ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဓာတ်ပုံဆုရွေးချယ်

2020-06-07 10:59:00
fitc Ko Khant
Original 545
Summary : မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နှစ်(၇၀)ခရီး” ဓာတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ ဆုရွေးချယ်ခြင်းအား ဇွန်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။

[Unicode]

“ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နှစ်(၇၀)ခရီး” ဓာတ်ပုံပြိုင်ပွဲ ဆုရွေးချယ်ပြီးစီး

 

မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တို့ပူးပေါင်းကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နှစ်(၇၀)ခရီး” ဓာတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ ဆုရွေးချယ်ခြင်းအား ဇွန်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

ပြိုင်ပွဲတွင် ဓာတ်ပုံပေါင်း ၈၉ ပုံပါဝင်ယှဉ်ပြိုင်ကြပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း တွဲဖက်အတွင်းရေးမှုး ဦးခင်မောင်ချို၏ ကြီးကြပ်မှုဖြင့် အကဲဖြတ်ဓာတ်ပုံပညာရှင်များဖြစ်သည့် ဒေါက်တာမောင်မောင်ကြီး၊ ဦးဖရင်ကီထွန်းတင်၊ ညောင်ဦးသန်းဌေး တို့က အကောင်းဆုံးဓာတ်ပုံ(၁၀)ပုံ ရွေးချယ်ရာ မန္တလေးမှ ၆ ဦး၊ ရန်ကုန်မှ ၃ ဦး၊ တရုတ်နိုင်ငံမှ ၁ ဦးဆုရရှိကြသည်။

 

အကောင်းဆုံး ၁၀ ပုံဆုရရှိသူများမှာ ဝေဖြိုးအောင်၊ အောင်မြင့်ထွေး၊ ဟယ်လင်၊ မဖြူအေးပွင့် (မေစံပယ်လေး)၊ ဟိန်းလင်းထက်၊ ကျော်သူရ၊ ရဲလင်းထွန်း၊ ကိုမြင့်သန်း (ငွေကြယ်မင်း)၊ ပြည့်ဖြိုးအောင်၊ Mr. Li Win Chao တို့ဖြစ်ကြပြီး ဆုရတစ်ဦးလျှင် တစ်သိန်းကျပ်နှင့် ဂုဏ်ပြုကဒ်ပြား ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

 

 

ကိုခန့်

[Zawgyi]

“ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရး ႏွစ္(၇၀)ခရီး” ဓာတ္ပုံၿပိဳင္ပြဲ ဆုေ႐ြးခ်ယ္ၿပီးစီး

 

မႏၲေလးတိုင္းေဒသႀကီး ျမန္မာ-တ႐ုတ္ခ်စ္ၾကည္ေရးအသင္းႏွင့္ မႏၲေလးၿမိဳ႕အေျခစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး တို႔ပူးေပါင္းက်င္းပသည့္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ဆံေရး ႏွစ္(၇၀)ျပည့္ အထိမ္းအမွတ္ “ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရး ႏွစ္(၇၀)ခရီး” ဓာတ္ပုံ ဖိတ္ေခၚၿပိဳင္ပြဲ ဆုေ႐ြးခ်ယ္ျခင္းအား ဇြန္လ ၆ ရက္ေန႔က က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

 

ၿပိဳင္ပြဲတြင္ ဓာတ္ပုံေပါင္း ၈၉ ပုံပါဝင္ယွဥ္ၿပိဳင္ၾကၿပီး ျမန္မာ-တ႐ုတ္ခ်စ္ၾကည္ေရးအသင္း တြဲဖက္အတြင္းေရးမႈး ဦးခင္ေမာင္ခ်ိဳ၏ ႀကီးၾကပ္မႈျဖင့္ အကဲျဖတ္ဓာတ္ပုံပညာရွင္မ်ားျဖစ္သည့္ ေဒါက္တာေမာင္ေမာင္ႀကီး၊ ဦးဖရင္ကီထြန္းတင္၊ ေညာင္ဦးသန္းေဌး တို႔က အေကာင္းဆုံးဓာတ္ပုံ(၁၀)ပုံ ေ႐ြးခ်ယ္ရာ မႏၲေလးမွ ၆ ဦး၊ ရန္ကုန္မွ ၃ ဦး၊ တ႐ုတ္ႏိုင္ငံမွ ၁ ဦးဆုရရွိၾကသည္။

 

အေကာင္းဆုံး ၁၀ ပုံဆုရရွိသူမ်ားမွာ ေဝၿဖိဳးေအာင္၊ ေအာင္ျမင့္ေထြး၊ ဟယ္လင္၊ မျဖဴေအးပြင့္ (ေမစံပယ္ေလး)၊ ဟိန္းလင္းထက္၊ ေက်ာ္သူရ၊ ရဲလင္းထြန္း၊ ကိုျမင့္သန္း (ေငြၾကယ္မင္း)၊ ျပည့္ၿဖိဳးေအာင္၊ Mr. Li Win Chao တို႔ျဖစ္ၾကၿပီး ဆုရတစ္ဦးလွ်င္ တစ္သိန္းက်ပ္ႏွင့္ ဂုဏ္ျပဳကဒ္ျပား ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။

 

ကိုခန႔္

Add a comment