ပုဂံအာနန္ဒာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကျင်းပမည်

2019-12-28 22:54:00
fitc MoeWint
Original 821
Summary : အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သည် မြတ်ဗုဒ္ဓကို ပူဇော်သည့်ပြင် အနယ်နယ်အရပ်ရပ်မှ ၁၂ ပွဲ စျေးသည်များ၏ စျေးပွဲတော်ကြီးလည်းဖြစ်သည်။

[Unicode]

ပုဂံအာနန္ဒာဘုရား ( ၉၂၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ပြာသိုလဆန်း (၇) ရက်နေ့ စတင်ကျင်းပမည်

“အမြင့်  သဗ္ဗညု၊ အနု အာနန္ဒာ၊ ထု ဓမ္မရံကြီး” ဟူ၍ ထင်ရှားကျော်ကြားလှသည့် ပုဂံဘုရား သုံးဆူအနက် ပိသုကာ အနုစိတ်လက်ရာများနှင့် ထုံမွမ်းနေသည့် အာနန္ဒာ ဆုတောင်းပြည့် မြတ်စွာဘုရား၏ ( ၉၂၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၁ ခုနှစ်၊ ပြာသိုလဆန်း (၇) ရက်နေ့ (၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့) မှ စတင်၍  တစ်လနီးပါးအထိ စျေးဆိုင်ခန်းပေါင်း ၁၈၀၀ ကျော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


ပြာသိုလပြည့်နေ့တွင် ရိုးရာအစဉ်အလာကြီးမားတဲ့ ဆွမ်းသပိတ်လုံး လောင်းလှူပွဲကို ကျင်းပပြီး ဆွမ်းသပိတ်လုံးထဲတွင် အမွေးတိုင်၊ ဖယောင်းတိုင်၊ ပဲ၊ နှမ်း စသည့် ခြံထွက် လှူဖွယ်ပစ္စည်းများစွာဖြင့် ဆွမ်းသပိတ်လုံး လောင်းလှူကြသည်။


အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်သည် မြတ်ဗုဒ္ဓကို ပူဇော်သည့်ပြင် အနယ်နယ်အရပ်ရပ်မှ ၁၂ ပွဲ စျေးသည်များ၏ စျေးပွဲတော်ကြီးလည်းဖြစ်သည်။


ဘုရားပွဲတော်ရက်များအတွင်း၌ ပုဂံ၊ ညောင်ဦး ဒေသအတွင်းရှိ ကျေးရွာများမှ အမိုးအကာဖြင့် ပြုလုပ်ထားသော ပေါင်းမိုးလှည်းများနှင့် ပြာသိုလဆန်း ၇ / ၈ ရက်နေ့များတွင် အာနန္ဒာဘုရားကြီးအပြင်ပတ်လည်ရှိ ထနောင်းပင်များအောက်တွင် နားခို၍ ယူဆောင်လာသော ထမင်းချက်အိုးများဖြင့် ချက်ပြုတ်ပြီး အာရုံဦး နံက်ပိုင်း၌ ဘုရားဆွမ်းတော်ဆက်ကပ်ပြီး ကောင်းမှု ကုသိုလ်ယူကြသည်။


ဒေသခံကျေးရွာများမှ ပေါင်းမိုးလှည်းများနှင့်လာရောက်ကြသော မိဘပြည်သူများ၏လှည်းတန်းကြီးအား ဘုရားဂေါပကအဖွဲ့ မှ နေရာထိုင်ခင်းများ အဆင်ပြေအောင် ဆောင်ရွက်ပေးပြီး နယ်မှလာရောက်သည့် ဘုရားဖူးများအတွက် အဆင်ပြေစေရန် ဂေါပကအဖွဲ့က ရေ၊ လျှပ်စစ်မီး ရရှိအောင် စီစဉ်ပေးလာသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။


ယခုနှစ် အာနန္ဒာဘုရားပွဲတော်ကြီးတွင် ပြာသိုလဆန်း ၁၃ ရက်မှ လပြည့်ကျော် ၂ ရက်အထိ နှင်းခိုင်ဇာတ်ပွဲ၊ ပြာသိုလပြည့်ကျော် ၃ ရက်နှင့် ၄ ရက်နေ့တွင် ချိုတူးအငြိမ့်၊ ပြာသိုလပြည့်ကျော် ၇ ရက်နှင့် ၈ ရက်နေ့တွင် သားစစ်ဇာတ်ပွဲ၊ ပြာသိုလပြည့်ကျော် ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် မြတရာအငြိမ့်တို့ဖြင့် ညစဥ်ဖျော်ဖြေ တင်ဆက်သွားကြမည်ဖြစ်ပြီး မြန်မာ့ရိုးရာခြင်းအလှခတ်ခြင်းနှင့် အခြား ပျော်ရွင်ဖွယ်များလည်း ထည့်သွင်းဧည့်ခံသွားမည် ဖြစ်သည်။


ပုဂံမြို့ဟောင်းရှိ အာနန္ဒာဆုတောင်းပြည့် လိုဏ်ဂူစေတီတော်မြတ်ကြီးကို ဟိမဝန္တာတောင်အနီးရှိ နန္ဒမုလိုဏ်ဂူတော်ကို အတုယူကာ ခရစ် ၁၀၉၁ ခုနှစ်တွင် ကျန်စစ်မင်းကြီးမှကုသိုလ်ကောင်းမှုပြု၍ တည်ထားခဲ့ခြင်းပင်ဖြစ်သည်။


အနန္တပညာဟူသော (တထာဂတ)၏ အဆုံးအစမရှိ ပညာဉာဏ်တော်၏ကြီးမားပုံကို သရုပ်ဖော် တည်ဆောက်ထားသည့် အာနန္ဒာဘုရား လိုဏ်ဂူစေတီတော်ကြီး၏ အခြေခံပန္နက်ပုံစံမှာ ကြက်ခြေခတ်သဏ္ဍာန် တည်ရှိပြီး တိုက်မသည် တဖက်တချက်တွင် ပေ ၂၀၀ ခန့်အကျယ် လေးထောင့်စပ်စပ်ပုံပင် ဖြစ်သည်။ တိုက်မအခြေပတ်လည်နှင့် ပစ္စယာအဆင့်တွင် စဥ့်စိမ်းရောင်သုတ်မာရ်စစ်သည်များကို အောင်နိုင်ပုံနှင့် ၅၅၀ ဇာတ်တော်သရုပ်ဖော် ရုပ်ကြွများဖြင့် တန်ဆာဆင်ထားရှိသည်။


ဘိနပ်တော်မှ ငှက်မြတ်နားထိ ဉာဏ်တော်အမြင့်မှာ ၁၆၈ ပေရှိလေပြီး အရပ်လေးမျက်နှာ အာရုံခံမုဒ်ဝဆီသို့ မျက်နှာမူထားသည့် အမြင့်ဉာဏ်တော် ၃၁ ပေရှိ ဘဒ္ဒကမ္ဘာ၌ပွင့်တော်မူပြီးသော ဗုဒ္ဓရုပ်ပွားတော်လေးဆူကို လည်းဖူးမျှော်နိုင်ပေသည်။

 

မိုးဝင့်

 

 

[Zawgyi]

 

ပုဂံအာနႏၵာဘုရား ( ၉၂၉) ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္ႀကီး ျပာသိုလဆန္း (၇) ရက္ေန႔ စတင္က်င္းပမည္


“အျမင့္  သဗၺညဳ၊ အႏု အာနႏၵာ၊ ထု ဓမၼရံႀကီး” ဟူ၍ ထင္ရွားေက်ာ္ၾကားလွသည့္ ပုဂံဘုရား သုံးဆူအနက္ ပိသုကာ အႏုစိတ္လက္ရာမ်ားႏွင့္ ထုံမြမ္းေနသည့္ အာနႏၵာ ဆုေတာင္းျပည့္ ျမတ္စြာဘုရား၏ ( ၉၂၉)ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္ႀကီးကို ၁၃၈၁ ခုႏွစ္၊ ျပာသိုလဆန္း (၇) ရက္ေန႔ (၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔) မွ စတင္၍  တစ္လနီးပါးအထိ ေစ်းဆိုင္ခန္းေပါင္း ၁၈၀၀ ေက်ာ္ျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။


ျပာသိုလျပည့္ေန႔တြင္ ႐ိုးရာအစဥ္အလာႀကီးမားတဲ့ ဆြမ္းသပိတ္လုံး ေလာင္းလႉပြဲကို က်င္းပၿပီး ဆြမ္းသပိတ္လုံးထဲတြင္ အေမြးတိုင္၊ ဖေယာင္းတိုင္၊ ပဲ၊ ႏွမ္း စသည့္ ၿခံထြက္ လႉဖြယ္ပစၥည္းမ်ားစြာျဖင့္ ဆြမ္းသပိတ္လုံး ေလာင္းလႉၾကသည္။

အာနႏၵာဘုရားႀကီး၏ ဗုဒၶပူဇနိယပြဲေတာ္သည္ ျမတ္ဗုဒၶကို ပူေဇာ္သည့္ျပင္ အနယ္နယ္အရပ္ရပ္မွ ၁၂ ပြဲ ေစ်းသည္မ်ား၏ ေစ်းပြဲေတာ္ႀကီးလည္းျဖစ္သည္။


ဘုရားပြဲေတာ္ရက္မ်ားအတြင္း၌ ပုဂံ၊ ေညာင္ဦး ေဒသအတြင္းရွိ ေက်း႐ြာမ်ားမွ အမိုးအကာျဖင့္ ျပဳလုပ္ထားေသာ ေပါင္းမိုးလွည္းမ်ားႏွင့္ ျပာသိုလဆန္း ၇ / ၈ ရက္ေန႔မ်ားတြင္ အာနႏၵာဘုရားႀကီးအျပင္ပတ္လည္ရွိ ထေနာင္းပင္မ်ားေအာက္တြင္ နားခို၍ ယူေဆာင္လာေသာ ထမင္းခ်က္အိုးမ်ားျဖင့္ ခ်က္ျပဳတ္ၿပီး အာ႐ုံဦး နံက္ပိုင္း၌ ဘုရားဆြမ္းေတာ္ဆက္ကပ္ၿပီး ေကာင္းမႈ ကုသိုလ္ယူၾကသည္။


ေဒသခံေက်း႐ြာမ်ားမွ ေပါင္းမိုးလွည္းမ်ားႏွင့္လာေရာက္ၾကေသာ မိဘျပည္သူမ်ား၏လွည္းတန္းႀကီးအား ဘုရားေဂါပကအဖြဲ႕ မွ ေနရာထိုင္ခင္းမ်ား အဆင္ေျပေအာင္ ေဆာင္႐ြက္ေပးၿပီး နယ္မွလာေရာက္သည့္ ဘုရားဖူးမ်ားအတြက္ အဆင္ေျပေစရန္ ေဂါပကအဖြဲ႕က ေရ၊ လွ်ပ္စစ္မီး ရရွိေအာင္ စီစဥ္ေပးလာသည္မွာ ယေန႔တိုင္ပင္ ျဖစ္သည္။


ယခုႏွစ္ အာနႏၵာဘုရားပြဲေတာ္ႀကီးတြင္ ျပာသိုလဆန္း ၁၃ ရက္မွ လျပည့္ေက်ာ္ ၂ ရက္အထိ ႏွင္းခိုင္ဇာတ္ပြဲ၊ ျပာသိုလျပည့္ေက်ာ္ ၃ ရက္ႏွင့္ ၄ ရက္ေန႔တြင္ ခ်ိဳတူးအၿငိမ့္၊ ျပာသိုလျပည့္ေက်ာ္ ၇ ရက္ႏွင့္ ၈ ရက္ေန႔တြင္ သားစစ္ဇာတ္ပြဲ၊ ျပာသိုလျပည့္ေက်ာ္ ၁၃ ရက္ႏွင့္ ၁၄ ရက္ေန႔တြင္ ျမတရာအၿငိမ့္တို႔ျဖင့္ ညစဥ္ေဖ်ာ္ေျဖ တင္ဆက္သြားၾကမည္ျဖစ္ၿပီး ျမန္မာ့႐ိုးရာျခင္းအလွခတ္ျခင္းႏွင့္ အျခား ေပ်ာ္႐ြင္ဖြယ္မ်ားလည္း ထည့္သြင္းဧည့္ခံသြားမည္ ျဖစ္သည္။


ပုဂံၿမိဳ႕ေဟာင္းရွိ အာနႏၵာဆုေတာင္းျပည့္ လိုဏ္ဂူေစတီေတာ္ျမတ္ႀကီးကို ဟိမဝႏၲာေတာင္အနီးရွိ နႏၵမုလိုဏ္ဂူေတာ္ကို အတုယူကာ ခရစ္ ၁၀၉၁ ခုႏွစ္တြင္ က်န္စစ္မင္းႀကီးမွကုသိုလ္ေကာင္းမႈျပဳ၍ တည္ထားခဲ့ျခင္းပင္ျဖစ္သည္။


အနႏၲပညာဟူေသာ (တထာဂတ)၏ အဆုံးအစမရွိ ပညာဉာဏ္ေတာ္၏ႀကီးမားပုံကို သ႐ုပ္ေဖာ္ တည္ေဆာက္ထားသည့္ အာနႏၵာဘုရား လိုဏ္ဂူေစတီေတာ္ႀကီး၏ အေျခခံပႏၷက္ပုံစံမွာ ၾကက္ေျခခတ္သ႑ာန္ တည္ရွိၿပီး တိုက္မသည္ တဖက္တခ်က္တြင္ ေပ ၂၀၀ ခန္႔အက်ယ္ ေလးေထာင့္စပ္စပ္ပုံပင္ ျဖစ္သည္။ တိုက္မအေျခပတ္လည္ႏွင့္ ပစၥယာအဆင့္တြင္ စဥ့္စိမ္းေရာင္သုတ္မာရ္စစ္သည္မ်ားကို ေအာင္ႏိုင္ပုံႏွင့္ ၅၅၀ ဇာတ္ေတာ္သ႐ုပ္ေဖာ္ ႐ုပ္ႂကြမ်ားျဖင့္ တန္ဆာဆင္ထားရွိသည္။

ဘိနပ္ေတာ္မွ ငွက္ျမတ္နားထိ ဉာဏ္ေတာ္အျမင့္မွာ ၁၆၈ ေပရွိေလၿပီး အရပ္ေလးမ်က္ႏွာ အာ႐ုံခံမုဒ္ဝဆီသို႔ မ်က္ႏွာမူထားသည့္ အျမင့္ဉာဏ္ေတာ္ ၃၁ ေပရွိ ဘဒၵကမာၻ၌ပြင့္ေတာ္မူၿပီးေသာ ဗုဒၶ႐ုပ္ပြားေတာ္ေလးဆူကို လည္းဖူးေမွ်ာ္ႏိုင္ေပသည္။

 

မိုးဝင့္

Add a comment