“Go Covid” အပိုင်း(၂)

2020-03-26 21:29:00
ANyarThar
Original 386
Summary : တတိယလှိုင်းကတော့ အမိမြေကို ပြန်လာမယ့်သူများနဲ့ COVID-19 ရောဂါပိုး ပြဿနာပါ။ ပြဿနာလို့ ပြောရတာက ပြန်လာတဲ့သူတွေမှာ ရောဂါပိုးပါ/မပါ စစ်ဆေးနိုင်မှု အခြားနိုင်ငံမှာရော စာရေးသူတို့နိုင်ငံမှာပါ ပြန်လာသူတိုင်း quarantine အလုပ်ခံဖို့ လိုပါတယ်။

[Unicode]

“Go Covid”

အပိုင်း(၂)

တတိယလှိုင်းကတော့ အမိမြေကို ပြန်လာမယ့်သူများနဲ့ COVID-19 ရောဂါပိုး ပြဿနာပါ။ ပြဿနာလို့ ပြောရတာက ပြန်လာတဲ့သူတွေမှာ ရောဂါပိုးပါ/မပါ စစ်ဆေးနိုင်မှု အခြားနိုင်ငံမှာရော စာရေးသူတို့နိုင်ငံမှာပါ ပြန်လာသူတိုင်း quarantine အလုပ်ခံဖို့ လိုပါတယ်။ သီးခြားခွဲပြီးနေရတာကို quarantine လို့ခေါ်ပါတယ်။ သတ်မှတ်ထားတဲ့ Facility Quarantine နဲ့ Home Quarantine (၂)မျိုးရှိပါတယ်။ ဒီလို quarantine လုပ်တာကို ပြည်တော်ပြန်လာသူတိုင်း အသာတကြည် လိုက်နာဖို့ လိုပါတယ်။ တာဝန်သိမှုနဲ့ တာဝန်ရှိမှုအပါအဝင် နိုင်ငံချစ်စိတ်နဲ့ ပြုလုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ရောက်ခဲ့တဲ့ဲနိုင်ငံက COVID-19 ဖြစ်ပွားမှုများတဲ့ နိုင်ငံဆိုရင် ပိုပြီးဂရုတစိုက် quarantine လုပ်ရပါမယ်။ ဒီလို quarantine လုပ်ခြင်းအားဖြင့် ရောဂါဖြစ်ပွားလာလျှင်လည်း အလျင်အမြန်သိရှိရပြီး လိုအပ်တာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က Patient Zero ကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ Patient Zero ဆိုတာ ပထမဆုံးရောဂါ စဖြစ်သူကို ပြောတာပါ။ 'စာရေးသူတို့ ကံကောင်းပါတယ်'။ Patient Zero ကို တီးတိန်မှာ တွေ့ခဲ့တာပါ။ အမေရိကန်က ပြန်လာတဲ့သူပါ။ သူနဲ့ တွေ့ခဲ့တဲ့သူတိုင်း သူစီးခဲ့တဲ့ လေယာဉ်၊ ကားမှာပါလာတဲ့သူတိုင်း၊ သူရောက်ခဲ့တဲ့ နေရာတိုင်းက လူတွေကို ရှာဖွေစောင့်ကြပ် ကြည့်ရှုနိုင်တော့ မှာမို့ပါ။ အဲဒီလူတွေအားလုံး “quarantine” အလုပ်ခံရမှာပါ။ ဒါကြောင့်လည်း တီးတိန်က အချို့နေရာတွေကို Lockdown လုပ်ရတာ ဖြစ်ပါတယ်။ အဆိုးထဲက အကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါတယ်။ စာရေးသူတို့အားလုံး(တစ်နိုင်ငံလုံး) ကျန်းမာရေး အသိရှိရှိ၊ တာဝန်ရှိမှု အသိရှိရှိ၊ တာဝန်သိမှု အသိရှိရှိနဲ့ COVID-19 ရောဂါပိုးကို ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါ တယ်။ မျှော်လင့်တုန်း ရောက်လာတဲ့အတွက် အကြောက်လွန်ပြီး သတင်းမှားတွေယုံ လုပ်မိလုပ်ရာ မလုပ်မိဖို့ လိုအပ်ပါ တယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ အလွန်အရေးကြီးပါတယ်။ ''မကြောက်ဘဲလည်း မနေပါနဲ့လို့လည်း ပြောချင်ပါတယ်''။

 

တာဝန်ကိုယ်စီ ရှိသင့်သည်၊ ရှိလည်း ရှိရမည်

 

စာရေးသူတို့ နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံပါ။ လိုအပ်ချက်တွေ ရှိနေဆဲပါ။ ပြဿနာတွေလည်း ရှိနေဆဲပါ။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အားလုံးကို မလွှမ်းခြုံနိုင်သေးတော့ COVID-19 ရောဂါဖြစ်လာရင် ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မယ်ဆိုပြီး တွေးကြောက်နေတာရှိပါတယ်။ ကြောက်နေရုံနဲ့ COVID-19 ရောဂါကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ရောဂါတစ်ခုဟာ ဖြစ်မှ ထက် ကာကွယ်တဲ့နည်းက ပိုပြီးအကျိုးရှိတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ စာရေးသူတို့ရဲ့ ပြည်တော်ပြန်တွေထဲမှာ ထိုင်း၊ မလေးရှားမှာ အလုပ်လုပ်နေတဲ့သူတွေ အများကြီးပါ။ နယ်စပ်ဂိတ်တွေမှာလည်း ပြန်ဖို့ လူတွေ စုဝေးနေတာလည်း တွေ့နေရပါတယ်။ ထိုင်း၊ မလေးရှားမှာလည်း COVID-19 ဖြစ်ပွားမှုကို ထိန်းချုပ်လို့ မရသေးပါ။ ထိုင်းရော မလေးရှားပါ လုပ်သင့်တာတွေ အကုန်လုပ်ပြီး ဖြစ်ကြပါတယ်။ နိုင်ငံခြားသား ဝင်ရောက်မှုပိတ်ပင်ခြင်း၊ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ ပိတ်ခြင်း၊ Shopping Mall များပိတ်ခြင်း၊ လူစုလူဝေးများ တားမြစ်ခြင်း၊ Quarantine လုပ်ခြင်း စသည့်လုပ်ငန်းတွေ အားလုံး လုပ်ပြီးဖြစ်ပါသည်။ စာရေးသူတို့ကတော့ ပြည်တော်ပြန်များ ပြန်ရောက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ပေးမှု အရေးတကြီး လိုအပ်ပါတယ်။ ကိုယ့်အခြေအနေ၊ ကိုယ့်အတိုင်းအတာနဲ့ COVID-19 ရောဂါပိုးကို စုပေါင်းရင်ဆိုင်ကျော်လွှားမှာ ဖြစ်တဲ့အတွက် အားလုံးညီညီညွတ်ညွတ် သွေးစည်းကြဖို့ လိုအပ်ပြီဖြစ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြည်သူတွေကို ၂၄ ရက်နေ့ညက COVID-19 ရောဂါအခြေအနေနဲ့ပတ်သက်ပြီး တင်ပြ အစီရင်ခံပြီး ဖြစ်ပါတယ်။ အတိုင်ပင်ခံရဲ့ ပြောကြားချက်ကို ပြည်သူတွေဆီ ရောက်အောင် ဖြန့်ဝေကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒါ့အပြင် လိုက်နာကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ အနုကြည့်မှန်ဘီလူးနဲ့ ကြည့်မှမြင်ရတဲ့ ပိုးမွှားနဲ့ လူသားတို့ရဲ့ တိုက်ပွဲမှာ စာရေးသူတို့ လူသားတွေ အညံ့ခံဖို့ မလိုအပ်ပါဘူး။ နောက်ဆုံးလူသားကသာ အောင်ပွဲခံမှာပါ။ စာရေးသူတို့လည်း တာဝန်သိသိ၊ တာဝန်ရှိရှိနဲ့ စုပေါင်းကာကွယ်ရင် ဆိုးဆိုးဝါးဝါး ကူးစက်မှုကို တားဆီးနိုင်မှာပါ။

 

ဘယ်လို တာဝန်ယူကြမလဲ

 

COVID-19 ရောဂါကို ထိန်းချုပ်ကာကွယ်ဖို့ ဘယ်သူတွေ ဘယ်လို တာဝန်ယူကြမလဲဆိုတာကို ခွဲခြားသတ်မှတ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာ ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတာလည်း သဘောပေါက်ထားဖို့ လိုပါတယ်။

 

(က) ပြည်တော်ပြန်နိုင်ငံသားများရဲ့ တာဝန်

 

COVID-19 ရောဂါပိုး မြန်မာနိုင်ငံမှာ ဆိုးဆိုးဝါးဝါးပျံ့နှံ့မှု ဖြစ်မယ်/ မဖြစ်ဘူးဆိုတာ သူတို့အပေါ် မူတည်ပါတယ်။ အထူးအရေးကြီးတာကတော့ တရားမဝင်လမ်းကြောင်းက ခိုးပြန်လာပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ခိုးပြီးဝင်ရောက်မနေဖို့ အချက်ပါ။

 

(၁) ဇာတိမြေကို ပြန်လာသူတိုင်းဟာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေကို အကြောင်းကြားရပါမယ်။

 

(၂) တာဝန်ရှိသူတွေကနေတစ်ဆင့် ကျန်းမာရေးဝန်ထမ်းတွေဆီမှာ ကျန်းမာရေးစစ်ဆေးမှုကို ခံယူရပါမယ်။ မလုပ်မဖြစ် လုပ်ကို လုပ်ရမယ့် တာဝန်ပါ။ စစ်ဆေးတဲ့အခါ သံသယဖြစ်ဖွယ်ရာ တွေ့တယ်ဆိုရင် လုပ်သင့်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ self-isolation သို့မဟုတ် Facility quarantine လုပ်ရမှာပါ။ သတ်မှတ်ထားတဲ့ ခွဲထားတဲ့နေရာမှာ (၁၄)ရက် နေထိုင်ခြင်းဖြစ်ပါတယ်။ ရပ်ရွာတွေမှာ facility quarantine မရှိတော့ Self – isolation ဆိုတဲ့ မိသားစုနဲ့အတူမနေဘဲ ကိုယ့်ဖာသာကိုယ် သီးသန့်ခွဲခြားပြီး (၁၄)ရက်နေထိုင်ခြင်း ဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါ ဘာသံသယဖြစ်ဖွယ်ရာမှ မရှိဘူး ဆိုရင် Home quarantine (၁၄)ရက် နေထိုင်ဖို့ လိုအပ်ပါတယ်။ ဤကဲ့သို့ (၁၄)ရက် ခွဲခြား နေထိုင်စဉ်ကာလမှာ ရပ်ထဲရွာထဲ အမျိုးအိမ်တွေကို လျှောက်မလည်ဘဲ အိမ်ထဲကနေ အိမ်အပြင်မထွက်ဖို့ အလွန်အရေးပါပါတယ်။ ဒါကို မလုပ်နိုင်ရင် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ စည်းကမ်းချက်ကို လိုက်နာဖို့ မိသားစုကလည်း ပြည်တော်ပြန်လာသူကို တွန်းအားပေး ရပါတယ်။ ဒါကြောင့် ပြည်တော်ပြန်နဲ့ မိသားစုတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ ရောဂါပိုး ပျံ့နှံ့မှုကာကွယ်ရေးမှာ အဓိကအချက် ဖြစ်နေပါတယ်။

 

(ခ) ပြည်တော်ပြန်မိသားစုများရဲ့ တာဝန်

 

ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်ခင်ပွန်း အိမ်ပြန်လာတာ မိသားစုတွေ ဝမ်းသာကြမှာပါ။ ဒါပေမယ့် ဝမ်းသာရုံနဲ့ မပြီးပါဘူး၊ တာဝန်လည်း ရှိလာပါပြီ။ အဲ့ဒါကတော့ တာဝန်ရှိပုဂ္ဂိုလ်တွေ (အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဝန်ထမ်း) ထံမှာ ပြည်တော်ပြန် ရောက်လာပြီဖြစ်ကြောင်း သတင်းပို့ရပါမယ်။ ကျန်းမာရေး အစစ်ဆေးခံဖို့လည်း ကိုယ့်လူကို သတိပေးရပါမယ်။ ဒီလိုလုပ်ခြင်း ဟာ မိသားစုကိုလည်း ကာကွယ်ရာရောက်သလို အခြားသူများကိုလည်း ကူးစက်မှုကနေ ကာကွယ်နိုင်မယ့် အကြောင်း ပြန်လာသူကို ရှင်းပြရပါမယ်။ မိသားစုအရေးသာမက နိုင်ငံ့အရေးဖြစ်တယ်ဆိုတာ သဘောပေါက်အောင် တာဝန်ရှိ ပုဂ္ဂိုလ်တွေကလည်း ရှင်းပြဖို့ လိုပါတယ်။ ဒါဆိုရင်ကို ပျံ့နှံ့မှုကို ဆိုးဆိုးဝါးဝါး မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

 

(( အပိုင်း ၃ ဆက်လက်ဖော်ပြပါမည် ))

 

အညာသား

 

 

[Zawgyi]

“Go Covid”

အပိုင္း(၂)

 

တတိယလႈိင္းကေတာ့ အမိေျမကို ျပန္လာမယ့္သူမ်ားနဲ႔ COVID-19 ေရာဂါပိုး ျပႆနာပါ။ ျပႆနာလို႔ ေျပာရတာက ျပန္လာတဲ့သူေတြမွာ ေရာဂါပိုးပါ/မပါ စစ္ေဆးႏိုင္မႈ အျခားႏိုင္ငံမွာေရာ စာေရးသူတို႔ႏိုင္ငံမွာပါ ျပန္လာသူတိုင္း quarantine အလုပ္ခံဖို႔ လိုပါတယ္။ သီးျခားခြဲၿပီးေနရတာကို quarantine လို႔ေခၚပါတယ္။ သတ္မွတ္ထားတဲ့ Facility Quarantine နဲ႔ Home Quarantine (၂)မ်ိဳးရွိပါတယ္။ ဒီလို quarantine လုပ္တာကို ျပည္ေတာ္ျပန္လာသူတိုင္း အသာတၾကည္ လိုက္နာဖို႔ လိုပါတယ္။ တာဝန္သိမႈနဲ႔ တာဝန္ရွိမႈအပါအဝင္ ႏိုင္ငံခ်စ္စိတ္နဲ႔ ျပဳလုပ္ရမွာျဖစ္ပါတယ္။ ကိုယ္ေရာက္ခဲ့တဲ့ဲႏိုင္ငံက COVID-19 ျဖစ္ပြားမႈမ်ားတဲ့ ႏိုင္ငံဆိုရင္ ပိုၿပီးဂ႐ုတစိုက္ quarantine လုပ္ရပါမယ္။ ဒီလို quarantine လုပ္ျခင္းအားျဖင့္ ေရာဂါျဖစ္ပြားလာလွ်င္လည္း အလ်င္အျမန္သိရွိရၿပီး လိုအပ္တာေဆာင္႐ြက္ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္က Patient Zero ကို ရွာေဖြေတြ႕ရွိႏိုင္မွာျဖစ္ပါတယ္။ Patient Zero ဆိုတာ ပထမဆုံးေရာဂါ စျဖစ္သူကို ေျပာတာပါ။ 'စာေရးသူတို႔ ကံေကာင္းပါတယ္'။ Patient Zero ကို တီးတိန္မွာ ေတြ႕ခဲ့တာပါ။ အေမရိကန္က ျပန္လာတဲ့သူပါ။ သူနဲ႔ ေတြ႕ခဲ့တဲ့သူတိုင္း သူစီးခဲ့တဲ့ ေလယာဥ္၊ ကားမွာပါလာတဲ့သူတိုင္း၊ သူေရာက္ခဲ့တဲ့ ေနရာတိုင္းက လူေတြကို ရွာေဖြေစာင့္ၾကပ္ ၾကည့္ရႈႏိုင္ေတာ့ မွာမို႔ပါ။ အဲဒီလူေတြအားလုံး “quarantine” အလုပ္ခံရမွာပါ။ ဒါေၾကာင့္လည္း တီးတိန္က အခ်ိဳ႕ေနရာေတြကို Lockdown လုပ္ရတာ ျဖစ္ပါတယ္။ အဆိုးထဲက အေကာင္းတစ္ခုကို ရွာေဖြေတြ႕ရွိျခင္း ျဖစ္ပါတယ္။ စာေရးသူတို႔အားလုံး(တစ္ႏိုင္ငံလုံး) က်န္းမာေရး အသိရွိရွိ၊ တာဝန္ရွိမႈ အသိရွိရွိ၊ တာဝန္သိမႈ အသိရွိရွိနဲ႔ COVID-19 ေရာဂါပိုးကို ရင္ဆိုင္ေျဖရွင္းဖို႔ လိုအပ္ပါ တယ္။ ေမွ်ာ္လင့္တုန္း ေရာက္လာတဲ့အတြက္ အေၾကာက္လြန္ၿပီး သတင္းမွားေတြယုံ လုပ္မိလုပ္ရာ မလုပ္မိဖို႔ လိုအပ္ပါ တယ္။ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ၫႊန္ၾကားခ်က္အတိုင္း လိုက္နာ ေဆာင္႐ြက္ဖို႔ အလြန္အေရးႀကီးပါတယ္။ ''မေၾကာက္ဘဲလည္း မေနပါနဲ႔လို႔လည္း ေျပာခ်င္ပါတယ္''။

 

တာဝန္ကိုယ္စီ ရွိသင့္သည္၊ ရွိလည္း ရွိရမည္

 

စာေရးသူတို႔ ႏိုင္ငံဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံပါ။ လိုအပ္ခ်က္ေတြ ရွိေနဆဲပါ။ ျပႆနာေတြလည္း ရွိေနဆဲပါ။ က်န္းမာေရး ေစာင့္ေရွာက္မႈကလည္း အားလုံးကို မလႊမ္းၿခဳံႏိုင္ေသးေတာ့ COVID-19 ေရာဂါျဖစ္လာရင္ ဆိုးဆိုးဝါးဝါး ျဖစ္လိမ့္မယ္ဆိုၿပီး ေတြးေၾကာက္ေနတာရွိပါတယ္။ ေၾကာက္ေန႐ုံနဲ႔ COVID-19 ေရာဂါကာကြယ္ႏိုင္မွာ မဟုတ္ပါဘူး။ ေရာဂါတစ္ခုဟာ ျဖစ္မွ ထက္ ကာကြယ္တဲ့နည္းက ပိုၿပီးအက်ိဳးရွိတယ္ဆိုတာ အားလုံးသိၿပီး ျဖစ္ပါတယ္။ စာေရးသူတို႔ရဲ႕ ျပည္ေတာ္ျပန္ေတြထဲမွာ ထိုင္း၊ မေလးရွားမွာ အလုပ္လုပ္ေနတဲ့သူေတြ အမ်ားႀကီးပါ။ နယ္စပ္ဂိတ္ေတြမွာလည္း ျပန္ဖို႔ လူေတြ စုေဝးေနတာလည္း ေတြ႕ေနရပါတယ္။ ထိုင္း၊ မေလးရွားမွာလည္း COVID-19 ျဖစ္ပြားမႈကို ထိန္းခ်ဳပ္လို႔ မရေသးပါ။ ထိုင္းေရာ မေလးရွားပါ လုပ္သင့္တာေတြ အကုန္လုပ္ၿပီး ျဖစ္ၾကပါတယ္။ ႏိုင္ငံျခားသား ဝင္ေရာက္မႈပိတ္ပင္ျခင္း၊ တကၠသိုလ္၊ ေကာလိပ္ေက်ာင္းမ်ား ပိတ္ျခင္း၊ Shopping Mall မ်ားပိတ္ျခင္း၊ လူစုလူေဝးမ်ား တားျမစ္ျခင္း၊ Quarantine လုပ္ျခင္း စသည့္လုပ္ငန္းေတြ အားလုံး လုပ္ၿပီးျဖစ္ပါသည္။ စာေရးသူတို႔ကေတာ့ ျပည္ေတာ္ျပန္မ်ား ျပန္ေရာက္တဲ့အခါ ပူးေပါင္းေဆာင္႐ြက္ေပးမႈ အေရးတႀကီး လိုအပ္ပါတယ္။ ကိုယ့္အေျခအေန၊ ကိုယ့္အတိုင္းအတာနဲ႔ COVID-19 ေရာဂါပိုးကို စုေပါင္းရင္ဆိုင္ေက်ာ္လႊားမွာ ျဖစ္တဲ့အတြက္ အားလုံးညီညီၫြတ္ၫြတ္ ေသြးစည္းၾကဖို႔ လိုအပ္ၿပီျဖစ္ပါတယ္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ျပည္သူေတြကို ၂၄ ရက္ေန႔ညက COVID-19 ေရာဂါအေျခအေနနဲ႔ပတ္သက္ၿပီး တင္ျပ အစီရင္ခံၿပီး ျဖစ္ပါတယ္။ အတိုင္ပင္ခံရဲ႕ ေျပာၾကားခ်က္ကို ျပည္သူေတြဆီ ေရာက္ေအာင္ ျဖန႔္ေဝၾကပါလို႔ ေမတၱာရပ္ခံခ်င္ပါတယ္။ ဒါ့အျပင္ လိုက္နာၾကဖို႔လည္း တိုက္တြန္းခ်င္ပါတယ္။ အႏုၾကည့္မွန္ဘီလူးနဲ႔ ၾကည့္မွျမင္ရတဲ့ ပိုးမႊားနဲ႔ လူသားတို႔ရဲ႕ တိုက္ပြဲမွာ စာေရးသူတို႔ လူသားေတြ အညံ့ခံဖို႔ မလိုအပ္ပါဘူး။ ေနာက္ဆုံးလူသားကသာ ေအာင္ပြဲခံမွာပါ။ စာေရးသူတို႔လည္း တာဝန္သိသိ၊ တာဝန္ရွိရွိနဲ႔ စုေပါင္းကာကြယ္ရင္ ဆိုးဆိုးဝါးဝါး ကူးစက္မႈကို တားဆီးႏိုင္မွာပါ။

 

ဘယ္လို တာဝန္ယူၾကမလဲ

 

COVID-19 ေရာဂါကို ထိန္းခ်ဳပ္ကာကြယ္ဖို႔ ဘယ္သူေတြ ဘယ္လို တာဝန္ယူၾကမလဲဆိုတာကို ခြဲျခားသတ္မွတ္ႏိုင္ပါတယ္။ သတ္မွတ္ထားတဲ့အတိုင္း လိုက္နာ ေဆာင္႐ြက္ဖို႔ အေရးႀကီးတယ္ဆိုတာလည္း သေဘာေပါက္ထားဖို႔ လိုပါတယ္။

 

(က) ျပည္ေတာ္ျပန္ႏိုင္ငံသားမ်ားရဲ႕ တာဝန္

 

COVID-19 ေရာဂါပိုး ျမန္မာႏိုင္ငံမွာ ဆိုးဆိုးဝါးဝါးပ်ံ႕ႏွံ႔မႈ ျဖစ္မယ္/ မျဖစ္ဘူးဆိုတာ သူတို႔အေပၚ မူတည္ပါတယ္။ အထူးအေရးႀကီးတာကေတာ့ တရားမဝင္လမ္းေၾကာင္းက ခိုးျပန္လာၿပီး ကိုယ့္ရပ္ကိုယ့္႐ြာကို ခိုးၿပီးဝင္ေရာက္မေနဖို႔ အခ်က္ပါ။

 

(၁) ဇာတိေျမကို ျပန္လာသူတိုင္းဟာ ဆယ္အိမ္မႉး၊ ရာအိမ္မႉး၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးနဲ႔ တာဝန္ရွိသူေတြကို အေၾကာင္းၾကားရပါမယ္။

 

(၂) တာဝန္ရွိသူေတြကေနတစ္ဆင့္ က်န္းမာေရးဝန္ထမ္းေတြဆီမွာ က်န္းမာေရးစစ္ေဆးမႈကို ခံယူရပါမယ္။ မလုပ္မျဖစ္ လုပ္ကို လုပ္ရမယ့္ တာဝန္ပါ။ စစ္ေဆးတဲ့အခါ သံသယျဖစ္ဖြယ္ရာ ေတြ႕တယ္ဆိုရင္ လုပ္သင့္တာ တစ္ခုရွိပါတယ္။ အဲဒါကေတာ့ self-isolation သို႔မဟုတ္ Facility quarantine လုပ္ရမွာပါ။ သတ္မွတ္ထားတဲ့ ခြဲထားတဲ့ေနရာမွာ (၁၄)ရက္ ေနထိုင္ျခင္းျဖစ္ပါတယ္။ ရပ္႐ြာေတြမွာ facility quarantine မရွိေတာ့ Self – isolation ဆိုတဲ့ မိသားစုနဲ႔အတူမေနဘဲ ကိုယ့္ဖာသာကိုယ္ သီးသန႔္ခြဲျခားၿပီး (၁၄)ရက္ေနထိုင္ျခင္း ျဖစ္ပါတယ္။ စစ္ေဆးတဲ့အခါ ဘာသံသယျဖစ္ဖြယ္ရာမွ မရွိဘူး ဆိုရင္ Home quarantine (၁၄)ရက္ ေနထိုင္ဖို႔ လိုအပ္ပါတယ္။ ဤကဲ့သို႔ (၁၄)ရက္ ခြဲျခား ေနထိုင္စဥ္ကာလမွာ ရပ္ထဲ႐ြာထဲ အမ်ိဳးအိမ္ေတြကို ေလွ်ာက္မလည္ဘဲ အိမ္ထဲကေန အိမ္အျပင္မထြက္ဖို႔ အလြန္အေရးပါပါတယ္။ ဒါကို မလုပ္ႏိုင္ရင္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲပါတယ္။ စည္းကမ္းခ်က္ကို လိုက္နာဖို႔ မိသားစုကလည္း ျပည္ေတာ္ျပန္လာသူကို တြန္းအားေပး ရပါတယ္။ ဒါေၾကာင့္ ျပည္ေတာ္ျပန္နဲ႔ မိသားစုေတြရဲ႕ ပူးေပါင္းပါဝင္မႈဟာ ေရာဂါပိုး ပ်ံ႕ႏွံ႔မႈကာကြယ္ေရးမွာ အဓိကအခ်က္ ျဖစ္ေနပါတယ္။

 

(ခ) ျပည္ေတာ္ျပန္မိသားစုမ်ားရဲ႕ တာဝန္

 

ကိုယ့္သား၊ ကိုယ့္သမီး၊ ကိုယ့္ခင္ပြန္း အိမ္ျပန္လာတာ မိသားစုေတြ ဝမ္းသာၾကမွာပါ။ ဒါေပမယ့္ ဝမ္းသာ႐ုံနဲ႔ မၿပီးပါဘူး၊ တာဝန္လည္း ရွိလာပါၿပီ။ အဲ့ဒါကေတာ့ တာဝန္ရွိပုဂၢိဳလ္ေတြ (အုပ္ခ်ဳပ္ေရးမႉး၊ က်န္းမာေရးဝန္ထမ္း) ထံမွာ ျပည္ေတာ္ျပန္ ေရာက္လာၿပီျဖစ္ေၾကာင္း သတင္းပို႔ရပါမယ္။ က်န္းမာေရး အစစ္ေဆးခံဖို႔လည္း ကိုယ့္လူကို သတိေပးရပါမယ္။ ဒီလိုလုပ္ျခင္း ဟာ မိသားစုကိုလည္း ကာကြယ္ရာေရာက္သလို အျခားသူမ်ားကိုလည္း ကူးစက္မႈကေန ကာကြယ္ႏိုင္မယ့္ အေၾကာင္း ျပန္လာသူကို ရွင္းျပရပါမယ္။ မိသားစုအေရးသာမက ႏိုင္ငံ့အေရးျဖစ္တယ္ဆိုတာ သေဘာေပါက္ေအာင္ တာဝန္ရွိ ပုဂၢိဳလ္ေတြကလည္း ရွင္းျပဖို႔ လိုပါတယ္။ ဒါဆိုရင္ကို ပ်ံ႕ႏွံ႔မႈကို ဆိုးဆိုးဝါးဝါး မျဖစ္ေအာင္ တားဆီးႏိုင္မွာ ျဖစ္ပါတယ္။

 

 

(( အပိုင္း ၃ ဆက္လက္ေဖာ္ျပပါမည္ ))

 

အညာသား

Add a comment