မြန်မာ-တရုတ်နှစ်နိုင်ငံ သဝဏ်လွှာ အပြန်အလှန်ပေးပို့

2020-06-08 21:47:00
fitc Ko Khant
Original 286
Summary : တရုတ်သမ္မတ Xi Jinping နှင့် မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်၊ ဝန်ကြီးချုပ် Li Keqiang နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့်မြောက် အခါသမယတွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့

- Unicode -

[တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့်]

 

တရုတ်သမ္မတ Xi Jinping နှင့် မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်၊ ဝန်ကြီးချုပ် Li Keqiang နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့်မြောက် အခါသမယတွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့

 

တရုတ်သမ္မတ Xi Jinping နှင့် မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်တို့သည် ဇွန်လ ရက်နေ့တွင် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့်အတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ပါသည်။

 

သမ္မတXi Jinping က သဝဏ်လွှာတွင် လွန်ခဲ့သည့် နှစ် ၇၀ အတွင်း၌ တရုတ်-မြန်မာ အစဉ်အလာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ကျောက်တုံးကြီးသဖွယ်ခိုင်ခံ့ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တက်လာပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုလည်း နက်နဲလာသဖြင့် နှစ်နိုင်ငံပြည်သူအတွက် အကျိုးစီးပွားများသယ်ပိုးပေးလျက်ရှိကြောင်း၊ လတ်တလောတွင် နှစ်ဦးနှစ်ဖက်တို့သည် COVID-19 တိုက်ဖျက်ရေးလုပ်ငန်းပေါ်တွင် အပြန်အလှန်ကူညီဖေးမ၍ အေးအတူပူအမျှဖြစ်သော တရုတ်-မြန်မာအသိုက်အဝန်းစိတ်ဓာတ်ကို ဖော်ပြထားပါကြောင်း၊ ယခုနှစ်ဇန်နဝါရီလတွင် မိမိသည် အဆွေတော်နိုင်ငံသို့ တရားဝင်ခရီးအလည်အပတ်ရောက်ရှိခဲ့ပြီး မျက်မှောက်ခေတ်၌ အေးအတူပူအျှ တရုတ်-မြန်မာအသိုက်ဝန်း တည်ထောင်ရေးနှင့်ပတ်သက်ပြီး အဆွေတော်နှင့် သဘောတူညီမှုရရှိခဲ့၍ နှစ်နိုင်ငံဆက်ဆံရေးကို အခန်းကဏ္ဍသစ်သို့ တက်လှမ်းဝင်ရောက်အောင် အတူတကွ တွန်းအားပေးလိုက်ကြောင်း ပြောကြားခဲ့ပါသည်။

 

သမ္မတ Xi Jinping က လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးသည် အနှစ်တစ်ရာတောင်မှ မကြုံစဖူးဖြစ်သော အပြောင်းအလဲကြီးနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးသည် အတိတ်က အစဉ်အလာကောင်းကိုဆက်ခံ၍ အနာဂတ် ကဏ္ဍသစ်ကိုဖွင့်လှစ်သော အရေးကြီးကာလ၌ တည်ရှိနေကြောင်း၊ မိမိသည် တရုတ်-မြန်မာဆက်ဆံရေးကို ကြီးမြင့်စွာအလေးထား၍ အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်းထူထောင်ရေးအပေါ်မူတည်ပြီး အဆင့်မြင့် ကူးလူးဆက်ဆံမှုကို မြှင့်တင်ခြင်း၊ နိုင်ငံရေးပိုင်း အပြန်အလှန်ယုံကြည်မှု ခိုင်မြဲစေခြင်း၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူလူထုအား အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ အပေါင်းအဖော်ကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်းအဖြစ် အမြဲတမ်းပေါင်းသင်းဆက်ဆံစေရန် အဆွေတော်နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

 

သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာတွင် တရုတ်နိုင်ငံတွင် (၁၃) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်တို့ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုကို ဂုဏ်ပြုဝမ်းမြောက်ကြောင်း၊ မြန်မာနိုင်ငံအတွက် COVID-19 ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွန်းအားပေးရေးအတွက် အဖိုးတန်လှသည့် ကူညီပံ့ပိုးပေးမှုနှင့် အင်တိုက်အားတိုက် ထောက်ခံအားပေးမှုများကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်သည့် အချိန်တွင် မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရန်ဆုံးဖြတ်ခဲ့ကြကြောင်း၊ မြန်မာ-တရုတ်ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများသည်လည်း ကဏ္ဍပေါင်းစုံတွင် ကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် Li Keqiang နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ပါသည်။ ဝန်ကြီးချုပ် Li Keqiang က သဝဏ်လွှာတွင် လက်ရှိအခြေအနေသစ်အောက်တွင် တရုတ်ဘက်သည် မြန်မာဘက်နှင့်အတူ နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကထား၍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကို လျင်မြန်စွာချိတ်ဆက်ဆောင်ရွက်ပြီး “Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို နက်ရှိုင်းတိကျစွာ ထူထောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် “Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူပြည်သားများအတွက် အကျိုးစီးပွားဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆတက်ထမ်းပိုး တိုးတက်ခိုင်မာသွားစေဖို့ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

Credit: မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

 

- Zawgyi -

[တ႐ုတ္-ျမန္မာ သံတမန္ဆက္ဆံေရး ႏွစ္ (၇၀)ျပည့္]

 

တ႐ုတ္သမၼတ Xi Jinping ႏွင့္ ျမန္မာႏိုင္ငံသမၼတ ဦးဝင္းျမင့္၊ ဝန္ႀကီးခ်ဳပ္ Li Keqiang ႏွင့္ ျမန္မာႏိုင္ငံ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔သည္ တ႐ုတ္-ျမန္မာသံတမန္ဆက္ဆံေရးထူေထာင္သည့္ ႏွစ္ (၇၀) ျပည့္ေျမာက္ အခါသမယတြင္ ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာမ်ား အျပန္အလွန္ေပးပို႔

 

တ႐ုတ္သမၼတ Xi Jinping ႏွင့္ ျမန္မာႏိုင္ငံသမၼတ ဦးဝင္းျမင့္တို႔သည္ ဇြန္လ ၈ ရက္ေန႔တြင္ တ႐ုတ္-ျမန္မာသံတမန္ဆက္ဆံေရးထူေထာင္သည့္ ႏွစ္ (၇၀) ျပည့္အတြက္ ဝမ္းေျမာက္ေၾကာင္းသဝဏ္လႊာမ်ား အျပန္အလွန္ေပးပို႔ခဲ့ပါသည္။

 

သမၼတXi Jinping က သဝဏ္လႊာတြင္ လြန္ခဲ့သည့္ ႏွစ္ ၇၀ အတြင္း၌ တ႐ုတ္-ျမန္မာ အစဥ္အလာ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးသည္ စိန္ေခၚမႈအမ်ိဳးမ်ိဳးႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရေသာ္လည္း ေက်ာက္တုံးႀကီးသဖြယ္ခိုင္ခံ့ပါေၾကာင္း၊ ႏွစ္ႏိုင္ငံဆက္ဆံေရး ျမႇင့္တက္လာၿပီး က႑ေပါင္းစုံပူးေပါင္းေဆာင္႐ြက္မႈလည္း နက္နဲလာသျဖင့္ ႏွစ္ႏိုင္ငံျပည္သူအတြက္ အက်ိဳးစီးပြားမ်ားသယ္ပိုးေပးလ်က္ရွိေၾကာင္း၊ လတ္တေလာတြင္ ႏွစ္ဦးႏွစ္ဖက္တို႔သည္ COVID-19 တိုက္ဖ်က္ေရးလုပ္ငန္းေပၚတြင္ အျပန္အလွန္ကူညီေဖးမ၍ ေအးအတူပူအမွ်ျဖစ္ေသာ တ႐ုတ္-ျမန္မာအသိုက္အဝန္းစိတ္ဓာတ္ကို ေဖာ္ျပထားပါေၾကာင္း၊ ယခုႏွစ္ဇန္နဝါရီလတြင္ မိမိသည္ အေဆြေတာ္ႏိုင္ငံသို႔ တရားဝင္ခရီးအလည္အပတ္ေရာက္ရွိခဲ့ၿပီး မ်က္ေမွာက္ေခတ္၌ ေအးအတူပူအွ် တ႐ုတ္-ျမန္မာအသိုက္ဝန္း တည္ေထာင္ေရးႏွင့္ပတ္သက္ၿပီး အေဆြေတာ္ႏွင့္ သေဘာတူညီမႈရရွိခဲ့၍ ႏွစ္ႏိုင္ငံဆက္ဆံေရးကို အခန္းက႑သစ္သို႔ တက္လွမ္းဝင္ေရာက္ေအာင္ အတူတကြ တြန္းအားေပးလိုက္ေၾကာင္း ေျပာၾကားခဲ့ပါသည္။

 

သမၼတ Xi Jinping က လက္ရွိအခ်ိန္တြင္ တစ္ကမာၻလုံးသည္ အႏွစ္တစ္ရာေတာင္မွ မႀကဳံစဖူးျဖစ္ေသာ အေျပာင္းအလဲႀကီးႏွင့္ ရင္ဆိုင္ေနရေၾကာင္း၊ တ႐ုတ္-ျမန္မာဆက္ဆံေရးသည္ အတိတ္က အစဥ္အလာေကာင္းကိုဆက္ခံ၍ အနာဂတ္ က႑သစ္ကိုဖြင့္လွစ္ေသာ အေရးႀကီးကာလ၌ တည္ရွိေနေၾကာင္း၊ မိမိသည္ တ႐ုတ္-ျမန္မာဆက္ဆံေရးကို ႀကီးျမင့္စြာအေလးထား၍ ေအးအတူပူအမွ် တ႐ုတ္-ျမန္မာအသိုက္အဝန္းထူေထာင္ေရးအေပၚမူတည္ၿပီး အဆင့္ျမင့္ ကူးလူးဆက္ဆံမႈကို ျမႇင့္တင္ျခင္း၊ ႏိုင္ငံေရးပိုင္း အျပန္အလွန္ယုံၾကည္မႈ ခိုင္ၿမဲေစျခင္း၊ က႑ေပါင္းစုံ ပူးေပါင္းေဆာင္႐ြက္မႈ နက္ရႈိင္းေစျခင္းႏွင့္ ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတြင္ ညႇိႏႈိင္းေဆာင္႐ြက္ျခင္းျဖင့္ ႏွစ္ႏိုင္ငံျပည္သူလူထုအား အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြေကာင္း၊ အေပါင္းအေဖာ္ေကာင္း၊ ေဆြမ်ိဳးေပါက္ေဖာ္ေကာင္းအျဖစ္ အၿမဲတမ္းေပါင္းသင္းဆက္ဆံေစရန္ အေဆြေတာ္ႏွင့္အတူ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အေလးထားေျပာၾကားခဲ့ပါသည္။

 

သမၼတ ဦးဝင္းျမင့္က သဝဏ္လႊာတြင္ တ႐ုတ္ႏိုင္ငံတြင္ (၁၃) ႀကိမ္ေျမာက္ အမ်ိဳးသားျပည္သူ႔ကြန္ဂရက္ႏွင့္ တ႐ုတ္ျပည္သူ႔ ႏိုင္ငံေရးအတိုင္ပင္ခံကြန္ဖရင့္တို႔ ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့မႈကို ဂုဏ္ျပဳဝမ္းေျမာက္ေၾကာင္း၊ ျမန္မာႏိုင္ငံအတြက္ COVID-19 ကပ္ေရာဂါကာကြယ္တိုက္ဖ်က္ေရးႏွင့္ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈတြန္းအားေပးေရးအတြက္ အဖိုးတန္လွသည့္ ကူညီပံ့ပိုးေပးမႈႏွင့္

Add a comment