ကိုဗစ်အလွန် မြန်မာ့စီးပွားမြှင့်တင်ရေး ဖိုရမ် ကျင်းပ

2020-06-08 18:43:00
fitc Ko Khant
Original 322
Summary : မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် “ကိုဗစ်အလွန် မြန်မာ့စီးပွားမြှင့်တင်ရေးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး” အွန်လိုင်းဖိုရမ်ကို ဇွန်လ (၈)ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စတင်ကျင်းပသည်။

[Unicode]

ကိုဗစ်အလွန် မြန်မာ့စီးပွားမြှင့်တင်ရေးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး အွန်လိုင်းဖိုရမ် ကျင်းပ

 

မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ်ကိုဗစ်အလွန် မြန်မာ့စီးပွားမြှင့်တင်ရေးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေး အွန်လိုင်းဖိုရမ်ကို ဇွန်လ ()ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စတင်ကျင်းပသည်။

 

အဆိုပါအွန်လိုင်းဖိုရမ်အား မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်းများ အသင်းဝင်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ Think Tank အဖွဲ့ဝင် သုတေသနပညာရှင် ဦးခင်မောင်စိုးနှင့် မစန်းစန်းဝင်းတို့က Moderator အဖြစ် ဆောင်ရွက်ကြသည်။

 

“သမ္မတရှီကျင့်ဖျင်က “တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်တဲ့ သမိုင်းရေစီးကြောင်းသည် မြစ်ဖျားခံရာတူညီတဲ့ တရုတ်နိုင်ငံမှ လန်ချန်းမြစ်နဲ့ မြန်မာနိုင်ငံမှ ဧရာဝတီမြစ်အတိုင်း တောတောင်အထပ်ထပ်ကို ဖြတ်သန်း၍ အခက်အခဲများကို ကျော်လွှားကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံမှ ရှေးခေတ် နာမည်ကြီး ကဗျာဆရာကြီး Du Fu ရဲ့ကဗျာထဲမှာ “အသက် (၇၀)ရှိသူများသည် ရှေးခေတ်ကတည်းက ရှားပါးတယ်”လို့ ရေးသားထားတယ်။ နှစ်ပေါင်းထောင်ချီသမိုင်းရေစီးကြောင်းကို ဖြတ်ကျော်လာခဲ့တဲ့ တရုတ်- မြန်မာဆက်ဆံရေး အတွက်တော့ နှစ်(၇၀)ပြည့် တရုတ်-မြန်မာဆက်ဆံရေးသည် နေမင်းကြီးဆီသို့ ပြေးလွှားနေတဲ့ လူငယ်တစ်ယောက်နဲ့တူပြီး အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ယုံကြည်ချက်အပြည့်ရှိနေပါတယ်။ ကျွန်တော် သည် အားလုံးနဲ့ လက်ချင်းတွဲကာ အတူတကွ ကြိုးစားသွားမယ်။ မတူတဲ့နယ်ပယ်မှာ နှစ်နိုင်ငံမိတ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားပေးပြီး အလားအလာကောင်းများစွာရှိတဲ့ တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် ပံ့ပိုးသွားပါမယ်” ဟု မန္တလေးမြို့ရုံးစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Mr. Chen Chen (ဦးခင်စိန်)က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

 

 ဖိုရမ်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)  ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ယူနန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် Mr. Li Chenyang (မြန်မာအမည် ဒေါက်တာကျော်ဝင်း) အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ တရုတ်ပညာတော်သင်များအသင်း ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်သန်းထွန်း (ကျော်သန်းထွန်း-ကန်တုန်)၊ မြန်မာနိုင်ငံ မဟာဗျူဟာလေ့လာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန တွဲဖက်အတွင်းရေးမှူး() ဦးခင်မောင်လင်း၊ တိုင်းရင်းဆေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးကျော်သိန်းဌေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်း၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်၊ မန္တလေးတိုင်း‌‌‌ဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးပိုမြင့်၊ စာရေးဆရာ ဦးခင်မောင်နှင်း (ကျောက်ပန်းတောင်း) မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိကြီး၊ ယူနန်တက္ကသိုလ် မြန်မာ့ရေးရာသုတေသနဌာန ဌာနမှူး Mr. Kong Peng (မြန်မာအမည် ဦးဇော်သူရ) ရတနာပုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်မိုးသူဇာ တို့က သတ်မှတ်အချိန်အလိုက် အစီအစဉ်အတိုင်း အသီးသီး ဆွေးနွေးကြောင်း သိရသည်။

 

ကိုခန့်

 

 

[Zawgyi]

“ကိုဗစ္အလြန္ ျမန္မာ့စီးပြားျမႇင့္တင္ေရးႏွင့္ ျမန္မာ-တ႐ုတ္ခ်စ္ၾကည္ေရး” အြန္လိုင္းဖိုရမ္ က်င္းပ

 

ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ႏွစ္(၇၀)ျပည့္ အထိမ္းအမွတ္အျဖစ္ “ကိုဗစ္အလြန္ ျမန္မာ့စီးပြားျမႇင့္တင္ေရးႏွင့္ ျမန္မာ-တ႐ုတ္ခ်စ္ၾကည္ေရး” အြန္လိုင္းဖိုရမ္ကို ဇြန္လ (၈)ရက္ နံနက္ ၈ နာရီ ၃၀ မိနစ္တြင္ စတင္က်င္းပသည္။

 

အဆိုပါအြန္လိုင္းဖိုရမ္အား မႏၲေလးတိုင္းေဒသႀကီး ျမန္မာ-တ႐ုတ္ ခ်စ္ၾကည္ေရးအသင္းႏွင့္ မႏၲေလးၿမိဳ႕အေျခစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္႐ုံးတို႔မွ ဦးစီးက်င္းပျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ ႏိုင္ငံေရးသိပၸံ ေက်ာင္းသားေဟာင္းမ်ား အသင္းဝင္၊ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ Think Tank အဖြဲ႕ဝင္ သုေတသနပညာရွင္ ဦးခင္ေမာင္စိုးႏွင့္ မစန္းစန္းဝင္းတို႔က Moderator အျဖစ္ ေဆာင္႐ြက္ၾကသည္။

 

“သမၼတရွီက်င့္ဖ်င္က “တ႐ုတ္-ျမန္မာခ်စ္ၾကည္ရင္းႏွီးစြာ ကူးလူးဆက္ဆံမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ ဖြံ႕ၿဖိဳးတိုးတက္တဲ့ သမိုင္းေရစီးေၾကာင္းသည္ ျမစ္ဖ်ားခံရာတူညီတဲ့ တ႐ုတ္ႏိုင္ငံမွ လန္ခ်န္းျမစ္နဲ႔ ျမန္မာႏိုင္ငံမွ ဧရာဝတီျမစ္အတိုင္း ေတာေတာင္အထပ္ထပ္ကို ျဖတ္သန္း၍ အခက္အခဲမ်ားကို ေက်ာ္လႊားကာ ေရွ႕သို႔ အရွိန္အဟုန္ျဖင့္ ဆက္လက္ခ်ီတက္ေနပါတယ္။” လို႔ ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံမွ ေရွးေခတ္ နာမည္ႀကီး ကဗ်ာဆရာႀကီး Du Fu ရဲ႕ကဗ်ာထဲမွာ “အသက္ (၇၀)ရွိသူမ်ားသည္ ေရွးေခတ္ကတည္းက ရွားပါးတယ္”လို႔ ေရးသားထားတယ္။ ႏွစ္ေပါင္းေထာင္ခ်ီသမိုင္းေရစီးေၾကာင္းကို ျဖတ္ေက်ာ္လာခဲ့တဲ့ တ႐ုတ္- ျမန္မာဆက္ဆံေရး အတြက္ေတာ့ ႏွစ္(၇၀)ျပည့္ တ႐ုတ္-ျမန္မာဆက္ဆံေရးသည္ ေနမင္းႀကီးဆီသို႔ ေျပးလႊားေနတဲ့ လူငယ္တစ္ေယာက္နဲ႔တူၿပီး အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္နဲ႔ ယုံၾကည္ခ်က္အျပည့္ရွိေနပါတယ္။ ကြၽန္ေတာ္ သည္ အားလုံးနဲ႔ လက္ခ်င္းတြဲကာ အတူတကြ ႀကိဳးစားသြားမယ္။ မတူတဲ့နယ္ပယ္မွာ ႏွစ္ႏိုင္ငံမိတ္ဖက္အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ တြန္းအားေပးၿပီး အလားအလာေကာင္းမ်ားစြာရွိတဲ့ တ႐ုတ္-ျမန္မာဆက္ဆံေရး ဖြံ႕ၿဖိဳးတိုး တက္မႈအတြက္ ပံ့ပိုးသြားပါမယ္” ဟု မႏၲေလးၿမိဳ႕႐ုံးစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ေကာင္စစ္ဝန္႐ုံး ေကာင္စစ္ဝန္ခ်ဳပ္ Mr. Chen Chen (ဦးခင္စိန္)က အဖြင့္အမွာစကားတြင္ ထည့္သြင္းေျပာၾကားသည္။

 

 ဖိုရမ္တြင္ ျမန္မာ-တ႐ုတ္ ခ်စ္ၾကည္ေရးအသင္း (ဗဟို)  ဥကၠ႒ ဦးစိန္ဝင္းေအာင္၊ ယူနန္တကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ Mr. Li Chenyang (ျမန္မာအမည္ ေဒါက္တာေက်ာ္ဝင္း)၊ အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသိန္းဝင္း၊ တ႐ုတ္ပညာေတာ္သင္မ်ားအသင္း ဥကၠ႒ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေက်ာ္သန္းထြန္း (ေက်ာ္သန္းထြန္း-ကန္တုန္)၊ ျမန္မာႏိုင္ငံ မဟာဗ်ဴဟာေလ့လာေရးႏွင့္ ႏိုင္ငံတကာ ဆက္ဆံေရးဌာန တြဲဖက္အတြင္းေရးမႉး(၁) ဦးခင္ေမာင္လင္း၊ တိုင္းရင္းေဆးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ (ၿငိမ္း) ဦးေက်ာ္သိန္းေဌး၊ ရန္ကုန္စီးပြားေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာတင္ဝင္း၊ ရတနာပုံတကၠသိုလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာေမာင္ေမာင္ႏိုင္၊ မႏၲေလးတိုင္း‌ေဒသႀကီး ျမန္မာ-တ႐ုတ္ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ ဦးပိုျမင့္၊ စာေရးဆရာ ဦးခင္ေမာင္ႏွငး (ေက်ာက္ပန္းေတာင္း)၊ မႏၲေလးတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာမိမိႀကီး၊ ယူနန္တကၠသိုလ္ ျမန္မာ့ေရးရာသုေတသနဌာန ဌာနမႉး Mr. Kong Peng (ျမန္မာအမည္ ဦးေဇာ္သူရ)၊ ရတနာပုံတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင္မိုးသူဇာ တို႔က သတ္မွတ္အခ်ိန္အလိုက္ အစီအစဥ္အတိုင္း အသီးသီး ေဆြးေႏြးေၾကာင္း သိရသည္။

 

ကိုခန႔္

Add a comment