မုံရွာ Fever Clinic ပါဝင်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြု

2020-08-10 18:10:00
fitc Zanhtooko
Original 60
Summary : မြန်မာနိုင်ငံဆရာဝန်အသင်းခွဲ (မုံရွာ)မှ မုံရွာမြို့တွင်ဖွင့်လှစ်ခဲ့သော Fever Clinic တွင် ပါဝင်ထမ်းဆောင်ခဲ့ကြသူများ ဂုဏ်ပြုပွဲကို သြဂုတ်လ (၈)ရက် မွန်းလွဲ(၂)နာရီက ဆရာဝန်အသင်း(မုံရွာ)တွင် ကျင်းပပြုလုပ်သည်။

မုံရွာမြို့တွင်ဖွင့်လှစ်ခဲ့သော Fever Clinic တွင် ပါဝင်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြု

 

မြန်မာနိုင်ငံဆရာဝန်အသင်းခွဲ (မုံရွာ)မှ မုံရွာမြို့တွင်ဖွင့်လှစ်ခဲ့သော Fever Clinic တွင် ပါဝင်ထမ်းဆောင်ခဲ့ကြသူများ ဂုဏ်ပြုပွဲကို သြဂုတ်လ ()ရက် မွန်းလွဲ()နာရီက ဆရာဝန်အသင်း(မုံရွာ)တွင် ကျင်းပပြုလုပ်သည်။

 

Fever Clinic တွင် ပါဝင်ထမ်းဆောင်ခဲ့ကြသော ဆရာဝန်များ၊ ဖျားနာအထူးကုဆရာဝန်ကြီး၊ သင်တန်းကျောင်းမှ သင်တန်းဆရာဆရာမများ၊ Save Monywa အဖွဲ့၊ လူငယ်စင်တာ၊ စည်ပင်သာယာဌာန၊ Aqua သောက်ရေသန့်၊ Rescue အဖွဲ့နှင့် ပရဟိတအဖွဲ့များကို ဂုဏ်ပြုခဲ့သည်။

 

ဂုဏ်ပြုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်အသင်း အလုပ်မှုဆောင်အဖွဲ့ ကိုယ်စားလှယ်များက ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရ စပို့ရှပ်များ ပေးအပ်သည်။

 

ဆရာဝန်အသင်းခွဲ(မုံရွာ)သို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကျပ်သိန်း(၃၀၀)အလှူရှင် မုံရွာမြို့မှ ဦးကျန်ညွန့်+ဒေါ်နန်းဇင်မာဝင်း မိသားစုကို ဆရာဝန်အသင်း(မုံရွာ)ကိုယ်စား လူမှုရေးရေဝန်ကြီးက ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။ ထို့ပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် လူစုခြင်း အကန့်အသတ်ရှိ၍ အခြားအလှုရှင်များအတွက် ဂုဏ်ပြုလက်မှတ်များကို အိမ်တိုင်ယာရောက် ပို့ပေးကြမည်ဖြစ်သည်။

 

Fever Clinic (မုံရွာ) ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး ဇေယျာလူမှုထူးချွန် ဒုတိယအဆင့် သတ်မှတ်ပေးထားသည်။

 

ဆရာဝန်အသင်း(မုံရွာ)မှ အိုးဘိုတောင်ဆေးရုံ ကလေးဆောင်သို့ အောက်စီဂျင်စက်ဝယ်ယူရေးအတွက် ကျပ်(၂၅)သိန်းနှင့် ဒေါက်တာမောင်မောင်စိုးမှ ကျပ်( )သိန်းလှူဒါန်းရာ ဆရာဝန်အသင်း(မုံရွာ) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်မြင့်သိန်းက ကလေးဆောင်ကိုယ်စား လက်ခံပေးခဲ့သည်။

 

စျာန်ထူးကို

Add a comment