ခရီးသွားအတွက် COVID-19 ကျန်းမာရေးအကြံပြုချက်များ ထုတ်ပြန်

2020-02-20 10:16:00
fitc Kokhant
Original 563
Summary : ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် COVID-19 ပြန့်နှံ့ကူးစက်ခြင်းနှင့်ပတ်သက်ပြီး ခရီးသွားများအတွက် ကျန်းမာရေးအကြံပြုချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထိ ထုတ်ပြန်ချက် ၄ ခု ထုတ်ပြန်ထားရာ ထုတ်ပြန်ချက်များကို အောက်တွင် လေ့လာနိုင်ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

[Unicode]

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက COVID-19 နှင့်ပတ်သက်ပြီး ခရီးသွားများအတွက် ကျန်းမာရေးအကြံပြုချက်များ ထုတ်ပြန်

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် COVID-19 ပြန့်နှံ့ကူးစက်ခြင်းနှင့်ပတ်သက်ပြီး ခရီးသွားများအတွက် ကျန်းမာရေးအကြံပြုချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထိ ထုတ်ပြန်ချက် ၄ ခု ထုတ်ပြန်ထားရာ ထုတ်ပြန်ချက်များကို အောက်တွင် လေ့လာနိုင်ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုခန့်

 

 

**** ခရီးသွားအကြံပြုချက် (၁၁) ****

(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူပြု ဆေးလက်မှတ် ဖြည့်စွက်လျှောက်ထားရန် အသိပေးခြင်း
**********************************************************************
နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၈) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူဖြစ်စေရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှု နှင့်စပ်လျဉ်း၍ စတင်လျှောက်ထားသည့် နေ့မှစပြီး လွန်ခဲ့သည့် (၁၄) ရက်အတွင်း ဟူပေပြည်နယ်သို့ သွားရောက်နေထိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ် ပူးတွဲပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတ်မှတ် Medical Certificate Form အား ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားရန်လိုအပ်ကြောင်း သိရှိရသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြု အပ်ပါသည်။

 

**** ခရီးသွားအကြံပြုချက် (၁၀) ****

မြန်မာနိုင်ငံသို့ ဆိုက်ရောက်မည့် တရုတ်ခရီးသွားများနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်စီစဉ်ဆောင်ရွက်ခြင်းများ ခေတ္တရပ်ဆိုင်းထားရန်
*************************************************************************************
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါကာကွယ်နိုင် ရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွားဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်း ထားပါသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။

 

 

 

**** ခရီးသွားအကြံပြုချက် (၉) ****

တရုတ်နိုင်ငံသားခရီးသွားဧည့်သည်များအား Visa on Arrival ဆိုင်းငံ့ထားခြင်း
**************************************************************************
နေပြည်တော်၊ ဖေဖော်ဝါရီလ (၂) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus (2019-nCov) အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့် ခရီးသွား ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပါသဖြင့် တရုတ်နိုင်ငံသားခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ လိုက်နာပူးပေါင်းဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။

 

 

 

**** ခရီးသွားအကြံပြုချက် (၈) ****
ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်
************************************************************

နေပြည်တော်၊ ဇန်နဝါရီလ (၂၇) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများ ဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန် မြို့မှစတင်ဖြစ်ပွားခဲ့သော 2019-nCoV (2019 Novel Corona virus) ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံ အချို့၌ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ခရီးသည်များအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ လက်ရှိဖြစ်ပွားလျက်ရှိပါက(သို့မဟုတ်) လွန်ခဲ့သော(၁၄)ရက် အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပါက(သို့မဟုတ်)ပြန်လည်ရောက်ရှိပြီး(၁၄)ရက်အတွင်း အဆိုပါ ရောဂါလက္ခဏာများ ဖြစ်ပွားပါက အခမဲ့ကုသပေးနိုင်ရေးအတွက် လေဆိပ်ကျန်းမာရေးဌာနနှင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပေးပို့ဆောင်ရွက်ပါရန်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါ၍ ယင်းသတိပေးချက်ကို အလေးထားလိုက်နာ ဆောင်ရွက်သွားကြပါရန် အကြံပြုပါသည်။

အဆိုပါ ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်စဉ် သံသယဖြစ်ဖွယ်လက္ခဏာများ မရှိခဲ့သော်လည်း ရောဂါပျိုးချိန်မှာ ရက် သတ္တပတ် (၂) ပတ်ခန့်ရှိသည်ဖြစ်သဖြင့် အဆိုပါကာလအတွင်း ရောဂါဖြစ်ပွားမှုများ ရှိနိုင်၍ သံသယ ခရီးသည်များ တွေ့ရှိပါက အဆိုပါလူနာမှတစ်ဆင့် အခြားလူများသို့ ရောဂါကူးစက်ခြင်းအား ထိန်းချုပ် နိုင်ရန်အတွက် နိုင်ငံတကာခရီးသည်များထံတွင် ဖျားခြင်း၊ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း စသည့် အဆုပ်ရောင်ရောဂါလက္ခဏာများ ဖြစ်ပွားပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ချက်ချင်း သတင်းပေးပို့နိုင်ပါရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကို ပူးတွဲဖော်ပြအပ်ပါသည်။

 

 

 

[Zawgyi]

ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနက COVID-19 ႏွင့္ပတ္သက္ၿပီး ခရီးသြားမ်ားအတြက္ က်န္းမာေရးအႀကံျပဳခ်က္မ်ား ထုတ္ျပန္

ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနက ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ျပန႔္ႏွံ႔ကူးစက္ျခင္းႏွင့္ပတ္သက္ၿပီး ခရီးသြားမ်ားအတြက္ က်န္းမာေရးအႀကံျပဳခ်က္မ်ားကို ထုတ္ျပန္ခဲ့ပါသည္။ ဇန္နဝါရီလ ၂၇ ရက္ေန႔မွ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔ထိ ထုတ္ျပန္ခ်က္ ၄ ခု ထုတ္ျပန္ထားရာ ထုတ္ျပန္ခ်က္မ်ားကို ေအာက္တြင္ ေလ့လာႏိုင္ပါသည္။ ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ၏ ဟိုတယ္ႏွင့္ခရီးသြားက႑ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသြားမ်ားေဘးကင္းလုံၿခဳံအဆင္ေျပစြာ အပန္းေျဖအနားယူႏိုင္ရန္ ရည္႐ြယ္ခ်က္ထား ေဆာင္႐ြက္လ်က္ရွိရာ ယခုကဲ့သို႔ ထုတ္ျပန္ခ်က္မ်ားအား အခ်ိန္ႏွင့္တေျပးညီ ထုတ္ျပန္ေပးလ်က္ရွိေၾကာင္း သိရသည္။

 

ကိုခန႔္

 

 

**** ခရီးသြားအႀကံျပဳခ်က္ (၁၁) ****

(COVID-19) Acute Respiratory Disease ေရာဂါကာကြယ္ေရးလုပ္ငန္း အေထာက္အကူျပဳ ေဆးလက္မွတ္ ျဖည့္စြက္ေလွ်ာက္ထားရန္ အသိေပးျခင္း

**********************************************************************

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီလ (၁၈) ရက္

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ၏ ဟိုတယ္ႏွင့္ခရီးသြားက႑ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသြားမ်ားေဘးကင္းလုံၿခဳံအဆင္ေျပစြာ အပန္းေျဖအနားယူႏိုင္ရန္ ရည္႐ြယ္ခ်က္ထား ေဆာင္႐ြက္လ်က္ရွိရာ လတ္တေလာအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္၍ ျဖစ္ပြားခဲ့ေသာ 2019 Novel Coronavirus အဆုတ္ေရာင္ေရာဂါ(COVID-19) Acute Respiratory Disease ေရာဂါကာကြယ္ေရးလုပ္ငန္း အေထာက္အကူျဖစ္ေစရန္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံသားမ်ား အင္တာနက္အြန္လိုင္းမွတစ္ဆင့္ e-Visa (Tourist) ေလွ်ာက္ထားမႈ ႏွင့္စပ္လ်ဥ္း၍ စတင္ေလွ်ာက္ထားသည့္ ေန႔မွစၿပီး လြန္ခဲ့သည့္ (၁၄) ရက္အတြင္း ဟူေပျပည္နယ္သို႔ သြားေရာက္ေနထိုင္ခဲ့ျခင္းမရွိေၾကာင္းႏွင့္ က်န္းမာေရးေကာင္းမြန္ေၾကာင္း ေဆးလက္မွတ္ ပူးတြဲပါ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန သတ္မွတ္ Medical Certificate Form အား ျပည့္စုံစြာ ျဖည့္စြက္၍ ေလွ်ာက္ထားရန္လိုအပ္ေၾကာင္း သိရွိရသျဖင့္ ခရီးသြားကုမၸဏီမ်ား၊ ဧည့္လမ္းၫႊန္မ်ား ႏွင့္ ခရီးသြားလုပ္ငန္း ေဆာင္႐ြက္ေနသူမ်ား ပူးေပါင္းပါဝင္ လိုက္နာေဆာင္႐ြက္ၾကပါရန္ အႀကံျပဳ အပ္ပါသည္။

 

**** ခရီးသြားအႀကံျပဳခ်က္ (၁၀) ****

ျမန္မာႏိုင္ငံသို႔ ဆိုက္ေရာက္မည့္ တ႐ုတ္ခရီးသြားမ်ားႏွင့္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္မည့္ ျမန္မာခရီးသြားမ်ားအတြက္ ခရီးစဥ္စီစဥ္ေဆာင္႐ြက္ျခင္းမ်ား ေခတၱရပ္ဆိုင္းထားရန္

*************************************************************************************

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီလ (၂) ရက္

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ၏ ဟိုတယ္ႏွင့္ခရီးသြားက႑ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသြားမ်ားေဘးကင္းလုံၿခဳံအဆင္ေျပစြာ အပန္းေျဖအနားယူႏိုင္ရန္ ရည္႐ြယ္ခ်က္ထား ေဆာင္႐ြက္လ်က္ရွိရာ လတ္တေလာအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္၍ ျဖစ္ပြားခဲ့ေသာ 2019 Novel Coronavirus အဆုတ္ေရာင္ေရာဂါကာကြယ္ႏိုင္ ေရးအတြက္ ျမန္မာႏိုင္ငံသို႔ လာေရာက္လိုသည့္ တ႐ုတ္ခရီးသြားဧည့္သည္မ်ားႏွင့္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္မည့္ ျမန္မာခရီးသြားမ်ားအတြက္ ခရီးစဥ္မ်ား စီစဥ္ေဆာင္႐ြက္ျခင္းကို ေခတၱရပ္ဆိုင္း ထားပါသျဖင့္ ခရီးသြားကုမၸဏီမ်ား၊ ဧည့္လမ္းၫႊန္မ်ားႏွင့္ ခရီးသြားလုပ္ငန္း ေဆာင္႐ြက္ေနသူမ်ား ပူးေပါင္းပါဝင္ လိုက္နာေဆာင္႐ြက္ၾကပါရန္ အႀကံျပဳအပ္ပါသည္။

 

 

 

**** ခရီးသြားအႀကံျပဳခ်က္ (၉) ****

တ႐ုတ္ႏိုင္ငံသားခရီးသြားဧည့္သည္မ်ားအား Visa on Arrival ဆိုင္းငံ့ထားျခင္း

**************************************************************************

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီလ (၂) ရက္

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ၏ ဟိုတယ္ႏွင့္ခရီးသြားက႑ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသြားမ်ားေဘးကင္းလုံၿခဳံအဆင္ေျပစြာ အပန္းေျဖအနားယူႏိုင္ရန္ ရည္႐ြယ္ခ်က္ထား ေဆာင္႐ြက္လ်က္ရွိရာ လတ္တေလာအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ စတင္၍ ျဖစ္ပြားခဲ့ေသာ 2019 Novel Coronavirus (2019-nCov) အဆုတ္ေရာင္ေရာဂါ ကာကြယ္ႏိုင္ေရးအတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔လာေရာက္မည့္ ခရီးသြား ဧည့္သည္မ်ားအား ဆိုက္ေရာက္ဗီဇာ (Visa on Arrival) ထုတ္ေပးျခင္းကို ယာယီရပ္ဆိုင္းထားပါသျဖင့္ တ႐ုတ္ႏိုင္ငံသားခရီးသြားမ်ားကို ဝန္ေဆာင္မႈေပးေနသည့္ ခရီးသြားကုမၸဏီမ်ား၊ ဧည့္လမ္းၫႊန္မ်ားႏွင့္ ခရီးသြားလုပ္ငန္းေဆာင္႐ြက္ေနသူမ်ား လိုက္နာပူးေပါင္းေဆာင္႐ြက္ႏိုင္ပါရန္ အႀကံျပဳအပ္ပါသည္။

 

 

 

**** ခရီးသြားအႀကံျပဳခ်က္ (၈) ****

ခရီးသြားမ်ားအတြက္ က်န္းမာေရးဆိုင္ရာ အႀကံျပဳခ်က္

************************************************************

ေနျပည္ေတာ္၊ ဇန္နဝါရီလ (၂၇) ရက္

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနသည္ ျမန္မာႏိုင္ငံ၏ ဟိုတယ္ႏွင့္ခရီးသြားက႑ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ခရီးသြားမ်ား ေဘးကင္းလုံၿခဳံအဆင္ေျပစြာ အပန္းေျဖအနားယူႏိုင္ရန္ ရည္႐ြယ္ခ်က္ထား ေဆာင္႐ြက္လ်က္ရွိရာ လတ္တေလာအခ်ိန္တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ ၿမိဳ႕မွစတင္ျဖစ္ပြားခဲ့ေသာ 2019-nCoV (2019 Novel Corona virus) ေရာဂါပိုးသည္ ကမာၻ႔ႏိုင္ငံ အခ်ိဳ႕၌ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိေသာေၾကာင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာသည့္ ခရီးသည္မ်ားအေနျဖင့္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အသက္ရႈၾကပ္ျခင္း စသည့္ တုပ္ေကြးဆန္ေသာ ေရာဂါလကၡဏာမ်ား လက္ရွိျဖစ္ပြားလ်က္ရွိပါက(သို႔မဟုတ္) လြန္ခဲ့ေသာ(၁၄)ရက္ အတြင္း ေရာဂါလကၡဏာမ်ား ျဖစ္ပြားခဲ့ပါက(သို႔မဟုတ္)ျပန္လည္ေရာက္ရွိၿပီး(၁၄)ရက္အတြင္း အဆိုပါ ေရာဂါလကၡဏာမ်ား ျဖစ္ပြားပါက အခမဲ့ကုသေပးႏိုင္ေရးအတြက္ ေလဆိပ္က်န္းမာေရးဌာနႏွင့္ နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ အျမန္ဆုံးသတင္းေပးပို႔ေဆာင္႐ြက္ပါရန္က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနမွ သတိေပးခ်က္ထုတ္ျပန္ထားပါ၍ ယင္းသတိေပးခ်က္ကို အေလးထားလိုက္နာ ေဆာင္႐ြက္သြားၾကပါရန္ အႀကံျပဳပါသည္။

အဆိုပါ ေရာဂါျဖစ္ပြားရာေဒသမ်ားမွ ဝင္ေရာက္လာေသာ ခရီးသည္မ်ားသည္ ျမန္မာႏိုင္ငံ အတြင္းသို႔ ဝင္ေရာက္စဥ္ သံသယျဖစ္ဖြယ္လကၡဏာမ်ား မရွိခဲ့ေသာ္လည္း ေရာဂါပ်ိဳးခ်ိန္မွာ ရက္ သတၱပတ္ (၂) ပတ္ခန႔္ရွိသည္ျဖစ္သျဖင့္ အဆိုပါကာလအတြင္း ေရာဂါျဖစ္ပြားမႈမ်ား ရွိႏိုင္၍ သံသယ ခရီးသည္မ်ား ေတြ႕ရွိပါက အဆိုပါလူနာမွတစ္ဆင့္ အျခားလူမ်ားသို႔ ေရာဂါကူးစက္ျခင္းအား ထိန္းခ်ဳပ္ ႏိုင္ရန္အတြက္ ႏိုင္ငံတကာခရီးသည္မ်ားထံတြင္ ဖ်ားျခင္း၊ေခ်ာင္းဆိုးျခင္း၊ အသက္ရႈၾကပ္ျခင္း စသည့္ အဆုပ္ေရာင္ေရာဂါလကၡဏာမ်ား ျဖစ္ပြားပါက က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ ခ်က္ခ်င္း သတင္းေပးပို႔ႏိုင္ပါရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္ မ်ားကို ပူးတြဲေဖာ္ျပအပ္ပါသည္။


 


Add a comment