တရုတ်နိုင်ငံကူးလက်မှတ်ဖြင့် နန်းတော်ဂိတ်မှ ဝင်နိုင်

2020-01-01 14:55:00
SaiMg
Original 3629
Summary : တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သော မူဆယ်မြို့ နှစ်နိုင်ငံ လူဝင်လူထွက် စစ်ဆေးရေး နန်းတော်ဂိတ်မှ တရုတ်နိုင်ငံမှ သံတမန်နှင့် အစိုးရဝန်ထမ်း ပတ်စပို့ကိုင်ဆောင်သူများအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ဖြတ်သန်းသွားလာခွင့်ပြုလိုက်ရာ အဆိုပါနေ့ နံနက် ၉ နာရီ အချိန်မှစတင်ပြီး တရုတ်နိုင်ငံသားများ ပတ်စပို့ဖြင့် စတင်ဝင်ရောက်လာကြောင်း သိရသည်။

[Unicode]

 

၂၀၂၀ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံသား နိုင်ငံကူးလက်မှတ်ဖြင့် တရုတ်-မြန်မာနယ်စပ် နန်းတော်ဂိတ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြု

 

တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်သော မူဆယ်မြို့ နှစ်နိုင်ငံ လူဝင်လူထွက် စစ်ဆေးရေး နန်းတော်ဂိတ်မှ တရုတ်နိုင်ငံမှ သံတမန်နှင့် အစိုးရဝန်ထမ်း ပတ်စပို့ကိုင်ဆောင်သူများအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ဖြတ်သန်းသွားလာခွင့်ပြုလိုက်ရာ အဆိုပါနေ့ နံနက် ၉ နာရီ အချိန်မှစတင်ပြီး တရုတ်နိုင်ငံသားများ ဝင်ရောက်နိုင်ကြောင်း သိရသည်။

 

ယခင်က နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုရာမှ ယခုအခါ တရုတ်နိုင်ငံ Diplomatic Passport သံတမန်နိုင်ငံကူးလက်မှတ်နှင့် Official Passport (ခ) Special Passport အထူးနိုင်ငံကူးလက်မှတ် (ခ) အစိုးရဝန်ထမ်းနိုင်ငံကူးလက်မှတ်တို့ဖြင့် အဝင်အထွက် ဖြတ်သန်းခွင့်ပြုခြင်း ဖြစ်သည်။

 

“မြန်မာပြည်ရဲ့ ခရီးသွားလာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီးတော့ ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး Diplomatic Passport နှင့် Official Passport (ခ)Special Passport တို့ဖြင့် ဝင်ရောက်လာသူများကို ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် ဖြင့် လာရောက်လည်ပတ်နိုင်ပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံလူဝင်လူထွက်များခဲ့ရင်လည်း နှစ်နိုင်ငံပြည်သူများအတွက် Passport ဖြင့် ဝင်ထွက်သွားလာနိုင်အောင် တိုးချဲ့မှုတွေအတွက် လျာထားပါတယ်” ဟု ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝင်းလွင် က ပြောသည်။

 

နန်းတော်ပေါက်မှ တရုတ်နိုင်ငံကူးလက်မှတ် Diplomatic Passport နှင့် Official Passport တို့ဖြင့် ဝင်ရောက်လာသူများသည် မူဆယ်၊ ကွက်ခိုင်၊ လားရှိုး၊ သီပေါ၊ နောင်ချို၊ ပြင်ဦးလွင် လမ်းအတိုင်း မန္တလေး၊ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံနေရာအသီးသီးသို့ သွားလာနိုင်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတကာလေဆိပ်များမှ ပြန်လည်ထွက်ခွာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

စိုင်းမောင် (မူဆယ်)

 

 

[Zawgyi]

 

၂၀၂၀ ခုႏွစ္ ႏွစ္ဆန္းတစ္ရက္ေန႔မွစတင္ကာ တ႐ုတ္ႏိုင္ငံသား ႏိုင္ငံကူးလက္မွတ္ျဖင့္ တ႐ုတ္-ျမန္မာနယ္စပ္ နန္းေတာ္ဂိတ္မွ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္ခြင့္ျပဳ

 

တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ျဖစ္ေသာ မူဆယ္ၿမိဳ႕ ႏွစ္ႏိုင္ငံ လူဝင္လူထြက္ စစ္ေဆးေရး နန္းေတာ္ဂိတ္မွ တ႐ုတ္ႏိုင္ငံမွ သံတမန္ႏွင့္ အစိုးရဝန္ထမ္း ပတ္စပို႔ကိုင္ေဆာင္သူမ်ားအား ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔မွ စတင္ကာ ရက္ ၃၀ ဗီဇာကင္းလြတ္ခြင့္ ျဖတ္သန္းသြားလာခြင့္ျပဳလိုက္ရာ အဆိုပါေန႔ နံနက္ ၉ နာရီ အခ်ိန္မွစတင္ၿပီး တ႐ုတ္ႏိုင္ငံသားမ်ား ဝင္ေရာက္ႏိုင္ေၾကာင္း သိရသည္။

 

ယခင္က နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္သာ ျဖတ္သန္းခြင့္ျပဳရာမွ ယခုအခါ တ႐ုတ္ႏိုင္ငံ Diplomatic Passport သံတမန္ႏိုင္ငံကူးလက္မွတ္ႏွင့္ Official Passport (ခ) Special Passport အထူးႏိုင္ငံကူးလက္မွတ္ (ခ) အစိုးရဝန္ထမ္းႏိုင္ငံကူးလက္မွတ္တို႔ျဖင့္ အဝင္အထြက္ ျဖတ္သန္းခြင့္ျပဳျခင္း ျဖစ္သည္။

 

“ျမန္မာျပည္ရဲ႕ ခရီးသြားလာေရးႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ရည္႐ြယ္ၿပီးေတာ့ ဇန္နဝါရီလ ၁ ရက္ေန႔က စတင္ၿပီး Diplomatic Passport ႏွင့္ Official Passport (ခ)Special Passport တို႔ျဖင့္ ဝင္ေရာက္လာသူမ်ားကို ရက္ ၃၀ ဗီဇာကင္းလြတ္ခြင့္ ျဖင့္ လာေရာက္လည္ပတ္ႏိုင္ၿပီ ျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံလူဝင္လူထြက္မ်ားခဲ့ရင္လည္း ႏွစ္ႏိုင္ငံျပည္သူမ်ားအတြက္ Passport ျဖင့္ ဝင္ထြက္သြားလာႏိုင္ေအာင္ တိုးခ်ဲ႕မႈေတြအတြက္ လ်ာထားပါတယ္” ဟု ရွမ္းျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန ၫြန္ၾကားေရးမႉး ဦးဝင္းလြင္ က ေျပာသည္။

 

နန္းေတာ္ေပါက္မွ တ႐ုတ္ႏိုင္ငံကူးလက္မွတ္ Diplomatic Passport ႏွင့္ Official Passport တို႔ျဖင့္ ဝင္ေရာက္လာသူမ်ားသည္ မူဆယ္၊ ကြက္ခိုင္၊ လားရႈိး၊ သီေပါ၊ ေနာင္ခ်ိဳ၊ ျပင္ဦးလြင္ လမ္းအတိုင္း မႏၲေလး၊ ရန္ကုန္ အပါအဝင္ ျမန္မာႏိုင္ငံေနရာအသီးသီးသို႔ သြားလာႏိုင္ၿပီး ျမန္မာႏိုင္ငံ၏ ႏိုင္ငံတကာေလဆိပ္မ်ားမွ ျပန္လည္ထြက္ခြာႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

 

စိုင္းေမာင္ (မူဆယ္)


Add a comment