Mr. Zhang WenHong နှင့်တွေ့ဆုံခြင်း (၂)

2020-05-15 18:25:00
fitc ANT,ZML
Original 833
Summary : ဒါကြောင့် ရောဂါအခြေအနေ ပြင်းထန်သွားစေတဲ့ အဓိကတရားခံက အာဟာရချို့တဲ့ခြင်းပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာရှိတဲ့ ပါမောက္ခတစ်ယောက်ဟာ အာဟာရအတွက် တာဝန်ယူမယ်လို့‎ ပြောလာတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့်အဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်တယ်။ ဒီလိုအာဟာရချို့တဲ့မှုဟာ ရောဂါအခြေအနေ ပြင်းထန်သွားစေတဲ့ အဓိက တရားခံပဲ ဖြစ်တယ်။


[Unicode]

ရှန်ဟိုင်းရောဂါကုသရေးအထူးအဖွဲ့ အဖွဲ့ခေါင်းဆောင် Hua Shan ဆေးရုံ ကူးစက်ရောဂါဌာန ဌာနမှူး Mr. Zhang WenHong နှင့်တွေ့ဆုံခြင်း (၂)

 

ပါမောက္ခ Zhang -

ဒီတစ်သုတ် ပြည်ပကနေပြန်လာကြတဲ့သူတွေမှာ နိုင်ငံခြားပညာတော်သင် ကျောင်းသားတွေလည်း ပါတယ်။ အလုပ်သွားလုပ်တဲ့သူတွေလည်း ပါတယ်။ အဓိက ကတော့ အလုပ်သွားလုပ်တဲ့သူတွေပေါ့။ သူတို့တွေ ဒီတစ်ခေါက် ပြည်တော်ပြန်ကြတဲ့အချိန်မှာ တရုတ်နိုင်ငံကိုပြန်လာတဲ့ ခရီးလမ်းတစ်လျှောက်လုံး အသက်လုပြေးလာရသလိုပဲ အစားအစာ ကောင်းကောင်း မစားရဘူး၊ အိတ်ထဲမှာလည်း ဘီစကွတ်နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေပဲ။ ဒီကိုရောက်ပြီးနောက်မှာ ကျွန်တော်တို့ ရောဂါပိုးစစ်ဆေးဂိတ်တွေ ရှိတယ်။ ရောဂါပိုးစစ်ဆေးမှုက တစ်ရက်နှစ်ရက်လောက် ကြာမယ်။ ဒါတွေပြီးမှ သုံးလေးရက်လောက်မှ ဟိုတယ်ကို ရောက်လာမယ်။ အဲအချိန်မှာ စိတ်တိုစရာတွေချည်းပဲ။ ဟိုတယ်မှာလည်း quarantine နေရဦးမယ်။ ကိုယ့်မိသားစုနဲ့လည်း မတွေ့ရဘူး။ အိတ်ထဲမှာ ခေါက်ဆွဲခြောက်ထုပ်တွေ အများကြီးကျန်နေတာတွေ့တော့ ခေါက်ဆွဲခြောက်တွေပဲ ဆက်စားဖြစ်တယ်။ ဒီလိုလူနာမျိုးတွေမှာ အဟာရ မပြည့်ဝတာ တွေ့ရတယ်။ ဒါဟာ ရောဂါအခြေအနေ ပြင်းထန်သွားစေတဲ့ အရေးအကြီးဆုံးအကြောင်းရင်း ဖြစ်တယ်။

 

ဒါကြောင့် ရောဂါအခြေအနေ ပြင်းထန်သွားစေတဲ့ အဓိကတရားခံက အာဟာရချို့တဲ့ခြင်းပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာရှိတဲ့ ပါမောက္ခတစ်ယောက်ဟာ အာဟာရအတွက် တာဝန်ယူမယ်လို့‎ ပြောလာတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့်အဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်တယ်။ ဒီလိုအာဟာရချို့တဲ့မှုဟာ ရောဂါအခြေအနေ ပြင်းထန်သွားစေတဲ့ အဓိက တရားခံပဲ ဖြစ်တယ်။

 

ကျွန်တော်တို့ရဲ့ ကျန်းမာရေးဌာန အုပ်ချုပ်ရေးမှူး Zhu က လူနာတွေအတွက် နေ့စဉ်ကြက်ဥ ၄ လုံး ပေးဖို့ အာဟာရပညာရှင်ကို ဖုန်းဆက်ပြောခဲ့တယ်။ ငါ မင်းကိုကျန်တာ ဘာမှမတောင်းဆိုဘူး။ ဒါပေမဲ့ အနည်းဆုံး ကြက်ဥ ၄ လုံးကိုတော့ နေ့တိုင်းပေးရမယ်။ ကြည်ဥ ၄ လုံးဖြစ်ဖြစ် ဒါမှမဟုတ် တခြားအာဟာရပြည့်တဲ့ အစားအစာအဖြစ်ဖြစ် အဓိကမဟုတ်ဘူး။ အဓိကသော့ချက်က လုံလောက်တဲ့ အာဟာရပြည့်ဝအောင် သေချာအောင် လုပ်ထားရမယ်။ ဒါမှ လူနာမှာ စွမ်းအင်အလုံအလောက်ရှိပြီး ကိုယ်ခံအားကောင်းလာနိုင်တယ်။

 

တကယ်လို့ မင်းဒီနေ့ဖျားသွားပြီဆိုပါတော့ သေချာတယ် ကိုယ့်ကိုကိုယ် Covid-19 ဖြစ်ပြီလို့ထင်မှာပဲ။ အသည်းအသန်ဖျားတဲ့အချိန်က ဘယ်ချိန်လဲ ? ၇ ရက်မြောက်နေ့ သို့မဟုတ် ၁၀ ရက်မြောက်နေ့။ တကယ်လို့ နှစ်ပတ်ကျော်သွားပြီး ဘယ်လောက်ထိ ရောဂါပြင်းထန်ပါစေ သေရေးရှင်ရေးထိ မရောက်လာရင် အဲ့ဒီလူနာက ပုံမှန်ဆိုရင် မသေနိုင်ပါဘူး။ ဒါပေမဲ့ ၇ ရက်မြောက်နေ့မှ ၁၀ ရက်မြောက်နေ့အတွင်းမှာ အသည်းအသန်ဖြစ်မယ်။ အမှန်မှာတော့ အဲ့ဒီအချိန်တွင်းမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ရောဂါပိုးနဲ့ ယှဉ်ပြိုင်ပြေးနေရတဲ့အချိန်ပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ကိုယ်ခံအားတွေ အများကြီးရှိအောင်နေရမယ်။ သင်သိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကနေ ခုခံနိုင်တဲ့စစ်သားတွေ အများကြီးထုတ်နိုင်ရမယ်။ အဲဒီစစ်သားတွေက သင်ကိုယ်တိုင်အတွက်ပဲ။ ကျွန်တော်တို့က ဒီရောဂါပိုးကို ခုခံနိုင်မဲ့ထူးခြားတဲ့လက္ခဏာရှိတဲ့ anti-body ဇီဝဆေးတွေကို ထုတ်လုပ်ရမယ်။ ဘာနဲ့ထုတ်လုပ်မလဲ?  အသားဓာတ်(ပရိုတင်းဓါတ်)တွေပဲပေါ့။

 

အင်တာနက်ပေါ်မှာ လူအများက ကျွန်တော့်ကို ပြစ်တင်ဝေဖန်ကြတယ်။ ဆရာကြီးများ၊ အင်တာနက်အသုံးပြုသူများဟာ ကျွန်ုတော့်ကို စောင့်ကြည့်နေကြတယ်။ အင်တာနက်ပေါ်မှာ ကျွန်တော် ဒီရက်ပိုင်း နာမည်ကြီးတာကိုသိပေမယ့် ကျွန်တော့်ကိုဝေဖန်သူတွေက ကျွန်တော်ဘယ်လိုလူလဲဆိုတာကို ဝေဖန်တာပိုများတယ်။ ဒါကိုကျွန်တော်သိပါတယ်။  ဥပမာ - ဆရာဝန်တစ်ဦးဟာ ဝင်ငွေအမြောက်အများရှိတယ်။ ဒါကတော့ အများသိတဲ့ကိစ္စပါ။ ကျွန်တော်ကတော့ အတော်လေးဆင်းရဲတယ်။ ကျွန်တော် ဥရောပဆရာဝန်နှင့် မနှိုင်းယှဉ်နိုင်ဘူး။ ကျွန်တာ်ရှင်းရှင်းလင်းလင်းပြောမယ် သူတို့တွေထဲကတစ်ယောက်ယောက် ကျွန်တော့်ကို ဝေဖန်မယ်ဆိုရင် ကျွန်တော်ကတော့ လက်မခံနိုင်ဘူး။ ကျွန်တော်သေချာပေါက် ပြောချင်တာကတော့ ရောဂါအနည်းငယ်မှ အသဲအသန်ရောဂါစေဖို့ အတွက် အဓိကအချက်ကတော့ သင့်မှာ လုံလောက်တဲ့အာဟာရနဲ့ ပရိုတိန်းတွေရှိရမှာ။

 

ဒါကြောင့် ကျွန်တော်အဲ့ဒီအချိန်က သူတို့နဲ့ပြောတယ်။ အကယ်၍ သင်နေမကောင်းနေတဲ့အချိန်မှာ ဆန်ပြုတ်နဲ့ မုန့်ညင်းချဉ်တွေပဲ စားနေမယ်ဆိုရင် သင်ဒုက္ခရောက်လိမ့်မယ်။ သင်ရဲ့မိတ်ဆွေတွေထဲက တစ်ဦးဦး နေမကောင်းနေတဲ့အချိန်မှာ သင်က သူ့ကိုဆန်ပြုတ်ပြုတ်ပြီး တိုက်လိုက်မယ်ဆိုရင် သင်က သူ့ကိုဂရုစိုက်တယ်လို့ တခြားသူတွေက ပြောလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ စားချင်စိတ်မရှိဘူး။ ဒါနဲ့ သူစားချင်စိတ်ရှိအောင် သင်က မုန့်ညင်းချဉ်လေး လုပ်ပေးလိုက်မယ်။ ကျွန်တော်ခင်ဗျားတို့ကိုပြောပြမယ် ဆန်ပြုတ်နဲ့ မုန့်ညင်းချဉ် ပေါင်းပြီးစားမယ်ဆိုရင် ကိုယ်ခံအားထွက်လာမှာ မဟုတ်ဘူး။ သင်သိပါသလား။ ကျွန်တော်တို့အရေးကြီးဆုံးက ကိုယ်ခံအားရှိဖို့ပဲ။ ဒီအချိန်မှာ သင်နေမကောင်းဖြစ်နေမယ်ဆိုရင် ဘယ်လိုကာကွယ်မလဲ။ ကျွန်တော်ထင်တာကတော့ လုပ်ဆောင်ချက်နှစ်မျိုးကို လုပ်ပေးရမယ်။ ပထမအချက်က သင်သာ အစာစားချင်စိတ်သာ ရှိမယ်ဆိုရင် လုံလောက်တဲ့ နွားနို့နဲ့ကြက်ဥကို ဖြည့်စွက်ရမယ်။ အဲ့ဒီအချိန်မှာ သင်အမဲသားကင်စားမယ် ဆိုရင်တောင် စားလို့ဝင်မှာတောင် မဟုတ်ဘူး။ အမဲသားကင် ဘယ်အချိန်တွေ စားသင့်သလဲဆိုရင် မကြာခဏစားပေးပါ။ သင်နေမကောင်းဖြစ်နေတဲ့အချိန်မှာ အမဲသားကင်စားမယ်ဆိုရင် စားလို့ဝင်တော့မှာမဟုတ်ဘူး။ ဟုတ်တယ်မလား။ အဲ့ဒီအချိန်မှာ အစာကြေဖို့ အလွယ်ဆုံးက ဘယ်ဟာလဲဆိုတော့ ကြက်ဥနဲ့နွားနို့ပဲ ဟုတ်တယ်မလား။ ကြက်ဥကတော့ သေချာပေါက်စားရမှာ။ အသားကတော့ စားလို့ရရင်တော့ နည်းနည်းလေး စားပေးရမယ်။ နောက်ထပ်ငါးဟင်းချိုရည်ကိုလဲ သောက်ပေးရမယ်။ တရုတ်တွေက ငါးဟင်းချိုရည်ကို ပြုတ်သောက်ရတာ ကြိုက်တယ်။ ငါးဟင်းချိုရည်သောက်တဲ့အခါ အတတ်နိုင်ဆုံး ငါးအဖက်ကိုလဲ စားပေးရမယ်။ သင်သိတယ်မလား။ ဂရိုတင်းဓာတ်က ကျွန်တော်တို့အတွက် အရေးကြီးဆုံးတစ်ခုဖြစ်တယ်။ ဘာအတွက်လဲဆိုတော့ ကိုယ်ခံအားရှိဖို့အတွက်ပဲ။ နောက်ထပ် ဘီတာမင်စီဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်ကိုလဲ စားနိုင်သလောက် စားပေးရမယ်။

 

ဒါကြောင့်မို့လို့ဒီအချိန်မှာ အွန်လိုင်းပေါ်မှာရှိတဲ့ အနောက်နိုင်ငံက သူငယ်ချင်းများ အကယ်၍ သင့်မိသားစုထဲက တစ်ဦးဦးရောဂါပိုးကူးစပ်ခံရပြီ ဒါမှမဟုတ် သင်ကိုယ်တိုင် ရောဂါပိုးကူးစပ်ခံရပြီဆိုရင် ဒီအခြေအနေမှာ မိမိအတွက် အရေးကြီးဆုံးကတော့ အာဟာရရှိရမယ်ဆိုတာကို နားလည်ရပါမယ်။ ခင်ဗျားကိုယ်တိုင်က ဘာလုပ်နိုင်မလဲ။ ခင်ဗျားက ဆရာဝန်လဲမဟုတ်ဘူး။ နေမကောင်းတော့ ဆေးလဲမရှိဘူး။ ဒါဆိုခင်ဗျားလုပ်နိုင်တာက ဘာလဲ။ အာဟာရရှိဖို့လိုတာလေ။ အာဟာရရှိမယ်ဆိုရင် ကျွန်တော်သေချာပေါက် ခင်ဗျားကိုပြောပြမယ် လူအများစု မိမိ၏ရောဂါပိုးကို အခြေအနေတစ်ခုမှာ ရပ်ထားလို့ရပြီ။ ဘယ်အခြေအနေလဲဆိုတော့ ပြန်လည်ကောင်းမွန်လာနိုင်တဲ့ အခြေအနေ။ ၁၀ ရက်တာအချိန်ကို ကျော်လွှားနိုင်မယ်ဆိုရင် ဒီရောဂါကို ကျွန်တော်တို့ အခြေခံအရ တိုက်ခိုက်နိုင်သွားပြီ။

 

(နောက်ဆက်တွဲအပိုင်းများအားဆက်လက်၍ဖော်ပြမည်။)

 

အောင်ဉာဏ်ထွန်း၊ဇွဲမြန်လင်း ဘာသာပြန်သည်။

 

 

[Zawgyi]

ရွန္ဟိုင္းေရာဂါကုသေရးအထူးအဖြဲ႕ အဖြဲ႕ေခါင္းေဆာင္ Hua Shan ေဆး႐ုံ ကူးစက္ေရာဂါဌာန ဌာနမႉး Mr. Zhang WenHong ႏွင့္ေတြ႕ဆုံျခင္း (၂)
 

ပါေမာကၡ Zhang -

ဒီတစ္သုတ္ ျပည္ပကေနျပန္လာၾကတဲ့သူေတြမွာ ႏိုင္ငံျခားပညာေတာ္သင္ ေက်ာင္းသားေတြလည္း ပါတယ္။ အလုပ္သြားလုပ္တဲ့သူေတြလည္း ပါတယ္။ အဓိက ကေတာ့ အလုပ္သြားလုပ္တဲ့သူေတြေပါ့။ သူတို႔ေတြ ဒီတစ္ေခါက္ ျပည္ေတာ္ျပန္ၾကတဲ့အခ်ိန္မွာ တ႐ုတ္ႏိုင္ငံကိုျပန္လာတဲ့ ခရီးလမ္းတစ္ေလွ်ာက္လုံး အသက္လုေျပးလာရသလိုပဲ အစားအစာ ေကာင္းေကာင္း မစားရဘူး၊ အိတ္ထဲမွာလည္း ဘီစကြတ္နဲ႔ ေခါက္ဆြဲေျခာက္ထုပ္ေတြပဲ။ ဒီကိုေရာက္ၿပီးေနာက္မွာ ကြၽန္ေတာ္တို႔ ေရာဂါပိုးစစ္ေဆးဂိတ္ေတြ ရွိတယ္။ ေရာဂါပိုးစစ္ေဆးမႈက တစ္ရက္ႏွစ္ရက္ေလာက္ ၾကာမယ္။ ဒါေတြၿပီးမွ သုံးေလးရက္ေလာက္မွ ဟိုတယ္ကို ေရာက္လာမယ္။ အဲအခ်ိန္မွာ စိတ္တိုစရာေတြခ်ည္းပဲ။ ဟိုတယ္မွာလည္း quarantine ေနရဦးမယ္။ ကိုယ့္မိသားစုနဲ႔လည္း မေတြ႕ရဘူး။ အိတ္ထဲမွာ ေခါက္ဆြဲေျခာက္ထုပ္ေတြ အမ်ားႀကီးက်န္ေနတာေတြ႕ေတာ့ ေခါက္ဆြဲေျခာက္ေတြပဲ ဆက္စားျဖစ္တယ္။ ဒီလိုလူနာမ်ိဳးေတြမွာ အဟာရ မျပည့္ဝတာ ေတြ႕ရတယ္။ ဒါဟာ ေရာဂါအေျခအေန ျပင္းထန္သြားေစတဲ့ အေရးအႀကီးဆုံးအေၾကာင္းရင္း ျဖစ္တယ္။

 

ဒါေၾကာင့္ ေရာဂါအေျခအေန ျပင္းထန္သြားေစတဲ့ အဓိကတရားခံက အာဟာရခ်ိဳ႕တဲ့ျခင္းပဲ ျဖစ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဆီမွာရွိတဲ့ ပါေမာကၡတစ္ေယာက္ဟာ အာဟာရအတြက္ တာဝန္ယူမယ္လို႔‎ ေျပာလာတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က ကြၽန္ေတာ့္အဖြဲ႕နဲ႔ ေဆြးေႏြးတိုင္ပင္တယ္။ ဒီလိုအာဟာရခ်ိဳ႕တဲ့မႈဟာ ေရာဂါအေျခအေန ျပင္းထန္သြားေစတဲ့ အဓိက တရားခံပဲ ျဖစ္တယ္။

 

ကြၽန္ေတာ္တို႔ရဲ႕ က်န္းမာေရးဌာန အုပ္ခ်ဳပ္ေရးမႉး Zhu က လူနာေတြအတြက္ ေန႔စဥ္ၾကက္ဥ ၄ လုံး ေပးဖို႔ အာဟာရပညာရွင္ကို ဖုန္းဆက္ေျပာခဲ့တယ္။ ငါ မင္းကိုက်န္တာ ဘာမွမေတာင္းဆိုဘူး။ ဒါေပမဲ့ အနည္းဆုံး ၾကက္ဥ ၄ လုံးကိုေတာ့ ေန႔တိုင္းေပးရမယ္။ ၾကည္ဥ ၄ လုံးျဖစ္ျဖစ္ ဒါမွမဟုတ္ တျခားအာဟာရျပည့္တဲ့ အစားအစာအျဖစ္ျဖစ္ အဓိကမဟုတ္ဘူး။ အဓိကေသာ့ခ်က္က လုံေလာက္တဲ့ အာဟာရျပည့္ဝေအာင္ ေသခ်ာေအာင္ လုပ္ထားရမယ္။ ဒါမွ လူနာမွာ စြမ္းအင္အလုံအေလာက္ရွိၿပီး ကိုယ္ခံအားေကာင္းလာႏိုင္တယ္။

 

တကယ္လို႔ မင္းဒီေန႔ဖ်ားသြားၿပီဆိုပါေတာ့ ေသခ်ာတယ္ ကိုယ့္ကိုကိုယ္ Covid-19 ျဖစ္ၿပီလို႔ထင္မွာပဲ။ အသည္းအသန္ဖ်ားတဲ့အခ်ိန္က ဘယ္ခ်ိန္လဲ ? ၇ ရက္ေျမာက္ေန႔ သို႔မဟုတ္ ၁၀ ရက္ေျမာက္ေန႔။ တကယ္လို႔ ႏွစ္ပတ္ေက်ာ္သြားၿပီး ဘယ္ေလာက္ထိ ေရာဂါျပင္းထန္ပါေစ ေသေရးရွင္ေရးထိ မေရာက္လာရင္ အဲ့ဒီလူနာက ပုံမွန္ဆိုရင္ မေသႏိုင္ပါဘူး။ ဒါေပမဲ့ ၇ ရက္ေျမာက္ေန႔မွ ၁၀ ရက္ေျမာက္ေန႔အတြင္းမွာ အသည္းအသန္ျဖစ္မယ္။ အမွန္မွာေတာ့ အဲ့ဒီအခ်ိန္တြင္းမွာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ဟာ ေရာဂါပိုးနဲ႔ ယွဥ္ၿပိဳင္ေျပးေနရတဲ့အခ်ိန္ပဲ။ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ကိုယ္ခံအားေတြ အမ်ားႀကီးရွိေအာင္ေနရမယ္။ သင္သိပါတယ္။ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ကေန ခုခံႏိုင္တဲ့စစ္သားေတြ အမ်ားႀကီးထုတ္ႏိုင္ရမယ္။ အဲဒီစစ္သားေတြက သင္ကိုယ္တိုင္အတြက္ပဲ။ ကြၽန္ေတာ္တို႔က ဒီေရာဂါပိုးကို ခုခံႏိုင္မဲ့ထူးျခားတဲ့လကၡဏာရွိတဲ့ anti-body ဇီဝေဆးေတြကို ထုတ္လုပ္ရမယ္။ ဘာနဲ႔ထုတ္လုပ္မလဲ?  အသားဓာတ္(ပ႐ိုတင္းဓါတ္)ေတြပဲေပါ့။

 

အင္တာနက္ေပၚမွာ လူအမ်ားက ကြၽန္ေတာ့္ကို ျပစ္တင္ေဝဖန္ၾကတယ္။ ဆရာႀကီးမ်ား၊ အင္တာနက္အသုံးျပဳသူမ်ားဟာ ကြၽႏ္ုေတာ့္ကို ေစာင့္ၾကည့္ေနၾကတယ္။ အင္တာနက္ေပၚမွာ ကြၽန္ေတာ္ ဒီရက္ပိုင္း နာမည္ႀကီးတာကိုသိေပမယ့္ ကြၽန္ေတာ့္ကိုေဝဖန္သူေတြက ကြၽန္ေတာ္ဘယ္လိုလူလဲဆိုတာကို ေဝဖန္တာပိုမ်ားတယ္။ ဒါကိုကြၽန္ေတာ္သိပါတယ္။  ဥပမာ - ဆရာဝန္တစ္ဦးဟာ ဝင္ေငြအေျမာက္အမ်ားရွိတယ္။ ဒါကေတာ့ အမ်ားသိတဲ့ကိစၥပါ။ ကြၽန္ေတာ္ကေတာ့ အေတာ္ေလးဆင္းရဲတယ္။ ကြၽန္ေတာ္ ဥေရာပဆရာဝန္ႏွင့္ မႏႈိင္းယွဥ္ႏိုင္ဘူး။ ကြၽန္တာ္ရွင္းရွင္းလင္းလင္းေျပာမယ္ သူတို႔ေတြထဲကတစ္ေယာက္ေယာက္ ကြၽန္ေတာ့္ကို ေဝဖန္မယ္ဆိုရင္ ကြၽန္ေတာ္ကေတာ့ လက္မခံႏိုင္ဘူး။ ကြၽန္ေတာ္ေသခ်ာေပါက္ ေျပာခ်င္တာကေတာ့ ေရာဂါအနည္းငယ္မွ အသဲအသန္ေရာဂါေစဖို႔ အတြက္ အဓိကအခ်က္ကေတာ့ သင့္မွာ လုံေလာက္တဲ့အာဟာရနဲ႔ ပ႐ိုတိန္းေတြရွိရမွာ။

 

ဒါေၾကာင့္ ကြၽန္ေတာ္အဲ့ဒီအခ်ိန္က သူတို႔နဲ႔ေျပာတယ္။ အကယ္၍ သင္ေနမေကာင္းေနတဲ့အခ်ိန္မွာ ဆန္ျပဳတ္နဲ႔ မုန႔္ညင္းခ်ဥ္ေတြပဲ စားေနမယ္ဆိုရင္ သင္ဒုကၡေရာက္လိမ့္မယ္။ သင္ရဲ႕မိတ္ေဆြေတြထဲက တစ္ဦးဦး ေနမေကာင္းေနတဲ့အခ်ိန္မွာ သင္က သူ႔ကိုဆန္ျပဳတ္ျပဳတ္ၿပီး တိုက္လိုက္မယ္ဆိုရင္ သင္က သူ႔ကိုဂ႐ုစိုက္တယ္လို႔ တျခားသူေတြက ေျပာလိမ့္မယ္။ ဒါေပမဲ့ သူ႔မွာ စားခ်င္စိတ္မရွိဘူး။ ဒါနဲ႔ သူစားခ်င္စိတ္ရွိေအာင္ သင္က မုန႔္ညင္းခ်ဥ္ေလး လုပ္ေပးလိုက္မယ္။ ကြၽန္ေတာ္ခင္ဗ်ားတို႔ကိုေျပာျပမယ္ ဆန္ျပဳတ္နဲ႔ မုန႔္ညင္းခ်ဥ္ ေပါင္းၿပီးစားမယ္ဆိုရင္ ကိုယ္ခံအားထြက္လာမွာ မဟုတ္ဘူး။ သင္သိပါသလား။ ကြၽန္ေတာ္တို႔အေရးႀကီးဆုံးက ကိုယ္ခံအားရွိဖို႔ပဲ။ ဒီအခ်ိန္မွာ သင္ေနမေကာင္းျဖစ္ေနမယ္ဆိုရင္ ဘယ္လိုကာကြယ္မလဲ။ ကြၽန္ေတာ္ထင္တာကေတာ့ လုပ္ေဆာင္ခ်က္ႏွစ္မ်ိဳးကို လုပ္ေပးရမယ္။ ပထမအခ်က္က သင္သာ အစာစားခ်င္စိတ္သာ ရွိမယ္ဆိုရင္ လုံေလာက္တဲ့ ႏြားႏို႔နဲ႔ၾကက္ဥကို ျဖည့္စြက္ရမယ္။ အဲ့ဒီအခ်ိန္မွာ သင္အမဲသားကင္စားမယ္ ဆိုရင္ေတာင္ စားလို႔ဝင္မွာေတာင္ မဟုတ္ဘူး။ အမဲသားကင္ ဘယ္အခ်ိန္ေတြ စားသင့္သလဲဆိုရင္ မၾကာခဏစားေပးပါ။ သင္ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ အမဲသားကင္စားမယ္ဆိုရင္ စားလို႔ဝင္ေတာ့မွာမဟုတ္ဘူး။ ဟုတ္တယ္မလား။ အဲ့ဒီအခ်ိန္မွာ အစာေၾကဖို႔ အလြယ္ဆုံးက ဘယ္ဟာလဲဆိုေတာ့ ၾကက္ဥနဲ႔ႏြားႏို႔ပဲ ဟုတ္တယ္မလား။ ၾကက္ဥကေတာ့ ေသခ်ာေပါက္စားရမွာ။ အသားကေတာ့ စားလို႔ရရင္ေတာ့ နည္းနည္းေလး စားေပးရမယ္။ ေနာက္ထပ္ငါးဟင္းခ်ိဳရည္ကိုလဲ ေသာက္ေပးရမယ္။ တ႐ုတ္ေတြက ငါးဟင္းခ်ိဳရည္ကို ျပဳတ္ေသာက္ရတာ ႀကိဳက္တယ္။ ငါးဟင္းခ်ိဳရည္ေသာက္တဲ့အခါ အတတ္ႏိုင္ဆုံး ငါးအဖက္ကိုလဲ စားေပးရမယ္။ သင္သိတယ္မလား။ ဂ႐ိုတင္းဓာတ္က ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးဆုံးတစ္ခုျဖစ္တယ္။ ဘာအတြက္လဲဆိုေတာ့ ကိုယ္ခံအားရွိဖို႔အတြက္ပဲ။ ေနာက္ထပ္ ဘီတာမင္စီဓာတ္ပါတဲ့ ဟင္းသီးဟင္း႐ြက္ကိုလဲ စားႏိုင္သေလာက္ စားေပးရမယ္။

 

ဒါေၾကာင့္မို႔လို႔ဒီအခ်ိန္မွာ အြန္လိုင္းေပၚမွာရွိတဲ့ အေနာက္ႏိုင္ငံက သူငယ္ခ်င္းမ်ား အကယ္၍ သင့္မိသားစုထဲက တစ္ဦးဦးေရာဂါပိုးကူးစပ္ခံရၿပီ ဒါမွမဟုတ္ သင္ကိုယ္တိုင္ ေရာဂါပိုးကူးစပ္ခံရၿပီဆိုရင္ ဒီအေျခအေနမွာ မိမိအတြက္ အေရးႀကီးဆုံးကေတာ့ အာဟာရရွိရမယ္ဆိုတာကို နားလည္ရပါမယ္။ ခင္ဗ်ားကိုယ္တိုင္က ဘာလုပ္ႏိုင္မလဲ။ ခင္ဗ်ားက ဆရာဝန္လဲမဟုတ္ဘူး။ ေနမေကာင္းေတာ့ ေဆးလဲမရွိဘူး။ ဒါဆိုခင္ဗ်ားလုပ္ႏိုင္တာက ဘာလဲ။ အာဟာရရွိဖို႔လိုတာေလ။ အာဟာရရွိမယ္ဆိုရင္ ကြၽန္ေတာ္ေသခ်ာေပါက္ ခင္ဗ်ားကိုေျပာျပမယ္ လူအမ်ားစု မိမိ၏ေရာဂါပိုးကို အေျခအေနတစ္ခုမွာ ရပ္ထားလို႔ရၿပီ။ ဘယ္အေျခအေနလဲဆိုေတာ့ ျပန္လည္ေကာင္းမြန္လာႏိုင္တဲ့ အေျခအေန။ ၁၀ ရက္တာအခ်ိန္ကို ေက်ာ္လႊားႏိုင္မယ္ဆိုရင္ ဒီေရာဂါကို ကြၽန္ေတာ္တို႔ အေျခခံအရ တိုက္ခိုက္ႏိုင္သြားၿပီ။

 

(ေနာက္ဆက္တြဲအပိုင္းမ်ားအားဆက္လက္၍ေဖာ္ျပမည္။)

 

ေအာင္ဥာဏ္ထြန္း၊ဇြဲျမန္လင္း ဘာသာျပန္သည္။

 



Add a comment