့်မည်။

 

ထူးဆန်းသော အဖိုးအို ပြောသော စကားများကို ဝေကုသည် နားထောင်ပြီးနောက် သူ၏ ဖူးစာဖက် ဇနီးလောင်း မည်သူပါလဲ၊ မည်သည့် အရပ်တွင် ရှိနေပါသလဲ ဆိုတာကို သိချင်လာခဲ့တယ်။ အဖိုးအိုက ပစ္စည်းများကို သိမ်းစည်း ပြီး စျေးဖက်ကို ထွက်ခွာသွားတော့တယ်။ ကုဝေ လည်း နောက်ကနေ လိုက်သွားခဲ့တယ်။ စျေးထဲမှာ မျက်စိနှစ်ဘက် စုံကွယ်နေသော အဖွားအို တစ်ယောက် ၃ နှစ်သမီး တစ်ယောက်ကို ချီလာတာ တွေ့တော့ အဖိုးအိုက လက်ညှိး ထိုးပြီး ဒါမှမင်း ဖူးစာရှင် အခု ၃ နှစ် သမီးလေးပဲ ရှိသေးတယ်လို့ ပြောပါတယ်။ ကုဝေ က စိတ်ဆိုးပြီး နောင် သူရဲ့ ဖူးစာရှင် အိမ်ထောင်ဖက် မဖြစ်အောင်လို့ အိမ်က အခိုင်းအစေကို စေလွတ်ပြီး သတ်ခိုင်းပါတယ်။ သတ်ခိုင်းတဲ့ သူကလည်း ဓားနဲ့ တစ်ချက်ထိုးပြီး ထွက်ပြေး သွားခဲ့ပါတယ်။

 

အချိန်ကာလ ကုန်လွန်တာ မြန်ဆန်လှပါတယ် တခဏတာ အတွင်းမှာ ၁၄ နှစ်တာ ကုန်ဆုံး သွားခဲ့ပါတယ်။ ဝေကု လည်း စိတ်တိုင်းကျ ဖူးစာရှင် ရှာတွေ့သွားခဲ့ပါပြီ။ အိမ်ထောင်ဖက် ကတော့ မြို့တော်ဝန် ဝမ်ထိုက်၏ ချစ်သမီးလေးပါ လူကလည်း အလွန်ချောမော လှပပါတယ်၊ အပြစ်ပြောစရာဆိုလို့ မျက်ခုံး အလယ်၌ ဒဏ်ရာ ရှိနေပါတယ်။ ဝေကု က ထူးဆန်းသောကြောင့် ဒဏ်ရာ အကြောင်း စုံစမ်းမေးမြန်းရာ  ယောက်ခမ မြို့တော်ဝန်က စုန့်ချိန်မှာ နေထိုင်စဉ် လွန်ခဲ့သော ၁၄ နှစ်က အိမ်ဖော်အမျိုးသမီး ကလေးကို ပွေ့ချီ စျေးသွားစဉ်က အကြောင်းမဲ့ သက်သက် ဓားဖြင့် ထိုးသွားပြီး ကံကောင်းသောကြောင့် အသက် မသေခဲ့သော်လည်း ဓားဒဏ်ရာ ကျန်ခဲ့ကြောင်းကို ပြန်လည် ပြောပြပါသည်။

 

ဝေကု နားထောင်ပြီးနောက် လွန်ခဲ့သော ၁၄ နှစ်က မိမိ၏ လုပ်ရပ်ကို ပြန်လည် သတိရပြီး ဒါဆိုရင် အိမ်ဖော် အမျိုးသမီးကြီး မျက်စိမမြင်တဲ့သူ ဟုတ်ပါသလားလို့ မေးမြန်းပါတယ်၊ မြို့တော်ဝန်ကြီး သမက် မျက်နှာကို ကြည့်ပြီး အံသြသွားပါတယ်။ ဟုတ်ပါတယ် မျက်မမြင်ပါ၊ ဘယ်လိုသိပါသလဲလို့ပြန်မေးပါတယ်။

 

ဝေကု လည်း အဖြစ်အပျက်များကို တိုက်ဆိုင် စစ်ဆေးကြည့်ပြီး အံသြမဆုံး ဖြစ်ရပါတယ်။ လွန်ခဲ့သော ၁၄ နှစ်က သူကိုယ်တိုင် သတ်ခိုင်းသော ကလေးငယ် ဖြစ်သည်ကို သိရခဲ့သည်။ ထိုအချိန်မှ ဝေကုသည် ပဋ္ဌာန်းဆက် ရှိသော ကြောင့် မလွန်ဆန်နိုင်ဘဲ အကြင်လင်မယား ဖြစ်ရသည်ကို နားလည်ခဲ့သည်။ လူတွေကလည်း ၄င်းသတင်းကြောင့် ဖူးစာရေးနတ်ကို ယုံကြည်ကြပြီး လရိပ်အောက်က ဖူးစာရေးနတ် အဖိုးအို ဟု ခေါ်ဆိုကြပါသည်။

 

ဖူးစာရေးနတ်၏ မွေးနေ့ ပူဇော်ခြင်းကို ဝေကုနှင့် တွေ့ဆုံသော တရုတ် ၈လပိုင်း လပြည့်နေ့ဟု သတ်မှတ် ကိုးကွယ်ခဲ့ ကြသည်။ အဖိုးအိုအား အိမ်ထောင်ဖက် ရရှိရန်သွားရောက် ဆုတောင်းခဲ့ ကြသည်။ လမုန့်များ၊ ချိုချဉ် ခဲဖွယ်များဖြင့် ကန်တော့ကြသည်။

 

ဒီနှစ်ရဲ့ပွဲတော်ရက် ကတော့ 15.9.2016 ကြာသပတေးနေ့ မှာ ကျရောက်ပါတယ်။

 

 

Add a comment