Mr. Zhang WenHong နှင့်တွေ့ဆုံခြင်း (၃)

2020-05-15 18:29:00
fitc ANT,ZML
Original 550
Summary : နောက်ထပ်ကတော့ စိုးရိမ်ကြောင့်လန့်မှု မရှိရဘူး။ ဘာများစိုးရိမ်ကြောက်လန့်စရာ ရှိလို့လဲ။ အသဲအသန်ရောဂါဖြစ်တဲ့ထဲမှာ လူငယ်တွေ ၁၅ ရာခိုင်နှုန်းတောင် မရှိဘူး။ ဟုတ်လား။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက် ကျွန်တော်ခင်ဗျားကို ပြောပြမယ်။ ဘယ်အချိန်မှာ ဘာကိုမှဂရုမစိုက်ဘဲ ဆေးရုံကို တိုက်ရိုက်သွားသင့်သလဲ။ ဘယ်အချိန် ICU ခန်းသွားလုနေသင့်သလဲ။ အသက်ရှူဌာနမှာ နေရသည်ပဲဖြစ်ဖြစ် ကူးစက်ရောဂါကုသဌာနမှာ နေရသည်ပဲဖြစ်ဖြစ်။ ပြောချင်တာကတော့ အဲ့အချိန်က မိမိကိုယ်မိမိ အသက်ရှူကျပ်တယ်လို့ ခံစားလာရတဲ့အချိန်ပဲ။ ရောဂါပြင်းထန်တဲ့သူနဲ့ ရောဂါမပြင်းထန်တဲ့သူရဲ့ ကွာခြားချက်က အသက်ရှူကျပ်ခြင်းပဲဖြစ်တယ်။

[Unicode]

ရှန်ဟိုင်းရောဂါကုသရေးအထူးအဖွဲ့ အဖွဲ့ခေါင်းဆောင် Hua Shan ဆေးရုံ ကူးစက်ရောဂါဌာန ဌာနမှူး Mr. Zhang WenHong နှင့်တွေ့ဆုံခြင်း (၃)

 

ပါမောက္ခ Zhang -

ဒီနေ့ ကျွန်တော်တို့ မနက်ပိုင်းက အခန်းတွေစစ်သေးတယ်။ ကျွန်တော် jing shang ကနေပြေးလာတာ။ ပြီးတော့ jing shang ကနေ hua shang သွားပြီးကြိုဆိုတယ်။ Jing shang က ကျွန်တော်တို့ရဲ့ ဗဟိုဆေးရုံကြီးပါ။ အခုဒီကိုပြေးလာခဲ့တာ။ ဒါတွေက ကျနော်နေ့တိုင်းလုပ်နေတဲ့ အလုပ်တွေပါပဲ။ ဒီနေ့မနက်ပိုင်းတစ်ပိုင်းလုံး၊ မနက်ကတည်းက ဒီ jing shang ဗဟိုဆေးရုံကြီးမှာပဲ ကျွန်တော်တို့ကိစ္စရပ်တစ်ခုကို ဆွေးနွေးကြတယ်။

 

ကျွန်တော်တို့ရဲ့ လူငယ်ဆရာဝန်တွေနဲ့ပြောတယ်။ ဒီရောဂါကို ဒီအခြေအနေပေါ်ရောက်အောင် ကုသနေပြီဆိုတော့ အချိန်တိုင်းမှာ ကုသမှုပေးရန်အတွက် အဆင့်သင့်ရှိနေရမယ်။ အဲဒါကအဓိကပဲ။ ဒါပေမဲ့အရေးကြီးတာကတော့ ကျွန်တော်တို့ဆရာဝန်တွေက လူနာတွေကို ရောဂါဘေးမှ ကျော်လွှားသွားနိုင်အောင် ကူညီပေးရမယ်။ ဒါဆိုရင် မင်းစဉ်းစားကြည့် လူနာကိုယ်တိုင် အိမ်မှာပဲရှိမယ်ဆိုရင် ဘယ်သူက သူ့ကိုရောဂါဘေးမှ ကျော်လွှားသွားအောင် ကူညီမှာလဲ။ မိသားစုက သူ့ကိုကူညီပေးမယ်။ သူကိုယ်တိုင် ကျော်လွှားသွားနိုင်မယ်။ ဒါကြောင့်မလို့ ရောဂါဘေးကနေ ကျော်လွှားသွားဖို့က အဓိကပဲ။ နောက်ဆုံး လူနာက ဘယ်လိုကျော်လွှားသွားမှာလဲ။ သူ့မှာလုံလောက်တဲ့ အာဟာရ ရှိရမှာ။ ကိုယ့်ဘာဘာဟင်းချိုရည်ကျိုချက် သောက်ခြင်းဖြင့်လည်း ရောဂါဘေးကနေကျော်လွှားသွားနိုင်တယ်။ အတိုချုံ့ပြောရမယ်ဆိုရင် အာဟာရပြည့်ဝမှုက ရောဂါဘေးကနေ ကျော်လွှားသွားနိုင်တယ်။  ဒါကတော့အဓိကပဲ။ ဒီမှာ ကျွန်တော်က ခင်ဗျားတို့ကို ပြောပြလို့ရတာကတော့ ပြည့်ဝတဲ့အနားယူမှုရှိရမယ်။

 

နောက်ထပ်ရောဂါဘေးကနေ ကျော်လွှားသွားရမယ်။ နောက်ထပ်ကတော့ စိုးရိမ်ကြောင့်လန့်မှု မရှိရဘူး။ ဘာများစိုးရိမ်ကြောက်လန့်စရာ ရှိလို့လဲ။ အသဲအသန်ရောဂါဖြစ်တဲ့ထဲမှာ လူငယ်တွေ ၁၅ ရာခိုင်နှုန်းတောင် မရှိဘူး။ ဟုတ်လား။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက် ကျွန်တော်ခင်ဗျားကို ပြောပြမယ်။ ဘယ်အချိန်မှာ ဘာကိုမှဂရုမစိုက်ဘဲ ဆေးရုံကို တိုက်ရိုက်သွားသင့်သလဲ။ ဘယ်အချိန် ICU ခန်းသွားလုနေသင့်သလဲ။ အသက်ရှူဌာနမှာ နေရသည်ပဲဖြစ်ဖြစ် ကူးစက်ရောဂါကုသဌာနမှာ နေရသည်ပဲဖြစ်ဖြစ်။ ပြောချင်တာကတော့ အဲ့အချိန်က မိမိကိုယ်မိမိ အသက်ရှူကျပ်တယ်လို့ ခံစားလာရတဲ့အချိန်ပဲ။ ရောဂါပြင်းထန်တဲ့သူနဲ့ ရောဂါမပြင်းထန်တဲ့သူရဲ့ ကွာခြားချက်က အသက်ရှူကျပ်ခြင်းပဲဖြစ်တယ်။

 

ဒါဆိုရင် မင်းမေးလိမ့်မယ် ကျွန်တော်အသက်ရှူကျပ်တယ်ဆိုတာ ကျွန်တော်ဘယ်လိုသိနိုင်မှာလဲ။ ကျွန်တော်ဒီရောဂါရပြီလို့ ခံစားရတာနဲ့ အသက်ရှူကျပ်တော့တာပဲ။ ဟုတ်လား၊ မဟုတ်ဘူးလား။ ဒါမျိုးမဟုတ်ဘူး။ ခင်ဗျား လမ်းဆက်တိုက်လျှောက်နိုင်သလားဆိုတာ ကြည့်ရမယ်။ ခင်ဗျားမီတာ ၂၀၀ လမ်းလျှောက်တာ မောပန်းမှုရှိသလား။ မီတာ ၂၀၀ လမ်းလျှောက်နေချိန် လက်ထဲမှာတောင် ပစ္စည်းကိုင်ပြီးတော့ လျှောက်နိုင်မယ်။ အကယ်၍ ခင်ဗျားက တိုက်ခန်းအမြင့်မှာနေတာဆိုရင် ပထမအထပ်ကနေ ဒုတိယအထပ်ထိ ကြားထဲမှာမနားပဲ တက်နိုင်သလား။ ပထမအထပ်ကနေ ဒုတိယကထပ်ကို တက်ဖို့ ယေဘုယျအားဖြင့် လှေကားထစ်နှစ်ကွေ့ရှိတယ်။ တက်ပြီးကွေ့တဲ့အချိန်မှာ မနားရဘူး။ ပထမအထပ်ကနေ ဒုတိယအထပ်ကို ခင်ဗျားတက်နိုင်မလား။ တက်နိုင်တယ်ဆိုရင် ခင်ဗျားအဆုတ်က ဘာပြဿနာမှမရှိဘူး။ အကယ်၍ ဒီပုံစံတိုင်း ခင်ဗျားမလုပ်နိုင်ဘူးဆိုရင် အဆုတ်ထဲမှာပြဿနာရှိပြီ။

 

ဒါကြောင့်မလို့ Covid-19 ရောဂါပိုးဟာ အဆုတ်ရောင်သက်သက်ပဲ ဖြစ်စေတာမဟုတ်ဘူး။ လူတော်တော်များများဟာ အဆုတ်ယောင်ဖြစ်တာ မဟုတ်ဘူး Covid-19 ရောဂါပိုးကူးစက်ခံရတဲ့ လူနာအများစုဟာ ရောဂါမပြင်းထန်ဘူး။ ခင်ဗျားသိဖို့လိုတာကတော့ မီတာ ၂၀၀ ကို လက်ထဲမှာပစ္စည်းဆွဲပြီး လမ်းလျှောက်နိုင်သလား။ လှေကားထစ် ထစ်ထပ်တက်နိုင်မယ်ဆိုရင် ဒီအချိန်မှာ ဆေးရုံသွားပြီး ဆေးကုသစရာမလိုဘူး။ အကယ်၍ မလုပ်နိုင်ဘူးဆိုရင် ဆေးရုံသွားပြီးတော့ အောက်ဆီဂျင်ရှူရမယ်။ ဒါ အလွန်အရေးကြီးတယ်။ အသက်ရှူမဝတာက ဒီတစ်ခေါက် ကျွန်တော်တို့ကုသရဲ့ အဓိကပဲ။ ဒီအချက်နှစ်ချက်က ခင်ဗျားကိုပြောပြနေပြီ။ ပထမအချက် မိမိကိုယ်မိမိ ဘယ်လိုကာကွယ်မှာလဲ။ ရောဂါအနည်းငယ်ဖြစ်ခြင်းမှ အသည်းအသန်ရောဂါမဖြစ်အောင် အဓိကတော့ အာဟာရပြည့်ဝနေရမယ်။ ဒုတိယအချက် ဘယ်အချိန်မှာ ဆေးရုံသွားရမှာလဲ ဆိုတာအဓိကပဲ။ သင် ၁၅ ရာခိုင်နှုန်းထဲကို ရောက်ရှိနိုင်တယ်။ လူငယ်တွေလည်း ၁၅ ရာခိုင်နှုန်းထဲကို ရောက်ရှိသွားနိုင်တယ်။ ကျွန်တော်တို့ ဘယ်အချိန်မှာဘာလုပ်ရမယ်ဆိုတဲ့ အချိန်ရဲ့အဓိကကျချက်ကို ရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။

 

 

အောင်ဉာဏ်ထွန်း၊ဇွဲမြန်လင်း ဘာသာပြန်သည်။


 

[Zawgyi]

ရွန္ဟိုင္းေရာဂါကုသေရးအထူးအဖြဲ႕ အဖြဲ႕ေခါင္းေဆာင္ Hua Shan ေဆး႐ုံ ကူးစက္ေရာဂါဌာန ဌာနမႉး Mr. Zhang WenHong ႏွင့္ေတြ႕ဆုံျခင္း (၃)

 

ပါေမာကၡ Zhang -

ဒီေန႔ ကြၽန္ေတာ္တို႔ မနက္ပိုင္းက အခန္းေတြစစ္ေသးတယ္။ ကြၽန္ေတာ္ jing shang ကေနေျပးလာတာ။ ၿပီးေတာ့ jing shang ကေန hua shang သြားၿပီးႀကိဳဆိုတယ္။ Jing shang က ကြၽန္ေတာ္တို႔ရဲ႕ ဗဟိုေဆး႐ုံႀကီးပါ။ အခုဒီကိုေျပးလာခဲ့တာ။ ဒါေတြက က်ေနာ္ေန႔တိုင္းလုပ္ေနတဲ့ အလုပ္ေတြပါပဲ။ ဒီေန႔မနက္ပိုင္းတစ္ပိုင္းလုံး၊ မနက္ကတည္းက ဒီ jing shang ဗဟိုေဆး႐ုံႀကီးမွာပဲ ကြၽန္ေတာ္တို႔ကိစၥရပ္တစ္ခုကို ေဆြးေႏြးၾကတယ္။

 

ကြၽန္ေတာ္တို႔ရဲ႕ လူငယ္ဆရာဝန္ေတြနဲ႔ေျပာတယ္။ ဒီေရာဂါကို ဒီအေျခအေနေပၚေရာက္ေအာင္ ကုသေနၿပီဆိုေတာ့ အခ်ိန္တိုင္းမွာ ကုသမႈေပးရန္အတြက္ အဆင့္သင့္ရွိေနရမယ္။ အဲဒါကအဓိကပဲ။ ဒါေပမဲ့အေရးႀကီးတာကေတာ့ ကြၽန္ေတာ္တို႔ဆရာဝန္ေတြက လူနာေတြကို ေရာဂါေဘးမွ ေက်ာ္လႊားသြားႏိုင္ေအာင္ ကူညီေပးရမယ္။ ဒါဆိုရင္ မင္းစဥ္းစားၾကည့္ လူနာကိုယ္တိုင္ အိမ္မွာပဲရွိမယ္ဆိုရင္ ဘယ္သူက သူ႔ကိုေရာဂါေဘးမွ ေက်ာ္လႊားသြားေအာင္ ကူညီမွာလဲ။ မိသားစုက သူ႔ကိုကူညီေပးမယ္။ သူကိုယ္တိုင္ ေက်ာ္လႊားသြားႏိုင္မယ္။ ဒါေၾကာင့္မလို႔ ေရာဂါေဘးကေန ေက်ာ္လႊားသြားဖို႔က အဓိကပဲ။ ေနာက္ဆုံး လူနာက ဘယ္လိုေက်ာ္လႊားသြားမွာလဲ။ သူ႔မွာလုံေလာက္တဲ့ အာဟာရ ရွိရမွာ။ ကိုယ့္ဘာဘာဟင္းခ်ိဳရည္က်ိဳခ်က္ ေသာက္ျခင္းျဖင့္လည္း ေရာဂါေဘးကေနေက်ာ္လႊားသြားႏိုင္တယ္။ အတိုခ်ဳံ႕ေျပာရမယ္ဆိုရင္ အာဟာရျပည့္ဝမႈက ေရာဂါေဘးကေန ေက်ာ္လႊားသြားႏိုင္တယ္။  ဒါကေတာ့အဓိကပဲ။ ဒီမွာ ကြၽန္ေတာ္က ခင္ဗ်ားတို႔ကို ေျပာျပလို႔ရတာကေတာ့ ျပည့္ဝတဲ့အနားယူမႈရွိရမယ္။

 

ေနာက္ထပ္ေရာဂါေဘးကေန ေက်ာ္လႊားသြားရမယ္။ ေနာက္ထပ္ကေတာ့ စိုးရိမ္ေၾကာင့္လန႔္မႈ မရွိရဘူး။ ဘာမ်ားစိုးရိမ္ေၾကာက္လန႔္စရာ ရွိလို႔လဲ။ အသဲအသန္ေရာဂါျဖစ္တဲ့ထဲမွာ လူငယ္ေတြ ၁၅ ရာခိုင္ႏႈန္းေတာင္ မရွိဘူး။ ဟုတ္လား။ ေနာက္ထပ္အေရးႀကီးတဲ့အခ်က္တစ္ခ်က္ ကြၽန္ေတာ္ခင္ဗ်ားကို ေျပာျပမယ္။ ဘယ္အခ်ိန္မွာ ဘာကိုမွဂ႐ုမစိုက္ဘဲ ေဆး႐ုံကို တိုက္႐ိုက္သြားသင့္သလဲ။ ဘယ္အခ်ိန္ ICU ခန္းသြားလုေနသင့္သလဲ။ အသက္ရႉဌာနမွာ ေနရသည္ပဲျဖစ္ျဖစ္ ကူးစက္ေရာဂါကုသဌာနမွာ ေနရသည္ပဲျဖစ္ျဖစ္။ ေျပာခ်င္တာကေတာ့ အဲ့အခ်ိန္က မိမိကိုယ္မိမိ အသက္ရႉက်ပ္တယ္လို႔ ခံစားလာရတဲ့အခ်ိန္ပဲ။ ေရာဂါျပင္းထန္တဲ့သူနဲ႔ ေရာဂါမျပင္းထန္တဲ့သူရဲ႕ ကြာျခားခ်က္က အသက္ရႉက်ပ္ျခင္းပဲျဖစ္တယ္။

 

ဒါဆိုရင္ မင္းေမးလိမ့္မယ္ ကြၽန္ေတာ္အသက္ရႉက်ပ္တယ္ဆိုတာ ကြၽန္ေတာ္ဘယ္လိုသိႏိုင္မွာလဲ။ ကြၽန္ေတာ္ဒီေရာဂါရၿပီလို႔ ခံစားရတာနဲ႔ အသက္ရႉက်ပ္ေတာ့တာပဲ။ ဟုတ္လား၊ မဟုတ္ဘူးလား။ ဒါမ်ိဳးမဟုတ္ဘူး။ ခင္ဗ်ား လမ္းဆက္တိုက္ေလွ်ာက္ႏိုင္သလားဆိုတာ ၾကည့္ရမယ္။ ခင္ဗ်ားမီတာ ၂၀၀ လမ္းေလွ်ာက္တာ ေမာပန္းမႈရွိသလား။ မီတာ ၂၀၀ လမ္းေလွ်ာက္ေနခ်ိန္ လက္ထဲမွာေတာင္ ပစၥည္းကိုင္ၿပီးေတာ့ ေလွ်ာက္ႏိုင္မယ္။ အကယ္၍ ခင္ဗ်ားက တိုက္ခန္းအျမင့္မွာေနတာဆိုရင္ ပထမအထပ္ကေန ဒုတိယအထပ္ထိ ၾကားထဲမွာမနားပဲ တက္ႏိုင္သလား။ ပထမအထပ္ကေန ဒုတိယကထပ္ကို တက္ဖို႔ ေယဘုယ်အားျဖင့္ ေလွကားထစ္ႏွစ္ေကြ႕ရွိတယ္။ တက္ၿပီးေကြ႕တဲ့အခ်ိန္မွာ မနားရဘူး။ ပထမအထပ္ကေန ဒုတိယအထပ္ကို ခင္ဗ်ားတက္ႏိုင္မလား။ တက္ႏိုင္တယ္ဆိုရင္ ခင္ဗ်ားအဆုတ္က ဘာျပႆနာမွမရွိဘူး။ အကယ္၍ ဒီပုံစံတိုင္း ခင္ဗ်ားမလုပ္ႏိုင္ဘူးဆိုရင္ အဆုတ္ထဲမွာျပႆနာရွိၿပီ။

 

ဒါေၾကာင့္မလို႔ Covid-19 ေရာဂါပိုးဟာ အဆုတ္ေရာင္သက္သက္ပဲ ျဖစ္ေစတာမဟုတ္ဘူး။ လူေတာ္ေတာ္မ်ားမ်ားဟာ အဆုတ္ေယာင္ျဖစ္တာ မဟုတ္ဘူး Covid-19 ေရာဂါပိုးကူးစက္ခံရတဲ့ လူနာအမ်ားစုဟာ ေရာဂါမျပင္းထန္ဘူး။ ခင္ဗ်ားသိဖို႔လိုတာကေတာ့ မီတာ ၂၀၀ ကို လက္ထဲမွာပစၥည္းဆြဲၿပီး လမ္းေလွ်ာက္ႏိုင္သလား။ ေလွကားထစ္ ထစ္ထပ္တက္ႏိုင္မယ္ဆိုရင္ ဒီအခ်ိန္မွာ ေဆး႐ုံသြားၿပီး ေဆးကုသစရာမလိုဘူး။ အကယ္၍ မလုပ္ႏိုင္ဘူးဆိုရင္ ေဆး႐ုံသြားၿပီးေတာ့ ေအာက္ဆီဂ်င္ရႉရမယ္။ ဒါ အလြန္အေရးႀကီးတယ္။ အသက္ရႉမဝတာက ဒီတစ္ေခါက္ ကြၽန္ေတာ္တို႔ကုသရဲ႕ အဓိကပဲ။ ဒီအခ်က္ႏွစ္ခ်က္က ခင္ဗ်ားကိုေျပာျပေနၿပီ။ ပထမအခ်က္ မိမိကိုယ္မိမိ ဘယ္လိုကာကြယ္မွာလဲ။ ေရာဂါအနည္းငယ္ျဖစ္ျခင္းမွ အသည္းအသန္ေရာဂါမျဖစ္ေအာင္ အဓိကေတာ့ အာဟာရျပည့္ဝေနရမယ္။ ဒုတိယအခ်က္ ဘယ္အခ်ိန္မွာ ေဆး႐ုံသြားရမွာလဲ ဆိုတာအဓိကပဲ။ သင္ ၁၅ ရာခိုင္ႏႈန္းထဲကို ေရာက္ရွိႏိုင္တယ္။ လူငယ္ေတြလည္း ၁၅ ရာခိုင္ႏႈန္းထဲကို ေရာက္ရွိသြားႏိုင္တယ္။ ကြၽန္ေတာ္တို႔ ဘယ္အခ်ိန္မွာဘာလုပ္ရမယ္ဆိုတဲ့ အခ်ိန္ရဲ႕အဓိကက်ခ်က္ကို ရွင္းရွင္းလင္းလင္းသိထားဖို႔လိုတယ္။

 

 

ေအာင္ဥာဏ္ထြန္း၊ဇြဲျမန္လင္း ဘာသာျပန္သည္။


Add a comment