မန္တလေးတိုင်း ကိုယ်စားလှယ်လောင်းစာရင်း

2020-08-10 18:23:00
fitc SC
Original 101
Summary : ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီး၌ အရွေးချယ်ခံရန် ပါတီ(၂၀)က ကိုယ်စားလှယ်လောင်း (၅၂၈)ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၆)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၅၄၄)ဦး အမည်စာရင်း တင်သွင်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ကိုယ်စားလှယ်လောင်း (၅၄၄)ဦး အမည်စာရင်း တင်သွင်း

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီး၌ အရွေးချယ်ခံရန် ပါတီ(၂၀)က ကိုယ်စားလှယ်လောင်း (၅၂၈)ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၆)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၅၄၄)ဦး အမည်စာရင်း တင်သွင်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းတင်သွင်းကြရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က (၉၅)ဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)က (၉၅)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က (၉၄)ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)က (၉၄)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက (၄၅)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) က (၃၂)ဦး၊ ပြည်သူ့ပါတီ(PP)က (၁၈)ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) က (၁၀)ဦး၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက (၁၀)ဦး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ()ဦး၊ ဝံသာနုဒီမိုကရက်တစ်ပါတီက ()ဦး၊ အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီက ()ဦး၊ တအောင်း(ပလောင်)အမျိုးသားပါတီက ()ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေး)က ()ဦး၊ အမျိုးသားတိုးတက်ရေးပါတီက ()ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ()ဦး၊ အခြေခံလူတန်းစားဘဝမြင့်တင်ရေးပါတီက ()ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ()ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရစီအဖွဲ့ချုပ်ပါတီက ()ဦး၊ အမျိုးသားညီညွှတ်ရေးကွန်ဂရက်ပါတီက ()ဦး၊ တစ်သီးပုဂ္ဂလ (၁၆)ဦး တင်သွင်းထားကြသည်။

 

အဆိုပါကိုယ်စားလှယ်လောင်း တင်သွင်းမှုများကို ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်၍ စိစစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

ရှမ်းချန်

Add a comment