Mr. Zhang WenHong နှင့်တွေ့ဆုံခြင်း(၁)

2020-05-13 22:40:00
AMT, ZML
Source:
916
Summary : ကောင်းပါပြီ။ ခင်ဗျားမေးတဲ့ ဒီမေးခွန်းက အလွန်ကောင်းပါတယ်။ တကယ်တော့ စပိန်နိုင်ငံဟာ ရောဂါဖြစ်ပွားမှုနှုန်း အတော်လေးမြင့်မားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပတ်က ဥရောပနိုင်ငံရှိ လက်တွေ့ဆေးကုသပေးနေတဲ့ ဆရာဝန်ကြီးများက ကျွန်တော်တို့ရဲ့ ပညာရှင် Zhong Nanshan ရဲ့ တရုတ်နိုင်ငံမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာကပ်ရောဂါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ သူတို့နဲ့ကျွန်တော် အပြန်အလှန်ဆွေးနွေးမှု အပြည့်ရှိခဲ့တယ်။ အဲဒီနေ့မှာ စပိန်နိုင်ငံကဆရာဝန်တွေအားလုံး မျက်ရည်ဝဲနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်းထန်သောရောဂါ ကုသပျောက်ကင်းမှုနှုန်းဟာ အလွန်နိမ့်ကျပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် အလွန်နိမ့်နေသောကြောင့်ဖြစ်တယ်။

[Unicode]

ရှန်ဟိုင်းရောဂါကုသရေးအထူးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ Hua Shan ဆေးရုံကူးစက်ရောဂါဌာနဌာနမှူး Mr. Zhang WenHong နှင့်တွေ့ဆုံခြင်း(၁)

မင်္ဂလာပါ ... ပါမောက္ခ Zhang, ကျွန်မက စပိန်နိုင်ငံမှ တရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Xue Lin ပါ။  လက်ရှိ ပြည်ပနိုင်ငံများမှာ ပုံမှန်အားဖြင့် ရောဂါလက္ခဏာပြင်းထန်တဲ့လူနာများကို အဓိကထားကုသပြီး ရောဂါလက္ခဏာ အနည်းအကျဥ်းသာရှိသော၊ သိပ်မပြင်းထန်သောသူများကို ယေဘုယျအားဖြင့် အိမ်တွင်သာ သီးခြားအနားယူခိုင်းတာ တွေ့ရပါတယ်။ ရောဂါအခြေအနေအနည်းငယ်မှ ပြင်းထန်သွားနိုင်တဲ့ ဖြစ်နိုင်ချေရာခိုင်နှုန်း ဘယ်လောက်ရှိနိုင်လဲဆိုတာ မေးလိုပါတယ်။ ဒါ့အပြင် ရောဂါအခြေအနေအနည်းငယ်မှ ပြင်းထန်မသွားအောင် ဘယ်လိုလုပ်ရမလဲ။ ကိုယ့်ဘာသာ ပြန်လည်ကျန်းမာလာနိုင်သည့်နှုန်း မြင့်မားအောင် ဘယ်လိုလုပ်ရပါမလဲ။ ကျေးဇူးတင်ပါတယ်။Zhang ပါမောက္ခ -


 ပါမောက္ခZhang-

ကောင်းပါပြီ။ ခင်ဗျားမေးတဲ့ ဒီမေးခွန်းက အလွန်ကောင်းပါတယ်။ တကယ်တော့ စပိန်နိုင်ငံဟာ ရောဂါဖြစ်ပွားမှုနှုန်း အတော်လေးမြင့်မားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပတ်က ဥရောပနိုင်ငံရှိ လက်တွေ့ဆေးကုသပေးနေတဲ့ ဆရာဝန်ကြီးများက ကျွန်တော်တို့ရဲ့  ပညာရှင် Zhong Nanshan ရဲ့ တရုတ်နိုင်ငံမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာကပ်ရောဂါ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ သူတို့နဲ့ကျွန်တော် အပြန်အလှန်ဆွေးနွေးမှု အပြည့်ရှိခဲ့တယ်။ အဲဒီနေ့မှာ စပိန်နိုင်ငံကဆရာဝန်တွေအားလုံး မျက်ရည်ဝဲနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်းထန်သောရောဂါ ကုသပျောက်ကင်းမှုနှုန်းဟာ အလွန်နိမ့်ကျပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် အလွန်နိမ့်နေသောကြောင့်ဖြစ်တယ်။

ရောဂါလက္ခဏာမပြင်းထန်သူဟာ ဆေးရုံသို့သွားစရာမလိုပါဘူး။  အကယ်၍ ရောဂါလက္ခဏာမပြင်းထန်သူက ဆေးရုံတက်ခဲ့မယ်ဆိုရင် အသည်းသန်ဖြစ်နေတဲ့လူနာများအတွက် ကုတင်မရှိတော့ဘူး။ သူတို့ ICU ကုတင်များ စပိန်နိုင်ငံမှာ ရှိသလိုပေါ့။ ဥရောပနိုင်ငံတွေအားလုံးထဲမှာ ICU ကုတင်အများဆုံးရှိတာ ဂျာမနီနိုင်ငံ ပါပဲ။ သို့သော် အဲ့ဒီလိုအဆင့်သတ်မှတ်တာက ကမ္ဘာကအဆင့် သတ်မှတ်ပေးထားတာတွေပဲ။ အနောက်နိုင်ငံများမှာ ICU ကုတင် အများဆုံးနိုင်ငံက အမေရိကန်နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးကတော့ ဂျာမနီနိုင်ငံ ဖြစ်တယ်။ ယခုသင်တို့လက်ရှိနေထိုင်နေတဲ့နိုင်ငံတွေကတော့ ကုတင်အရေအတွက်အားဖြင့် စာရင်းအနည်းအများ စီမယ်ဆိုရင် အနောက်မှာရောက်နေမှာပါ။ သူတို့လည်း ခင်ဗျားတို့ကိုလုံလောက်အောင် အိပ်ရာပေးနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ဘာအရေးကြီးလက္ခဏာမပြပဲနဲ့ ဆေးရုံမှာနေဖို့ဆိုတာ ဖြစ်နိုင်ခြေလုံးဝမရှိဘူး။ ပြီးတော့ အနည်းငယ်ကနေ ပြင်းထန်တဲ့ရောဂါအထိ ပြောင်းလဲမှုရှိကြတယ်။ ကျွန်တော်တစ်ချက်ပဲပြောမယ်။ အခုအစမှာ နေမကောင်းဖြစ်တာက အခြေခံအားဖြင့် လူအများကြားမှာပါ။  နောင်မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူတွေ တဖြည်းဖြည်းများလာမယ်ဆိုရင်ရော၊  ကျွန်ုပ်တို့အခု ရောဂါလက္ခဏာပြတဲ့လူနာအကြာင်းပဲ ပြောပါမယ်။ ရောဂါလက္ခဏာပြတဲ့လူနာဆိုရင် တရုတ်နိုင်ငံရဲ့ ဒေတာတွေအရ အခြေခံအားဖြင့် လူအယောက် ၁၀၀ မှာ ၁၅ ဦးဟာ ရောဂါအခြေအနေပြင်းထန်သူများ ဖြစ်ပါတယ်။ ဒါကြောင့်တစ်ချို့တွေ ရောဂါလက္ခဏာမပြင်းထန်ပေမယ့်လည်း ပြင်းထန်းသွားနိုင်ခြေတော့ရှိနေပါတယ်။ ရောဂါပြင်းထန်သူ ၁၅ ဦးမှာဆိုရင် ၃ဦးဟာ အသည်းအသန်ပြင်းထန်သူတွေ ဖြစ်ပါတယ်။ သူတို့ကို အသက်ရှူပိုက်သွင်းကုသရပါတယ်။ လက်ရှိမှာ သေဆုံးသူတွေဟာ အသည်းအသန်ပြင်းထန်သူတွေပဲ ဖြစ်ပါတယ်။ အကယ်၍ ၁၅ ယောက်ထဲမှာ ၃ယောက်က အသက်ရှူပိုက်သွင်းကုသရသူတွေဆိုရင် ကျန်တဲ့ ၁၂ယောက်ကို ဘယ်လိုကုသလဲ။ ဒီ၁၂ယောက်ဟာ အောက်ဆီဂျင်ရှူနိုင်တယ်ဆိုရင်ပဲ ကောင်းကောင်းအသင်ရှင်နိုင်ပါပြီ။ ဒါပေမယ့် ဆေရုံမှာ ကုတင်ပြည့်နေရင် သူတို့က ဆေးရုံတက်ဖို့အဆင်မပြေပါဘူး။ အဲဒီအခါမှာ ဒီ ၁၂ ယောက်အတွက် အောက်ဆီဂျင်မပေးနိုင်ဘူးဆိုရင် သူတို့သေရုံပဲရှိတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့ဆေးရုံကို ဘယ်အချိန်သွားမလဲဆိုတာသိဖို့ အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေမကောင်းစကာလမှာ အသက်ရှူလို့မရတာမျိုးက သိပ်မဖြစ်နိုင်ဘူး။  ဒါကြောင့် ၁၀၀ မှာ ၁၅ ယောက်က ဆေးရုံကိုသွားကြတာပေါ့။ ဆေးရုံကိုမသွားရင် အရမ်းအန္တရာယ်များတယ်။ ဆေးရုံသွားပြီး ICU တက်ရတဲ့သူက သုံးယောက်ပဲရှိတယ်။ ဒါကြောင့် ဒီအချိန်မှာ၊ တရုတ်ပြည်မှာ၊ ငါတို့ဒီလိုမျိုးလုပ်ခဲ့တယ်။  လူနာကိုရောဂါလက္ခဏာမပြင်းထန်သွားအောင် ဘယ်လိုလုပ်သလဲ။ ကျွန်တော်တို့ဆေးရုံမှာ ဒီလူနာကပြည်ပမှာ ရောဂါကူးလာတာ။ ရောဂါကူးပြီး တရုတ်ပြည်ဝင်ရောက်လာပြီးနောက် ကျွန်တော်တို့ဆေးရုံမှာပဲ အချိန်တိုလေးအတွင်းမှာ မထင်မှတ်ထားပဲ ရောဂါအခြေအနေ ပြင်းထန်လာတယ်။ နောက်တော့ သူ့ကိုအသက်ရှူပိုက်တပ်ပေးရတယ်။ ဘာလို့ဒီလောက်မြန်ရတာလဲ။ နောက်မှကျွန်တော်သိရှိရတယ်။

(နောက်ဆက်တွဲအပိုင်းများအားဆက်လက်၍ဖော်ပြမည်။)


အောင်ဉာဏ်ထွန်း၊ဇွဲမြန်လင်း ဘာသာပြန်သည်။




[Zawgyi]

ရွန္ဟိုင္းေရာဂါကုသေရးအထူးအဖြဲ႕ အဖြဲ႕ေခါင္းေဆာင္၊ Hua Shan ေဆး႐ုံကူးစက္ေရာဂါဌာနဌာနမႉး Mr. Zhang WenHong ႏွင့္ေတြ႕ဆုံျခင္း


မဂၤလာပါ ... ပါေမာကၡ Zhang, ကြၽန္မက စပိန္ႏိုင္ငံမွ တ႐ုတ္ကုန္သည္ႀကီးမ်ားအသင္း ဥကၠ႒ Xue Lin ပါ။  လက္ရွိ ျပည္ပႏိုင္ငံမ်ားမွာ ပုံမွန္အားျဖင့္ ေရာဂါလကၡဏာျပင္းထန္တဲ့လူနာမ်ားကို အဓိကထားကုသၿပီး ေရာဂါလကၡဏာ အနည္းအက်ဥ္းသာရွိေသာ၊ သိပ္မျပင္းထန္ေသာသူမ်ားကို ေယဘုယ်အားျဖင့္ အိမ္တြင္သာ သီးျခားအနားယူခိုင္းတာ ေတြ႕ရပါတယ္။ ေရာဂါအေျခအေနအနည္းငယ္မွ ျပင္းထန္သြားႏိုင္တဲ့ ျဖစ္ႏိုင္ေခ်ရာခိုင္ႏႈန္း ဘယ္ေလာက္ရွိႏိုင္လဲဆိုတာ ေမးလိုပါတယ္။ ဒါ့အျပင္ ေရာဂါအေျခအေနအနည္းငယ္မွ ျပင္းထန္မသြားေအာင္ ဘယ္လိုလုပ္ရမလဲ။ ကိုယ့္ဘာသာ ျပန္လည္က်န္းမာလာႏိုင္သည့္ႏႈန္း ျမင့္မားေအာင္ ဘယ္လိုလုပ္ရပါမလဲ။ ေက်းဇူးတင္ပါတယ္။


Zhang ပါေမာကၡ -

ေကာင္းပါၿပီ။ ခင္ဗ်ားေမးတဲ့ ဒီေမးခြန္းက အလြန္ေကာင္းပါတယ္။ တကယ္ေတာ့ စပိန္ႏိုင္ငံဟာ ေရာဂါျဖစ္ပြားမႈႏႈန္း အေတာ္ေလးျမင့္မားေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္ လြန္ခဲ့တဲ့ႏွစ္ပတ္က ဥေရာပႏိုင္ငံရွိ လက္ေတြ႕ေဆးကုသေပးေနတဲ့ ဆရာဝန္ႀကီးမ်ားက ကြၽန္ေတာ္တို႔ရဲ႕  ပညာရွင္ Zhong Nanshan ရဲ႕ တ႐ုတ္ႏိုင္ငံမွာက်င္းပတဲ့ အျပည္ျပည္ဆိုင္ရာကပ္ေရာဂါ ေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ပါတယ္။ သူတို႔နဲ႔ကြၽန္ေတာ္ အျပန္အလွန္ေဆြးေႏြးမႈ အျပည့္ရွိခဲ့တယ္။ အဲဒီေန႔မွာ စပိန္ႏိုင္ငံကဆရာဝန္ေတြအားလုံး မ်က္ရည္ဝဲေနၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပင္းထန္ေသာေရာဂါ ကုသေပ်ာက္ကင္းမႈႏႈန္းဟာ အလြန္နိမ့္က်ၿပီး အထူးသျဖင့္ သက္ႀကီး႐ြယ္အိုမ်ားအတြက္ အလြန္နိမ့္ေနေသာေၾကာင့္ျဖစ္တယ္။

ေရာဂါလကၡဏာမျပင္းထန္သူဟာ ေဆး႐ုံသို႔သြားစရာမလိုပါဘူး။  အကယ္၍ ေရာဂါလကၡဏာမျပင္းထန္သူက ေဆး႐ုံတက္ခဲ့မယ္ဆိုရင္ အသည္းသန္ျဖစ္ေနတဲ့လူနာမ်ားအတြက္ ကုတင္မရွိေတာ့ဘူး။ သူတို႔ ICU ကုတင္မ်ား စပိန္ႏိုင္ငံမွာ ရွိသလိုေပါ့။ ဥေရာပႏိုင္ငံေတြအားလုံးထဲမွာ ICU ကုတင္အမ်ားဆုံးရွိတာ ဂ်ာမနီႏိုင္ငံ ပါပဲ။ သို႔ေသာ္ အဲ့ဒီလိုအဆင့္သတ္မွတ္တာက ကမာၻကအဆင့္ သတ္မွတ္ေပးထားတာေတြပဲ။ အေနာက္ႏိုင္ငံမ်ားမွာ ICU ကုတင္ အမ်ားဆုံးႏိုင္ငံက အေမရိကန္ႏိုင္ငံျဖစ္ၿပီး ဒုတိယအမ်ားဆုံးကေတာ့ ဂ်ာမနီႏိုင္ငံ ျဖစ္တယ္။ ယခုသင္တို႔လက္ရွိေနထိုင္ေနတဲ့ႏိုင္ငံေတြကေတာ့ ကုတင္အေရအတြက္အားျဖင့္ စာရင္းအနည္းအမ်ား စီမယ္ဆိုရင္ အေနာက္မွာေရာက္ေနမွာပါ။ သူတို႔လည္း ခင္ဗ်ားတို႔ကိုလုံေလာက္ေအာင္ အိပ္ရာေပးႏိုင္မွာ မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ဘာအေရးႀကီးလကၡဏာမျပပဲနဲ႔ ေဆး႐ုံမွာေနဖို႔ဆိုတာ ျဖစ္ႏိုင္ေျခလုံးဝမရွိဘူး။ ၿပီးေတာ့ အနည္းငယ္ကေန ျပင္းထန္တဲ့ေရာဂါအထိ ေျပာင္းလဲမႈရွိၾကတယ္။ ကြၽန္ေတာ္တစ္ခ်က္ပဲေျပာမယ္။ အခုအစမွာ ေနမေကာင္းျဖစ္တာက အေျခခံအားျဖင့္ လူအမ်ားၾကားမွာပါ။  ေနာင္မွာ ေရာဂါလကၡဏာမျပဘဲ ေရာဂါပိုးရွိသူေတြ တျဖည္းျဖည္းမ်ားလာမယ္ဆိုရင္ေရာ၊  ကြၽႏ္ုပ္တို႔အခု ေရာဂါလကၡဏာျပတဲ့လူနာအၾကာင္းပဲ ေျပာပါမယ္။ ေရာဂါလကၡဏာျပတဲ့လူနာဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ ေဒတာေတြအရ အေျခခံအားျဖင့္ လူအေယာက္ ၁၀၀ မွာ ၁၅ ဦးဟာ ေရာဂါအေျခအေနျပင္းထန္သူမ်ား ျဖစ္ပါတယ္။ ဒါေၾကာင့္တစ္ခ်ိဳ႕ေတြ ေရာဂါလကၡဏာမျပင္းထန္ေပမယ့္လည္း ျပင္းထန္းသြားႏိုင္ေျခေတာ့ရွိေနပါတယ္။ ေရာဂါျပင္းထန္သူ ၁၅ ဦးမွာဆိုရင္ ၃ဦးဟာ အသည္းအသန္ျပင္းထန္သူေတြ ျဖစ္ပါတယ္။ သူတို႔ကို အသက္ရႉပိုက္သြင္းကုသရပါတယ္။ လက္ရွိမွာ ေသဆုံးသူေတြဟာ အသည္းအသန္ျပင္းထန္သူေတြပဲ ျဖစ္ပါတယ္။ အကယ္၍ ၁၅ ေယာက္ထဲမွာ ၃ေယာက္က အသက္ရႉပိုက္သြင္းကုသရသူေတြဆိုရင္ က်န္တဲ့ ၁၂ေယာက္ကို ဘယ္လိုကုသလဲ။ ဒီ၁၂ေယာက္ဟာ ေအာက္ဆီဂ်င္ရႉႏိုင္တယ္ဆိုရင္ပဲ ေကာင္းေကာင္းအသင္ရွင္ႏိုင္ပါၿပီ။ ဒါေပမယ့္ ေဆ႐ုံမွာ ကုတင္ျပည့္ေနရင္ သူတို႔က ေဆး႐ုံတက္ဖို႔အဆင္မေျပပါဘူး။ အဲဒီအခါမွာ ဒီ ၁၂ ေယာက္အတြက္ ေအာက္ဆီဂ်င္မေပးႏိုင္ဘူးဆိုရင္ သူတို႔ေသ႐ုံပဲရွိေတာ့မွာပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေဆး႐ုံကို ဘယ္အခ်ိန္သြားမလဲဆိုတာသိဖို႔ အလြန္အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနမေကာင္းစကာလမွာ အသက္ရႉလို႔မရတာမ်ိဳးက သိပ္မျဖစ္ႏိုင္ဘူး။  ဒါေၾကာင့္ ၁၀၀ မွာ ၁၅ ေယာက္က ေဆး႐ုံကိုသြားၾကတာေပါ့။ ေဆး႐ုံကိုမသြားရင္ အရမ္းအႏၲရာယ္မ်ားတယ္။ ေဆး႐ုံသြားၿပီး ICU တက္ရတဲ့သူက သုံးေယာက္ပဲရွိတယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ၊ တ႐ုတ္ျပည္မွာ၊ ငါတို႔ဒီလိုမ်ိဳးလုပ္ခဲ့တယ္။  လူနာကိုေရာဂါလကၡဏာမျပင္းထန္သြားေအာင္ ဘယ္လိုလုပ္သလဲ။ ကြၽန္ေတာ္တို႔ေဆး႐ုံမွာ ဒီလူနာကျပည္ပမွာ ေရာဂါကူးလာတာ။ ေရာဂါကူးၿပီး တ႐ုတ္ျပည္ဝင္ေရာက္လာၿပီးေနာက္ ကြၽန္ေတာ္တို႔ေဆး႐ုံမွာပဲ အခ်ိန္တိုေလးအတြင္းမွာ မထင္မွတ္ထားပဲ ေရာဂါအေျခအေန ျပင္းထန္လာတယ္။ ေနာက္ေတာ့ သူ႔ကိုအသက္ရႉပိုက္တပ္ေပးရတယ္။ ဘာလို႔ဒီေလာက္ျမန္ရတာလဲ။ ေနာက္မွကြၽန္ေတာ္သိရွိရတယ္။

(ေနာက္ဆက္တြဲအပိုင္းမ်ားအားဆက္လက္၍ေဖာ္ျပမည္။)


ေအာင္ဥာဏ္ထြန္း၊ဇြဲျမန္လင္း ဘာသာျပန္သည္။


Add a comment