“Go Covid” အပိုင်း(၁)

2020-03-26 21:24:00
ANyarThar
Original 291
Summary : ဆေးရုံတွေ၊ ခုတင်တွေ၊ အသက်ရှူစက်တွေ မလုံလောက်ဘူးဆိုပြီး ပြစ်တင်ဝေဖန်နေမယ့်အစား 'ကိုယ့်တာကိုယ် လုံအောင်ထိန်း'၊ ကူညီနိုင်တာတွေ ကူညီ၊ စောင့်ရှောက်နိုင်တာတွေ စောင့်ရှောက်မယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေမွေးပြီး 'အမျိုးသားရေးအသွင်နဲ့ လှုပ်ရှားဖို့လိုအပ်တဲ့အချိန်ဖြစ်ပါတယ်။

[Unicode]

“Go Covid”

အပိုင်း(၁)

တစ်ကမ္ဘာလုံးလွှမ်းခြုံသွားသော COVID-19

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက COVID-19 အဆုတ်ရောင်ရောဂါ (Pandemic) တစ်ကမ္ဘာလုံးပျံ့နှံ့သော ရောဂါဟု သတ်မှတ်ခဲ့တာ အတိအကျ မှန်ကန်သွားပြီဖြစ်သည်။ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နှစ်နိုင်ငံလုံး COVID-19 ရောဂါပိုး ကူးစက်ခံရသူများကို တွေ့ရှိသွားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၃ရက် ည ၁၁း၄၅ အချိန်တငွ် အမေရိကန်နှင့် အင်္ဂလန်တို့မှ ပြန်လာသူ ၂ ဦး၊ ၂၄ ရက်ည သန်းခေါင်ကျော်တွင် အင်္ဂလန်မှ ပြန်လာသူ ၁ ဦး၊ စုစုပေါင်း ၃ ဦး တွေ့ရှိခဲ့ပြီဖြစ်သည်။ ပညာရှင်များ ခန့်မှန်းထားသည့်အတိုင်း တတိယလှိုင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ COVID-19 ရောဂါပိုးပျံ့နှံ့မည်ဟု ခန့်မှန်းထားခဲ့ကြသည်။ ဘာကြောင့် ဒီလို ခန့်မှန်းထားရတာလဲ ဆိုတော့ တတိယလှိုင်းတွင် ရွှေ့ပြောင်းအလုပ်သမားများ၊ ပညာတော်သင်များ မိမိတို့ ဇာတိမြေပြန်သောအခါ COVID-19 ရောဂါပိုး သယ်လာကြမည်ဟု ခန့်မှန်းထားသောကြောင့် ဖြစ်သည်။ ယခု ခန့်မှန်းချက်နှင့်ပတ်သက်၍ စာရေးသူတို့ တော်တော်ဂရုစိုက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ COVID-19 ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်နေခြင်း၊ တစ်မြို့လုံးပိတ်သည့် (Lockdown) နိုင်ငံများ ရှိလာခြင်း၊ တက္ကသိုလ်များ၊ ကောလိပ်များ၊ ကျောင်းများ ပိတ်လိုက်ခြင်း အစရှိသည်တို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လာသော နိုင်ငံသားများ ရှိလာပြီ ဖြစ်သည်။ ထို့အတူ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများလည်း အလုံးအရင်းဖြင့် နယ်စပ်ဝင်ပေါက် များမှ ဝင်လာကြပြီဖြစ်သည်။ ယင်းနိုင်ငံသားများနှင့်အတူ COVID-19 ရောဂါပိုးပါ/မပါ စစ်ဆေးနိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း အခြေအနေအရ မစစ်ဆေးနိုင်ပါ။ ဒါကြောင့် ယင်းပြည်တော်ပြန်တို့နှင့်အတူ COVID-19 ရောဂါပိုး ပါလာနိုင်မှု အန္တရာယ်တကယ်ရှိနေပြီဖြစ်ပါသည်။ ပြည်တော်ပြန်တို့၏ 'ကျန်းမာရေးအသိ၊ နိုင်ငံချစ်စိတ်နှင့် တာဝန်သိမှု တို့သည်' အလွန့်အလွန် အရေးပါနေပြီဖြစ်ကြောင်း သတင်းစကားပါးလိုပါသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများ ပြန်ရောက်လာမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မသိရသော်လည်း မန္တလေးတိုင်းအတွင်းတွင် ယခုအချိန်ထိ (၇၈၂၇) ဦး ရောက်ရှိလာပြီဖြစ်သည်။

 

မျှော်လင့်တုန်းရောက်ရှိလာခြင်း

 

COVID-19 ရောဂါပိုး ရောက်လာတောမ့ာှကို မျှော်လင့်ထားပြီးသားလို့ စာရေးသူ ပြောခဲ့ပြီးသားပါ။ မမျှော်လင့်ဘဲ ရောက်လာတာထက် မျှော်နေခိုက် ရောက်လာခြင်းမှာ ကွာခြားမှုတွေရှိပါတယ်။ မျှော်နေတယ်ဆိုတော့ ပြင်ဆင်မှုတွေ လုပ်ပြီးသားဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ပြင်ဆင်မှုတွေနဲ့နှိုင်းပြီး ပြောမယ်ဆိုရင်တော့ ပြောစရာအများကြီးရှိမှာပါ။ စာရေးသူတို့ ပြည်သူကို အသိပညာပေးတာ တရုတ်မှာ ပျံ့နှံ့မှု အဆိုးဆုံးအချိန်ကတည်းက ပညာပေးနေတာပါ။ နယ်စပ်ဂိတ် ဝင်ပေါက်တွေကနေ စစ်ဆေးနေတာလည်း တော်တော်ကြာနေခဲ့ပီဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုး ရောက်လာတာကို အကြောက်လွန်နေမယ့်အစား စုပေါင်းအင်အားနဲ့ အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားရပါမယ်။ ဒီအချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုက မပြည့်စုံဘူး၊ ဆေးဝါးမလုံလောက်ဘူး။

 

ဆေးရုံတွေ၊ ခုတင်တွေ၊ အသက်ရှူစက်တွေ မလုံလောက်ဘူးဆိုပြီး ပြစ်တင်ဝေဖန်နေမယ့်အစား 'ကိုယ့်တာကိုယ် လုံအောင်ထိန်း'၊ ကူညီနိုင်တာတွေ ကူညီ၊ စောင့်ရှောက်နိုင်တာတွေ စောင့်ရှောက်မယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေမွေးပြီး 'အမျိုးသားရေးအသွင်နဲ့ လှုပ်ရှားဖို့လိုအပ်တဲ့အချိန်ဖြစ်ပါတယ်။ အမျိုးသားရေးအသွင်လို့ သုံးစွဲရတာကိုက ပြည်သူကို မဏ္ဍိုင်ပြုမှာမို့လို့ပါ။ COVID-19 အဆုတ်ရောဂါနဲ့ပတ်သက်လို့ လှိုင်း(၃)လှိုင်း ခွဲထားပါတယ်။ ပထမလှိုင်းက တရုတ်နိုင်ငံ၊ ဟူပေ့ပြည်နယ်၊ ဝူဟန်မြို့မှာ ဖြစ်ပွားမှုက ပထမလှိုင်းပါ။ တရုတ်ပြည်က ပထမလှိုင်းမှာ ဝူဟန်တစ်မြို့လုံးကို ပိတ်လိုက် (Lockdown) ပါတယ်။ ထို့အတူ ဟူပေ့နယ်နဲ့ ထိစပ်တဲ့ ပြည်နယ်နဲ့ မြို့တချို့ကိုလည်း Lockdown လုပ်ပစ်လိုက်ပါတယ်။ ဒါကြောင့်လည်း COVID-19ရောဂါပိုးဟာ နယ်စပ်ခြင်းရှည်လျားစွာ ထိနေတဲ့ မြန်မာနိုင်ငံကို ရောက်မလာခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာလည်း ဟူပေ့ပြည်နယ်နှင့် ဝူဟန်မှာသာ အဖြစ်များပြီး ကျန်ပြည်နယ်တွေမှာ ဝူဟန်လောက် ဖြစ်ပွားခြင်း မရှိခဲ့ပါဘူး။ တရုတ်ပြည်နဲ့ Lockdown အမိန့်ကြောင့်သာ တရုတ်နိုင်ငံမှာ လူ(၈ဝဝဝဝ)ကျော်ဖြစ်ပြီး (၃၂၈၁) ဦးပဲ သေခဲ့တာပါ။ မြန်မာနိုင်ငံနဲ့ ပြည်နယ်နှစ်ခုလောက် ခြားခဲ့တဲ့ ဝူဟန်မြို့က COVID-19 မြန်မာကို ရောက်မလာတာဟာ တရုတ်ရဲ့ ကာကွယ်ထိန်းချုပ်မှုကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရကလည်း ရောဂါပိုး မရှိတာ၊ မရောက်တာကို မရှိပါဘူးလို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အစိုးရ သတင်းတွေကို ထိန်ချန်မထားဘူးဆိုတာ ပြည်သူလက်ခံ ယုံကြည်ထားဖို့ လိုပါတယ်။

 

ဒုတိယလှိုင်းကတော့ ဥရောပကို COVID-19ရောဂါပိုး ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေရဲ့ ခရီးစဉ်ရှိတဲ့ ဥရောပနိုင်ငံတွေ၊ တရုတ်နဲ့စီးပွားရေးအရ ဖက်စပ်လုပ်တဲ့ နိုင်ငံတွေက တစ်ဆင့် COVID-19 ရောဂါပိုး၊ ဥရောပနဲ့ အမေရိကကို ရောက်သွားခြင်းဖြစ်ပါတယ်။ တစ်နည်း ပြောရရင် ခရီးသွားလုပ်ငန်းကတစ်ဆင့် COVID-19 ကမ္ဘာကို ပတ်သွားခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို သတိမမူတဲ့ ဥရောပနိုင်ငံတွေဟာ ခရီးသွားလာမှု ကန့်သတ်ချက်လုပ်တာ နောက်ကျတဲ့အတွက် အခု COVID-19 အဆုတ်ရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရတာပါ။ COVID-19 ဟာ လေကြောင်းခရီးသာမက အပျော်စီး သင်္ဘောပေါ်ကနေတစ်ဆင့်လည်း ကူးစက်ခဲ့ပါတယ်။ ဥပမာ အီတလီရဲ့ မြောက်ပိုင်းမြို့တော်ဟာ ခရီးသွားတွေရဲ့ ပစ်မှတ်ဖြစ်တော့ COVID-19 လည်း ပထမဦးစွာ ခံစားခဲ့ရပါတယ်။ အခုဆိုရင် အီတလီစပိန်နိုင်ငံတို့မှာ သေဆုံးမှုဟာ တရုတ်နိုင်ငံကို ကျော်သွားပြီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက COVID-19 ရောဂါထိန်းချုပ်မှုနဲ့ပတ်သက်ရင် ထိုင်ဝမ်နဲ့ စင်္ကာပူကို နမူနာပေးပါတယ်။ ခရီးသွားကန့်သတ်မှု၊ လူစုလူဝေး ကန့်သတ်မှု၊ ကျောင်း၊ တက္ကသိုလ်များ ပိတ်မှုအစရှိသည့် လုပ်ငန်းများကို စောစီးစွာ လုပ်တဲ့အတွက်လည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားချက်အတိုင်း လုပ်တဲ့အတွက်လည်းကောင်း ဖြစ်ပွားမှုနှုန်းနည်းပြီး အသေပျောက် နည်းနေခဲ့တာပါ။

 

တောင်ကိုရီးယား၊ မလေးရှား၊ အီရန်တို့မှာတော့ လူစုလူဝေးလုပ်တဲ့ ဘာသာရေးပွဲတွေကြောင့် ရောဂါဖြစ်ပွားမှုနှုန်း များခဲ့တာလို့ ကောက်ချက် ချခဲ့တာရှိပါတယ်။ အခုမှသာ အီရန်မှာ လူစုလူဝေး ဝတ်ပြုတာကအစ ကန့်သတ်မှုတွေ လုပ်လာတာပါ။ မလေးရှားရဲ့ ဘာသာရေးပွဲတော်တစ်ခုကလည်း COVID-19 ရောဂါပိုးပျံ့နှံ့မှုကို ဖြစ်စေခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှ Social events တွေကို ပိတ်ခဲ့တာဖြစ်ပါတယ်။ ဖက်ရှင်ပွဲတွေ၊ အဆိုပြိုင်ပွဲတွေနဲ့အတူတူ ကုန်သွယ်ရေးပြပွဲတွေကိုပါ ပိတ်ခဲ့တာပါ။ နောက်တစ်ခုက Social distancing (လူစုလူဝေး နေရာများကို ရှောင်ရှားခြင်း)ကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ လူစည်ကားရာ အပန်းဖြေနေရာများ၊ ရုပ်ရှင်ရုံများ၊ ဘီယာဆိုင်များ၊ အရက်ဆိုင်များ၊ စားသောက်ဆိုင်များကို မသွားရောက်ဘဲ အိမ်မှာနေခြင်းဖြစ်ပါတယ်။ တစ်နည်း Home Stay (အိမ်မှာ နေခြင်း) ဖြစ်ပါတယ်။ မသွားမဖြစ်တာကိုဘဲ သွားရပါမယ်။ ဈေးဝယ်တာကိုလည်း (၃)ရက် တစ်ခါလောက်ပဲ လုပ်ရပါမယ်။ ဝူဟန်မှာ အစိုးရက လူထုကို အိမ်မှာနေပြီး (၃)ရက်တစ်ခါ တစ်ယောက်ထဲကိုပဲ ဈေးဝယ်ခွင့်ပြုတာပါ။ လွယ်ကူကူနဲ့ လုပ်နိုင်ပြီး ရောဂါပျံ့နှံ့မှုကို တားဆီးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အခုတော့ ဒီနည်းလမ်း (Home Stay) ကို နိုင်ငံတိုင်းက နှိုးဆော်နေပြီဖြစ်ပါတယ်။

 

(( အပိုင်း ၂ ဆက်လက်ဖော်ပြပါမည် ))

 

အညာသား

  

 

 

[Zawgyi]

“Go Covid”

အပိုင္း(၁)

 

တစ္ကမာၻလုံးလႊမ္းၿခဳံသြားေသာ COVID-19

 

ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက COVID-19 အဆုတ္ေရာင္ေရာဂါ (Pandemic) တစ္ကမာၻလုံးပ်ံ႕ႏွံ႔ေသာ ေရာဂါဟု သတ္မွတ္ခဲ့တာ အတိအက် မွန္ကန္သြားၿပီျဖစ္သည္။ ျမန္မာႏိုင္ငံႏွင့္ လာအိုႏိုင္ငံ ႏွစ္ႏိုင္ငံလုံး COVID-19 ေရာဂါပိုး ကူးစက္ခံရသူမ်ားကို ေတြ႕ရွိသြားၿပီျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ၂၃ရက္ ည ၁၁း၄၅ အခ်ိန္တငြ္ အေမရိကန္ႏွင့္ အဂၤလန္တို႔မွ ျပန္လာသူ ၂ ဦး၊ ၂၄ ရက္ည သန္းေခါင္ေက်ာ္တြင္ အဂၤလန္မွ ျပန္လာသူ ၁ ဦး၊ စုစုေပါင္း ၃ ဦး ေတြ႕ရွိခဲ့ၿပီျဖစ္သည္။ ပညာရွင္မ်ား ခန႔္မွန္းထားသည့္အတိုင္း တတိယလႈိင္းတြင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားသို႔ COVID-19 ေရာဂါပိုးပ်ံ႕ႏွံ႔မည္ဟု ခန႔္မွန္းထားခဲ့ၾကသည္။ ဘာေၾကာင့္ ဒီလို ခန႔္မွန္းထားရတာလဲ ဆိုေတာ့ တတိယလႈိင္းတြင္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား၊ ပညာေတာ္သင္မ်ား မိမိတို႔ ဇာတိေျမျပန္ေသာအခါ COVID-19 ေရာဂါပိုး သယ္လာၾကမည္ဟု ခန႔္မွန္းထားေသာေၾကာင့္ ျဖစ္သည္။ ယခု ခန႔္မွန္းခ်က္ႏွင့္ပတ္သက္၍ စာေရးသူတို႔ ေတာ္ေတာ္ဂ႐ုစိုက္ ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။ COVID-19 ေရာဂါေၾကာင့္ စီးပြားေရးက်ဆင္းမႈမ်ား ျဖစ္ေနျခင္း၊ တစ္ၿမိဳ႕လုံးပိတ္သည့္ (Lockdown) ႏိုင္ငံမ်ား ရွိလာျခင္း၊ တကၠသိုလ္မ်ား၊ ေကာလိပ္မ်ား၊ ေက်ာင္းမ်ား ပိတ္လိုက္ျခင္း အစရွိသည္တို႔ေၾကာင့္ ျမန္မာႏိုင္ငံသို႔ ျပန္လာေသာ ႏိုင္ငံသားမ်ား ရွိလာၿပီ ျဖစ္သည္။ ထို႔အတူ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားလည္း အလုံးအရင္းျဖင့္ နယ္စပ္ဝင္ေပါက္ မ်ားမွ ဝင္လာၾကၿပီျဖစ္သည္။ ယင္းႏိုင္ငံသားမ်ားႏွင့္အတူ COVID-19 ေရာဂါပိုးပါ/မပါ စစ္ေဆးႏိုင္လွ်င္ အေကာင္းဆုံး ျဖစ္ေသာ္လည္း အေျခအေနအရ မစစ္ေဆးႏိုင္ပါ။ ဒါေၾကာင့္ ယင္းျပည္ေတာ္ျပန္တို႔ႏွင့္အတူ COVID-19 ေရာဂါပိုး ပါလာႏိုင္မႈ အႏၲရာယ္တကယ္ရွိေနၿပီျဖစ္ပါသည္။ ျပည္ေတာ္ျပန္တို႔၏ 'က်န္းမာေရးအသိ၊ ႏိုင္ငံခ်စ္စိတ္ႏွင့္ တာဝန္သိမႈ တို႔သည္' အလြန႔္အလြန္ အေရးပါေနၿပီျဖစ္ေၾကာင္း သတင္းစကားပါးလိုပါသည္။ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ား ျပန္ေရာက္လာမႈကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မသိရေသာ္လည္း မႏၲေလးတိုင္းအတြင္းတြင္ ယခုအခ်ိန္ထိ (၇၈၂၇) ဦး ေရာက္ရွိလာၿပီျဖစ္သည္။

 

ေမွ်ာ္လင့္တုန္းေရာက္ရွိလာျခင္း

 

COVID-19 ေရာဂါပိုး ေရာက္လာေတာမ့ာွကို ေမွ်ာ္လင့္ထားၿပီးသားလို႔ စာေရးသူ ေျပာခဲ့ၿပီးသားပါ။ မေမွ်ာ္လင့္ဘဲ ေရာက္လာတာထက္ ေမွ်ာ္ေနခိုက္ ေရာက္လာျခင္းမွာ ကြာျခားမႈေတြရွိပါတယ္။ ေမွ်ာ္ေနတယ္ဆိုေတာ့ ျပင္ဆင္မႈေတြ လုပ္ၿပီးသားျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြရဲ႕ ျပင္ဆင္မႈေတြနဲ႔ႏႈိင္းၿပီး ေျပာမယ္ဆိုရင္ေတာ့ ေျပာစရာအမ်ားႀကီးရွိမွာပါ။ စာေရးသူတို႔ ျပည္သူကို အသိပညာေပးတာ တ႐ုတ္မွာ ပ်ံ႕ႏွံ႔မႈ အဆိုးဆုံးအခ်ိန္ကတည္းက ပညာေပးေနတာပါ။ နယ္စပ္ဂိတ္ ဝင္ေပါက္ေတြကေန စစ္ေဆးေနတာလည္း ေတာ္ေတာ္ၾကာေနခဲ့ပီျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာဂါပိုး ေရာက္လာတာကို အေၾကာက္လြန္ေနမယ့္အစား စုေပါင္းအင္အားနဲ႔ အေကာင္းဆုံး ရင္ဆိုင္ေျဖရွင္းဖို႔ ႀကိဳးစားရပါမယ္။ ဒီအခ်ိန္မွာ က်န္းမာေရး ေစာင့္ေရွာက္မႈက မျပည့္စုံဘူး၊ ေဆးဝါးမလုံေလာက္ဘူး။

 

ေဆး႐ုံေတြ၊ ခုတင္ေတြ၊ အသက္ရႉစက္ေတြ မလုံေလာက္ဘူးဆိုၿပီး ျပစ္တင္ေဝဖန္ေနမယ့္အစား 'ကိုယ့္တာကိုယ္ လုံေအာင္ထိန္း'၊ ကူညီႏိုင္တာေတြ ကူညီ၊ ေစာင့္ေရွာက္ႏိုင္တာေတြ ေစာင့္ေရွာက္မယ္ဆိုတဲ့ အသိစိတ္ဓာတ္ေတြေမြးၿပီး 'အမ်ိဳးသားေရးအသြင္နဲ႔ လႈပ္ရွားဖို႔လိုအပ္တဲ့အခ်ိန္ျဖစ္ပါတယ္။ အမ်ိဳးသားေရးအသြင္လို႔ သုံးစြဲရတာကိုက ျပည္သူကို မ႑ိဳင္ျပဳမွာမို႔လို႔ပါ။ COVID-19 အဆုတ္ေရာဂါနဲ႔ပတ္သက္လို႔ လႈိင္း(၃)လႈိင္း ခြဲထားပါတယ္။ ပထမလႈိင္းက တ႐ုတ္ႏိုင္ငံ၊ ဟူေပ့ျပည္နယ္၊ ဝူဟန္ၿမိဳ႕မွာ ျဖစ္ပြားမႈက ပထမလႈိင္းပါ။ တ႐ုတ္ျပည္က ပထမလႈိင္းမွာ ဝူဟန္တစ္ၿမိဳ႕လုံးကို ပိတ္လိုက္ (Lockdown) ပါတယ္။ ထို႔အတူ ဟူေပ့နယ္နဲ႔ ထိစပ္တဲ့ ျပည္နယ္နဲ႔ ၿမိဳ႕တခ်ိဳ႕ကိုလည္း Lockdown လုပ္ပစ္လိုက္ပါတယ္။ ဒါေၾကာင့္လည္း COVID-19ေရာဂါပိုးဟာ နယ္စပ္ျခင္းရွည္လ်ားစြာ ထိေနတဲ့ ျမန္မာႏိုင္ငံကို ေရာက္မလာျခင္း ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာလည္း ဟူေပ့ျပည္နယ္ႏွင့္ ဝူဟန္မွာသာ အျဖစ္မ်ားၿပီး က်န္ျပည္နယ္ေတြမွာ ဝူဟန္ေလာက္ ျဖစ္ပြားျခင္း မရွိခဲ့ပါဘူး။ တ႐ုတ္ျပည္နဲ႔ Lockdown အမိန႔္ေၾကာင့္သာ တ႐ုတ္ႏိုင္ငံမွာ လူ(၈ဝဝဝဝ)ေက်ာ္ျဖစ္ၿပီး (၃၂၈၁) ဦးပဲ ေသခဲ့တာပါ။ ျမန္မာႏိုင္ငံနဲ႔ ျပည္နယ္ႏွစ္ခုေလာက္ ျခားခဲ့တဲ့ ဝူဟန္ၿမိဳ႕က COVID-19 ျမန္မာကို ေရာက္မလာတာဟာ တ႐ုတ္ရဲ႕ ကာကြယ္ထိန္းခ်ဳပ္မႈေၾကာင့္ျဖစ္ၿပီး ျမန္မာႏိုင္ငံအစိုးရကလည္း ေရာဂါပိုး မရွိတာ၊ မေရာက္တာကို မရွိပါဘူးလို႔ တင္ျပခဲ့ၿပီး ျဖစ္ပါတယ္။ အစိုးရ သတင္းေတြကို ထိန္ခ်န္မထားဘူးဆိုတာ ျပည္သူလက္ခံ ယုံၾကည္ထားဖို႔ လိုပါတယ္။

 

ဒုတိယလႈိင္းကေတာ့ ဥေရာပကို COVID-19ေရာဂါပိုး ေရာက္ရွိသြားျခင္း ျဖစ္ပါတယ္။ တ႐ုတ္ခရီးသြားေတြရဲ႕ ခရီးစဥ္ရွိတဲ့ ဥေရာပႏိုင္ငံေတြ၊ တ႐ုတ္နဲ႔စီးပြားေရးအရ ဖက္စပ္လုပ္တဲ့ ႏိုင္ငံေတြက တစ္ဆင့္ COVID-19 ေရာဂါပိုး၊ ဥေရာပနဲ႔ အေမရိကကို ေရာက္သြားျခင္းျဖစ္ပါတယ္။ တစ္နည္း ေျပာရရင္ ခရီးသြားလုပ္ငန္းကတစ္ဆင့္ COVID-19 ကမာၻကို ပတ္သြားျခင္းျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ လုပ္ေဆာင္ခ်က္ေတြကို သတိမမူတဲ့ ဥေရာပႏိုင္ငံေတြဟာ ခရီးသြားလာမႈ ကန႔္သတ္ခ်က္လုပ္တာ ေနာက္က်တဲ့အတြက္ အခု COVID-19 အဆုတ္ေရာဂါကို ျပင္းျပင္းထန္ထန္ ခံစားေနရတာပါ။ COVID-19 ဟာ ေလေၾကာင္းခရီးသာမက အေပ်ာ္စီး သေဘၤာေပၚကေနတစ္ဆင့္လည္း ကူးစက္ခဲ့ပါတယ္။ ဥပမာ အီတလီရဲ႕ ေျမာက္ပိုင္းၿမိဳ႕ေတာ္ဟာ ခရီးသြားေတြရဲ႕ ပစ္မွတ္ျဖစ္ေတာ့ COVID-19 လည္း ပထမဦးစြာ ခံစားခဲ့ရပါတယ္။ အခုဆိုရင္ အီတလီစပိန္ႏိုင္ငံတို႔မွာ ေသဆုံးမႈဟာ တ႐ုတ္ႏိုင္ငံကို ေက်ာ္သြားၿပီျဖစ္ပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက COVID-19 ေရာဂါထိန္းခ်ဳပ္မႈနဲ႔ပတ္သက္ရင္ ထိုင္ဝမ္နဲ႔ စကၤာပူကို နမူနာေပးပါတယ္။ ခရီးသြားကန႔္သတ္မႈ၊ လူစုလူေဝး ကန႔္သတ္မႈ၊ ေက်ာင္း၊ တကၠသိုလ္မ်ား ပိတ္မႈအစရွိသည့္ လုပ္ငန္းမ်ားကို ေစာစီးစြာ လုပ္တဲ့အတြက္လည္းေကာင္း၊ ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ၫႊန္ၾကားခ်က္အတိုင္း လုပ္တဲ့အတြက္လည္းေကာင္း ျဖစ္ပြားမႈႏႈန္းနည္းၿပီး အေသေပ်ာက္ နည္းေနခဲ့တာပါ။

 

ေတာင္ကိုရီးယား၊ မေလးရွား၊ အီရန္တို႔မွာေတာ့ လူစုလူေဝးလုပ္တဲ့ ဘာသာေရးပြဲေတြေၾကာင့္ ေရာဂါျဖစ္ပြားမႈႏႈန္း မ်ားခဲ့တာလို႔ ေကာက္ခ်က္ ခ်ခဲ့တာရွိပါတယ္။ အခုမွသာ အီရန္မွာ လူစုလူေဝး ဝတ္ျပဳတာကအစ ကန႔္သတ္မႈေတြ လုပ္လာတာပါ။ မေလးရွားရဲ႕ ဘာသာေရးပြဲေတာ္တစ္ခုကလည္း COVID-19 ေရာဂါပိုးပ်ံ႕ႏွံ႔မႈကို ျဖစ္ေစခဲ့တယ္ဆိုတာ ေတြ႕ရွိခဲ့ရတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံတကာမွ Social events ေတြကို ပိတ္ခဲ့တာျဖစ္ပါတယ္။ ဖက္ရွင္ပြဲေတြ၊ အဆိုၿပိဳင္ပြဲေတြနဲ႔အတူတူ ကုန္သြယ္ေရးျပပြဲေတြကိုပါ ပိတ္ခဲ့တာပါ။ ေနာက္တစ္ခုက Social distancing (လူစုလူေဝး ေနရာမ်ားကို ေရွာင္ရွားျခင္း)ကို ျပဳလုပ္ျခင္း ျဖစ္ပါတယ္။ လူစည္ကားရာ အပန္းေျဖေနရာမ်ား၊ ႐ုပ္ရွင္႐ုံမ်ား၊ ဘီယာဆိုင္မ်ား၊ အရက္ဆိုင္မ်ား၊ စားေသာက္ဆိုင္မ်ားကို မသြားေရာက္ဘဲ အိမ္မွာေနျခင္းျဖစ္ပါတယ္။ တစ္နည္း Home Stay (အိမ္မွာ ေနျခင္း) ျဖစ္ပါတယ္။ မသြားမျဖစ္တာကိုဘဲ သြားရပါမယ္။ ေဈးဝယ္တာကိုလည္း (၃)ရက္ တစ္ခါေလာက္ပဲ လုပ္ရပါမယ္။ ဝူဟန္မွာ အစိုးရက လူထုကို အိမ္မွာေနၿပီး (၃)ရက္တစ္ခါ တစ္ေယာက္ထဲကိုပဲ ေဈးဝယ္ခြင့္ျပဳတာပါ။ လြယ္ကူကူနဲ႔ လုပ္ႏိုင္ၿပီး ေရာဂါပ်ံ႕ႏွံ႔မႈကို တားဆီးႏိုင္တဲ့ နည္းလမ္းျဖစ္ပါတယ္။ အခုေတာ့ ဒီနည္းလမ္း (Home Stay) ကို ႏိုင္ငံတိုင္းက ႏႈိးေဆာ္ေနၿပီျဖစ္ပါတယ္။

 

(( အပိုင္း ၂ ဆက္လက္ေဖာ္ျပပါမည္ ))

 

အညာသား


Add a comment