ကိုဗစ်-၁၉ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ရှင်းလင်း
- 2020-02-13 11:38:00
- fitc SC
- Original 613
[Unicode]
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုနှင့် ကာကွယ်ထိန်းချုပ်မှုများအကြောင်း မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ရှင်းလင်းပြောကြား

မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကိုဗစ်-၁၉ (Covid-19) ဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် ကာကွယ်ထိန်းချုပ်မှုများ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ၇၃ လမ်းရှိ Pullman Hotel ၌ ပြုလုပ်ရာ ယာယီကောင်စစ်ဝန်ချုပ် Ms. Li Libei (ခ) ဒေါ်ရတနာ က ရှင်းလင်းပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့်အချိန်ကစပြီး
သမ္မတကြီး Mr. Xi Jinping ကရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကုသကယ်ဆယ်မှုအခြေအနေကို အရေးကြီးညွှန်ကြားချက်ချမှတ်ကာ
ပြည်သူများ အသက်လုံခြုံရေး ရောဂါကာကွယ်မှုလုပ်ငန်းများ အလေးထားလုပ်ဆောင်ရန် မှာကြားခဲ့သည်နှင့်အညီ
တရုတ်နိုင်ငံတော် ကျန်းမာရေးကော်မရှင်က တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးဝါး
ကုသရေးပစ္စည်းများနှင့် ပညာရှင်များစေလွှတ်၍ တရုတ်တိုင်းရင်းဆေးနှင့်အနောက်တိုင်းတိုင်းရင်းဆေးတို့ကိုပေါင်းစပ်ပြီး
ရောဂါပြင်းထန်သူများအား ကုသပေးလျှက်ရှိရာ ယခုရက်ပိုင်းတွင် ရောဂါကူးစက်မှုနှုန်းအနည်းငယ်ကျဆင်းနေပြီး
ကုသပျောက်ကင်းသူများတိုးလျက်ရှိကာ ကာကွယ်ဆေး အမြန်ဆုံးထုတ်လုပ်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း
ပြောကြားသည်။
မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ရှမ်းချန်
[Zawgyi]
ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားေနမႈႏွင့္ ကာကြယ္ထိန္းခ်ဳပ္မႈမ်ားအေၾကာင္း မႏၲေလးအေျခစိုက္ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ရွင္းလင္းေျပာၾကား
မႏၲေလးအေျခစိုက္ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံးမွ ကိုဗစ္-၁၉ (Covid-19) ျဖစ္ပြားမႈေနာက္ဆုံးအေျခအေနႏွင့္ ကာကြယ္ထိန္းခ်ဳပ္မႈမ်ား ရွင္းလင္းပြဲကို ေဖေဖာ္ဝါရီ ၁၁ ရက္ နံနက္ ၉ နာရီက မႏၲေလးၿမိဳ႕ ၇၃ လမ္းရွိ Pullman Hotel ၌ ျပဳလုပ္ရာ ယာယီေကာင္စစ္ဝန္ခ်ဳပ္ Ms. Li Libei (ခ) ေဒၚရတနာ က ရွင္းလင္းေျပာၾကားသည္။
ကိုဗစ္-၁၉ ေရာဂါစတင္ျဖစ္ပြားသည့္အခ်ိန္ကစၿပီး သမၼတႀကီး Mr. Xi Jinping ကေရာဂါျဖစ္ပြားမႈအေျခအေနႏွင့္ ကုသကယ္ဆယ္မႈအေျခအေနကို အေရးႀကီးၫႊန္ၾကားခ်က္ခ်မွတ္ကာ ျပည္သူမ်ား အသက္လုံၿခဳံေရး ေရာဂါကာကြယ္မႈလုပ္ငန္းမ်ား အေလးထားလုပ္ေဆာင္ရန္ မွာၾကားခဲ့သည္ႏွင့္အညီ တ႐ုတ္ႏိုင္ငံေတာ္ က်န္းမာေရးေကာ္မရွင္က တ႐ုတ္တိုင္းရင္းေဆးႏွင့္ အေနာက္တိုင္းေဆးဝါး ကုသေရးပစၥည္းမ်ားႏွင့္ ပညာရွင္မ်ားေစလႊတ္၍ တ႐ုတ္တိုင္းရင္းေဆးႏွင့္အေနာက္တိုင္းတိုင္းရင္းေဆးတို႔ကိုေပါင္းစပ္ၿပီး ေရာဂါျပင္းထန္သူမ်ားအား ကုသေပးလွ်က္ရွိရာ ယခုရက္ပိုင္းတြင္ ေရာဂါကူးစက္မႈႏႈန္းအနည္းငယ္က်ဆင္းေနၿပီး ကုသေပ်ာက္ကင္းသူမ်ားတိုးလ်က္ရွိကာ ကာကြယ္ေဆး အျမန္ဆုံးထုတ္လုပ္ရန္ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ေျပာၾကားသည္။
မႏၲေလးအေျခစိုက္ တ႐ုတ္ေကာင္စစ္ဝန္ခ်ဳပ္႐ုံးအေနျဖင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ရာတြင္ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ နီးနီးကပ္ကပ္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိၿပီး ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ဘက္ေပါင္းစုံ ညႇိႏႈိင္းေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။
ရွမ္းခ်န္
文章分类
联系我们
Email : | paukphawnews@gmail.com |
---|