တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားဖမ်းဆီးရမိ

2020-08-11 00:27:00
fitc MyoTheinKo
Original 56
Summary : ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးတွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိ

 

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားအနီးတွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်ပေါ် တံတားအနီး၊ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီး မှတစ်ဆင့် မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများဝင်ရောက်မှု မရှိစေရေး ရှာဖွေစစ်ဆေးနေစဉ် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မူဆယ်မှ ကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်အသစ်လေးစီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ကျား ၃ ဦးနှင့် ၎င်းတို့အား ဥပဒေမဲ့ အခကြေးငွေဖြင့် ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသားတစ်ဦး တို့အား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

 

အဆိုပါ တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသား ကျား ၃ ဦး၊ မြန်မာနိုင်ငံသား ၁ ဦးနှင့် ဆိုင်ကယ် ၄ စီးတို့အား ဥပဒေအရ ဆက်လက်အရေးယူရန် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

မျိုးသိမ်းကို

Add a comment