“Go Covid” အပိုင်း(၃)

2020-03-26 21:32:00
ANyarThar
Original 348
Summary : အကြောက်လည်း မလွန်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့။ အရေးကြီးဆုံးက သတင်းအမှန်တွေကို ရဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ဖတ်ရှုဖို့ပါ။ ဒါမှ သတင်းအမှားတွေကို မယုံမှာဖြစ်ပါတယ်။

[Unicode]

“Go Covid”

အပိုင်း(၃)
 

(ဂ)ရပ်ရွာအုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဝန်ထမ်းများရဲ့ တာဝန်

 

ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့က ကိုယ့်ရပ်ရွာမှာ ပြည်တော်ပြန် ရှိ/မရှိ စုံစမ်း ထောက်လှမ်းနေရပါမယ်။ ရှိပြီဆိုရင် အဆင့်ဆင့်သတင်းပို့ပြီး အချက်အလက်ပြည့်စုံအောင် ရယူရပါမယ်။ မှတ်တမ်းတင်ထားရပါမယ်။ တရားဝင်လမ်းကြောင်းက ပြန်လာသူကို အလွယ်တကူ တွေ့နိုင်ပေမယ့် တရားမဝင်လမ်းကြောင်းက ဝင်လာသူကြရင်တော့ ခက်ခဲနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်လာသူကို တွေ့ဖို့၊ ရှာဖွေဖို့ အရေးကြီးပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ မြို့နယ်အုပ်ချုပ်ရေး မှူးထံ သတင်းပို့ပြီး အဆက်မပြတ် စောင့်ကြည့်နေရပါမယ်။ ပြည်တော်ပြန်များရဲ့ သတင်းကို အချိန်နဲ့တစ်ပြေးညီ သတင်းပို့ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းများကတော့ ပြည်တော်ပြန်များကို ကျန်းမာရေး စစ်ဆေးမှုလုပ်ပြီး မှတ်တမ်းပြုစုထား ရပါမယ်။ သံသယဖြစ်ဖွယ်ရာတွေ့ရင် အထက်အဆင့်ဆင့်ကို သတင်းပို့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆက်လုပ်ရမှာပါ။ ပြည်တော်ပြန်များဟာ quarantine လုပ်ထားတဲ့အတိုင်း နေထိုင်မှု ရှိ/မရှိ ဆိုတာလည်း စောင့်ကြည့်အစီရင်ခံရမှာပါ။

 

ရပ်ကွက်၊ ကျေးရွာတာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ အခြေခံကျန်းမာရေး ဝန်ထမ်းများရဲ့ လုပ်ကိုင်ဆောင်ရွက်မှုဟာလည်း အရေးပါတဲ့ ကဏ္ဍအနေနဲ့ ရှိနေပါတယ်။ သူတို့ဟာ ရှေ့တန်းက ဆောင်ရွက်နေမယ့် ဝန်ထမ်းများ ဖြစ်ကြပါတယ်။ သူတို့ရဲ့လုပ်အား၊ ပြည်တော်ပြန်နဲ့ မိသားစုတို့ရဲ့ ပူးပေါင်းပါဝင်မှုဟာ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ခြင်းမှာ အခြေခံအကျဆုံး လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဤအချက်အောင်မြင်လျှင် စာရေးသူတို့ ပျံ့နှံ့မှုကို အတော်အတန် ထိမ်းချုပ်နိုင်မှာပါ။

 

 (ဃ)ပြည်သူလူထုရဲ့တာဝန်

 

အကြောက်လည်း မလွန်ပါနဲ့၊ မကြောက်ဘဲလည်း မနေပါနဲ့။ အရေးကြီးဆုံးက သတင်းအမှန်တွေကို ရဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ဖတ်ရှုဖို့ပါ။ ဒါမှ သတင်းအမှားတွေကို မယုံမှာဖြစ်ပါတယ်။ ပထမဦးဆုံး အကြောက်လွန်ပီး Panic Buying ခေါ်တဲ့ အစားအသောက်တွေ ဝယ်ယူစုတာ မလုပ်ပါနဲ့။ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ပြောပြီးပါပြီ။ ဈေးရောင်းတဲ့ နေရာတွေ မပိတ်ပါဘူးဆိုတာပါ။ မကြောက်ဘူး။ ကြောက်စရာမလိုပါဘူးလို့လည်း မမှတ်ပါနဲ့။ ဒါကြောင့် တတ်နိုင်သမျှ အပြင်မထွက်ဘဲနေပါ။ မည်သည့်ပွဲလမ်းသဘင်၊ လူစည်ကားရာနေရာတွေ ကိုမဆို ယခု ရက်ပိုင်းအတွင်း ရှောင်တာ အကောင်းဆုံးပါ။ အသက်(၆ဝ)ကျော်တွေ အပြင်မထွက်ရင် ရောဂါကူးစက်ခံရဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုလူစည်ကားရာ မသွားဘဲနေတာကို Social Distancing လို့ခေါ်ပါတယ်။ နိုင်ငံတကာမှာ ပြည်သူတွေကို Social Distancing လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် အချုပ်အားဖြင့်ပြောရရင် မဖြစ်မနေသွားရမယ့်နေရာကိုသာ သွားပါ။ ဈေးကိုလည်း တစ်ရက်စာ (သို့) သုံးရက်စာဝယ်ပါ။ 'အိမ်မှာ နေခြင်းဟာ ရောဂါကို ကာကွယ်ခြင်း'လည်း ဖြစ်ပါတယ်။ Covid-19 ရောဂါပိုးအတွက် ကာကွယ်ဆေးဟာ Home Stay ပါ။

 

နောက်တစ်ချက်က Covid-19 ပတ်သက်လို့ ထူးခြားမှုရှိရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံ သတင်းပို့ပါ။ ရပ်ရွာတွေထဲမှာ ပြည်တော်ပြန်များ စည်းကမ်းမလိုက်နာရင်လည်း သက်ဆိုင်ရာကို သတင်းပေးအကြောင်းကြားပါ။ ဒါလည်း တာဝန် တစ်ခုပါပဲ။

 

(င) စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဈေးရောင်းသူများရဲ့ တာဝန်

 

ပြည်နာတုန်း ငွေရှာမယ်ဆိုတဲ့ အတွေးမျိုး ဒီအချိန်မှာ မတွေးသင့်ပါဘူး။ အခြေခံ စားကုန်တွေ ဆန်၊ ဆီ၊ ဆား အလုံအလောက်ရှိတယ်ဆိုတာ Online မှာ တင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကုန်ပစ္စည်းများ၊ စားသောက်ကုန်များကို ဈေးမြှင့်ပြီး မရောင်းကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ယခုအချိန်ဟာ Covid-19 ကို အမျိုးသားရေးအသွင်နဲ့ တိုက်ဖျက်နေတဲ့ ကာလမို့ တတ်နိုင်သမျှ ပူးပေါင်းကူညီစေချင်ပါတယ်။

 

(စ) ပရဟိတအဖွဲ့များရဲ့ တာဝန်

 

Quarantine လုပ်ထားသူများ၊ သံသယရှိလူနာများနှင့်ပတ်သက်၍ လိုအပ်သည်များကို အကူအညီပေးရန် အသင့်ရှိစေချင်ပါတယ်။ မူလကတည်းက ပရဟိတလုပ်ငန်းက အရှိန်ရနေတော့ ခက်ခဲမယ်မထင်ပါဘူး။ အစားအသောက် ဝေငှပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း၊ ဆေးရုံပို့ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

 

(ဆ) အစိုးရရဲ့တာဝန်

 

ရောဂါသံသယရှိသူများ၊ ရောဂါပိုးရှိသူများနဲ့ ထိတွေ့ရမယ့်သူတိုင်း အတွက် အကာအကွယ်ပစ္စည်းများ အလုံအလောက် ရအောင် စီမံပေးရမှာ ဖြစ်ပါတယ်။ ထို့အတူ Facility Quarantine အတွက် နေရာများ သတ်မှတ်ခြင်း၊ ခုတင်များရအောင် စီစဉ်ထားခြင်း၊ အစားအသောက်များ စီမံခြင်း၊ ရေ၊ မီးနှင့် သန့်ရှင်းရေးတို့အတွက် ပြင်ဆင်ထားခြင်း စတာတွေ အသင့်ဖြစ်နေရမှာပါ။ အလှူရှင်များကိုလည်း ရှာဖွေရမှာဖြစ်ပါတယ်။ စာရေးသူတို့ မန္တလေးတိုင်းဒေသကြီးက အသက်ရှူစက်ကအစ ဝယ်တယ်လို့ သိရပါတယ်။ လောလောဆယ် (၄)လုံးမှာထားပါတယ်။ Mask များ၊ PPE ဝတ်စုံများ၊ လက်အိတ်များ၊ Goggle မျက်မှန်များ အစရှိတဲ့ အကာအကွယ်ပစ္စည်းတွေ မှာထားတာ သိရတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ စောင့်ကြပ်ကြည့်ရှုမှုနဲ့ တုံ့ပြန်မှုအဖွဲ့ (Surveillance & Response Team) အဆင့်ဆင့် ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ စုပေါင်းအားနဲ့ ပြည်သူအားနဲ့ Covid-19 ရောဂါပိုးကို ထိန်းချုပ်ကာကွယ်ခြင်းဟာ အမျိုးသားရေးတာဝန်တစ်ခုလို့ ခံယူပြီး ဝိုင်းဝန်း ကာကွယ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ မန္တလေးသူ၊ မန္တလေးသားတွေ မန္တလေးစိတ်နဲ့ မန္တလေးတိုင်းဒေသကြီးကိုလည်း ကာကွယ်ပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

 

အညာသား

 

 

[Zawgyi]

“Go Covid”

အပိုင္း(၃)

 

(ဂ)ရပ္႐ြာအုပ္ခ်ဳပ္ေရးနဲ႔ က်န္းမာေရးဝန္ထမ္းမ်ားရဲ႕ တာဝန္

 

ဆယ္အိမ္မႉး၊ ရာအိမ္မႉးတို႔က ကိုယ့္ရပ္႐ြာမွာ ျပည္ေတာ္ျပန္ ရွိ/မရွိ စုံစမ္း ေထာက္လွမ္းေနရပါမယ္။ ရွိၿပီဆိုရင္ အဆင့္ဆင့္သတင္းပို႔ၿပီး အခ်က္အလက္ျပည့္စုံေအာင္ ရယူရပါမယ္။ မွတ္တမ္းတင္ထားရပါမယ္။ တရားဝင္လမ္းေၾကာင္းက ျပန္လာသူကို အလြယ္တကူ ေတြ႕ႏိုင္ေပမယ့္ တရားမဝင္လမ္းေၾကာင္းက ဝင္လာသူၾကရင္ေတာ့ ခက္ခဲႏိုင္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ျပန္လာသူကို ေတြ႕ဖို႔၊ ရွာေဖြဖို႔ အေရးႀကီးပါတယ္။ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးကေန ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မႉးထံ သတင္းပို႔ၿပီး အဆက္မျပတ္ ေစာင့္ၾကည့္ေနရပါမယ္။ ျပည္ေတာ္ျပန္မ်ားရဲ႕ သတင္းကို အခ်ိန္နဲ႔တစ္ေျပးညီ သတင္းပို႔ဖို႔ လိုအပ္ပါတယ္။ က်န္းမာေရးဝန္ထမ္းမ်ားကေတာ့ ျပည္ေတာ္ျပန္မ်ားကို က်န္းမာေရး စစ္ေဆးမႈလုပ္ၿပီး မွတ္တမ္းျပဳစုထား ရပါမယ္။ သံသယျဖစ္ဖြယ္ရာေတြ႕ရင္ အထက္အဆင့္ဆင့္ကို သတင္းပို႔ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ဆက္လုပ္ရမွာပါ။ ျပည္ေတာ္ျပန္မ်ားဟာ quarantine လုပ္ထားတဲ့အတိုင္း ေနထိုင္မႈ ရွိ/မရွိ ဆိုတာလည္း ေစာင့္ၾကည့္အစီရင္ခံရမွာပါ။

 

ရပ္ကြက္၊ ေက်း႐ြာတာဝန္ရွိ ပုဂၢိဳလ္မ်ားနဲ႔ အေျခခံက်န္းမာေရး ဝန္ထမ္းမ်ားရဲ႕ လုပ္ကိုင္ေဆာင္႐ြက္မႈဟာလည္း အေရးပါတဲ့ က႑အေနနဲ႔ ရွိေနပါတယ္။ သူတို႔ဟာ ေရွ႕တန္းက ေဆာင္႐ြက္ေနမယ့္ ဝန္ထမ္းမ်ား ျဖစ္ၾကပါတယ္။ သူတို႔ရဲ႕လုပ္အား၊ ျပည္ေတာ္ျပန္နဲ႔ မိသားစုတို႔ရဲ႕ ပူးေပါင္းပါဝင္မႈဟာ ေရာဂါပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ျခင္းမွာ အေျခခံအက်ဆုံး လုပ္ေဆာင္ခ်က္ ျဖစ္ပါတယ္။ ဤအခ်က္ေအာင္ျမင္လွ်င္ စာေရးသူတို႔ ပ်ံ႕ႏွံ႔မႈကို အေတာ္အတန္ ထိမ္းခ်ဳပ္ႏိုင္မွာပါ။

 

 

 (ဃ)ျပည္သူလူထုရဲ႕တာဝန္

 

အေၾကာက္လည္း မလြန္ပါနဲ႔၊ မေၾကာက္ဘဲလည္း မေနပါနဲ႔။ အေရးႀကီးဆုံးက သတင္းအမွန္ေတြကို ရဖို႔ပဲျဖစ္ပါတယ္။ ဒါဆိုရင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ေၾကညာခ်က္ေတြကို ဖတ္ရႈဖို႔ပါ။ ဒါမွ သတင္းအမွားေတြကို မယုံမွာျဖစ္ပါတယ္။ ပထမဦးဆုံး အေၾကာက္လြန္ပီး Panic Buying ေခၚတဲ့ အစားအေသာက္ေတြ ဝယ္ယူစုတာ မလုပ္ပါနဲ႔။ အတိုင္ပင္ခံပုဂၢိဳလ္လည္း ေျပာၿပီးပါၿပီ။ ေဈးေရာင္းတဲ့ ေနရာေတြ မပိတ္ပါဘူးဆိုတာပါ။ မေၾကာက္ဘူး။ ေၾကာက္စရာမလိုပါဘူးလို႔လည္း မမွတ္ပါနဲ႔။ ဒါေၾကာင့္ တတ္ႏိုင္သမွ် အျပင္မထြက္ဘဲေနပါ။ မည္သည့္ပြဲလမ္းသဘင္၊ လူစည္ကားရာေနရာေတြ ကိုမဆို ယခု ရက္ပိုင္းအတြင္း ေရွာင္တာ အေကာင္းဆုံးပါ။ အသက္(၆ဝ)ေက်ာ္ေတြ အျပင္မထြက္ရင္ ေရာဂါကူးစက္ခံရဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒီလိုလူစည္ကားရာ မသြားဘဲေနတာကို Social Distancing လို႔ေခၚပါတယ္။ ႏိုင္ငံတကာမွာ ျပည္သူေတြကို Social Distancing လုပ္ဖို႔ တိုက္တြန္းထားပါတယ္။ ဒါေၾကာင့္ အခ်ဳပ္အားျဖင့္ေျပာရရင္ မျဖစ္မေနသြားရမယ့္ေနရာကိုသာ သြားပါ။ ေဈးကိုလည္း တစ္ရက္စာ (သို႔) သုံးရက္စာဝယ္ပါ။ 'အိမ္မွာ ေနျခင္းဟာ ေရာဂါကို ကာကြယ္ျခင္း'လည္း ျဖစ္ပါတယ္။ Covid-19 ေရာဂါပိုးအတြက္ ကာကြယ္ေဆးဟာ Home Stay ပါ။

 

ေနာက္တစ္ခ်က္က Covid-19 ပတ္သက္လို႔ ထူးျခားမႈရွိရင္ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းထံ သတင္းပို႔ပါ။ ရပ္႐ြာေတြထဲမွာ ျပည္ေတာ္ျပန္မ်ား စည္းကမ္းမလိုက္နာရင္လည္း သက္ဆိုင္ရာကို သတင္းေပးအေၾကာင္းၾကားပါ။ ဒါလည္း တာဝန္ တစ္ခုပါပဲ။

 

(င) စီးပြားေရးလုပ္ငန္းရွင္မ်ားနဲ႔ ေဈးေရာင္းသူမ်ားရဲ႕ တာဝန္

 

ျပည္နာတုန္း ေငြရွာမယ္ဆိုတဲ့ အေတြးမ်ိဳး ဒီအခ်ိန္မွာ မေတြးသင့္ပါဘူး။ အေျခခံ စားကုန္ေတြ ဆန္၊ ဆီ၊ ဆား အလုံအေလာက္ရွိတယ္ဆိုတာ Online မွာ တင္ေပးဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။ ကုန္ပစၥည္းမ်ား၊ စားေသာက္ကုန္မ်ားကို ေဈးျမႇင့္ၿပီး မေရာင္းၾကဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။ ယခုအခ်ိန္ဟာ Covid-19 ကို အမ်ိဳးသားေရးအသြင္နဲ႔ တိုက္ဖ်က္ေနတဲ့ ကာလမို႔ တတ္ႏိုင္သမွ် ပူးေပါင္းကူညီေစခ်င္ပါတယ္။

 

(စ) ပရဟိတအဖြဲ႕မ်ားရဲ႕ တာဝန္

 

Quarantine လုပ္ထားသူမ်ား၊ သံသယရွိလူနာမ်ားႏွင့္ပတ္သက္၍ လိုအပ္သည္မ်ားကို အကူအညီေပးရန္ အသင့္ရွိေစခ်င္ပါတယ္။ မူလကတည္းက ပရဟိတလုပ္ငန္းက အရွိန္ရေနေတာ့ ခက္ခဲမယ္မထင္ပါဘူး။ အစားအေသာက္ ေဝငွေပးျခင္း၊ သန႔္ရွင္းေရးလုပ္ေပးျခင္း၊ ေဆး႐ုံပို႔ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးရမွာ ျဖစ္ပါတယ္။

 

(ဆ) အစိုးရရဲ႕တာဝန္

 

ေရာဂါသံသယရွိသူမ်ား၊ ေရာဂါပိုးရွိသူမ်ားနဲ႔ ထိေတြ႕ရမယ့္သူတိုင္း အတြက္ အကာအကြယ္ပစၥည္းမ်ား အလုံအေလာက္ ရေအာင္ စီမံေပးရမွာ ျဖစ္ပါတယ္။ ထို႔အတူ Facility Quarantine အတြက္ ေနရာမ်ား သတ္မွတ္ျခင္း၊ ခုတင္မ်ားရေအာင္ စီစဥ္ထားျခင္း၊ အစားအေသာက္မ်ား စီမံျခင္း၊ ေရ၊ မီးႏွင့္ သန႔္ရွင္းေရးတို႔အတြက္ ျပင္ဆင္ထားျခင္း စတာေတြ အသင့္ျဖစ္ေနရမွာပါ။ အလႉရွင္မ်ားကိုလည္း ရွာေဖြရမွာျဖစ္ပါတယ္။ စာေရးသူတို႔ မႏၲေလးတိုင္းေဒသႀကီးက အသက္ရႉစက္ကအစ ဝယ္တယ္လို႔ သိရပါတယ္။ ေလာေလာဆယ္ (၄)လုံးမွာထားပါတယ္။ Mask မ်ား၊ PPE ဝတ္စုံမ်ား၊ လက္အိတ္မ်ား၊ Goggle မ်က္မွန္မ်ား အစရွိတဲ့ အကာအကြယ္ပစၥည္းေတြ မွာထားတာ သိရတဲ့အတြက္ ေက်းဇူးတင္ရပါတယ္။ ေစာင့္ၾကပ္ၾကည့္ရႈမႈနဲ႔ တုံ႔ျပန္မႈအဖြဲ႕ (Surveillance & Response Team) အဆင့္ဆင့္ ဖြဲ႕စည္းထားၿပီး ျဖစ္ပါတယ္။ စုေပါင္းအားနဲ႔ ျပည္သူအားနဲ႔ Covid-19 ေရာဂါပိုးကို ထိန္းခ်ဳပ္ကာကြယ္ျခင္းဟာ အမ်ိဳးသားေရးတာဝန္တစ္ခုလို႔ ခံယူၿပီး ဝိုင္းဝန္း ကာကြယ္ၾကပါစို႔လို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ရပါတယ္။ မႏၲေလးသူ၊ မႏၲေလးသားေတြ မႏၲေလးစိတ္နဲ႔ မႏၲေလးတိုင္းေဒသႀကီးကိုလည္း ကာကြယ္ပါလို႔ ေမတၱာရပ္ခံလိုက္ပါတယ္။

 

အညာသား

Add a comment