တရုတ်ရုပ်ရှင်ပွဲတော် (၂၀၁၉)

2019-09-11 17:56:00
fitc Mgpaukphaw
Original 272
Summary : နှစ်စဉ်ကျင်းပလျှက်ရှိသော တရုတ်ရုပ်ရှင်ပွဲတော်အား စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တို ဘာလ ၂ ရက်နေ့ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် အစရှိသော မြို့ကြီးများတွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ရုပ်ရှင်ပွဲတော် (၂၀၁၉) ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် ကျင်းပမည်


[Unicode]

နှစ်စဉ်ကျင်းပလျှက်ရှိသော တရုတ်ရုပ်ရှင်ပွဲတော်အား စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တို ဘာလ ၂ ရက်နေ့ထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် အစရှိသော မြို့ကြီးများတွင် ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတရုတ်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံအခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ China Radio International, China Film Group Corporation တို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အချစ်၊ အမုန်း၊ ဟာသ၊ စစ်ကား အစရှိသောဇာတ်ကားများဖြင့် ရသစုံလင်စွာ တင်ဆက်ပြသမည်ဖြစ်ကာ မြန်မာစကားပြောဖြင့် ခံစားကြည့်ရှုရ မည်ဖြစ်သည်။ ပြသမည့် ဇာတ်ကားများမှာ မဲခေါင်စစ်ဆင်ရေး၊ မှော်ပဉ္စလက်၊ မင်္ဂလာပါဘီလျံနာ၊ လေပွေ အမျိုးသမီးဘောလုံးအသင်း၊ ၆နှစ် နှင့် ၆ရက်အကြာ၊ တောင်ပေါ်မှာပွင့်တဲ့အပြုံးပန်း အစရှိတဲ့ ဇာတ်ကား များဖြစ်သည်။

တရုတ်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့တွင် JCGV (Junction City) နှင့် စံရိပ်ငြိမ် မင်္ဂလာ(ဂမုန်းပွင့်) ၊ မန္တလေးမြို့တွင် မင်္ဂလာ (Central Point) တို့တွင် စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိ နေ့စဉ် ညနေ ၆ နာရီ ၃၀ မိနစ် အချိန်တွင်လည်းကောင်း ၊ နေပြည်တော်မြို့ အောင်သပြေရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိ ညနေ ၄ နာရီ ၃၀ မိနစ် ပွဲချိန်တွင် လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုးမြို့ရှိ သီတာအေးရုပ်ရှင်ရုံတွင် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိ နံနက် ၉ နာရီနှင့် ညနေ ၄ နာရီပွဲချိန်များတွင်လည်းကောင်း ပြသဆင်နွှဲမည်ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများကို ဝင်ကြေးအခမဲ့ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ကာ ပွဲချိန်မတိုင်မီ ၁ နာရီခန့်စောကာ လက်မှတ်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

မောင်ပေါက်ဖော်

 

[Zawgyi]

တ႐ုတ္႐ုပ္ရွင္ပြဲေတာ္ (၂၀၁၉) ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ က်င္းပမည္

    ႏွစ္စဥ္က်င္းပလွ်က္ရွိေသာ တ႐ုတ္႐ုပ္ရွင္ပြဲေတာ္အား စက္တင္ဘာလ ၂၆ ရက္ေန႔မွ ေအာက္တိုဘာလ ၂ ရက္ေန႔ထိ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ႏွင့္ ရွမ္းျပည္နယ္ အစရွိေသာ ၿမိဳ႕ႀကီးမ်ားတြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

    အဆိုပါတ႐ုတ္႐ုပ္ရွင္ပြဲေတာ္ကို ျမန္မာႏိုင္ငံအေျခစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသံ႐ုံး၊ China Radio International, China Film Group Corporation တို႔မွ ႀကီးမႉးက်င္းပျခင္းျဖစ္ၿပီး အခ်စ္၊ အမုန္း၊ ဟာသ၊ စစ္ကား အစရွိေသာဇာတ္ကားမ်ားျဖင့္ ရသစုံလင္စြာ တင္ဆက္ျပသမည္ျဖစ္ကာ ျမန္မာစကားေျပာျဖင့္ ခံစားၾကည့္ရႈရ မည္ျဖစ္သည္။ ျပသမည့္ ဇာတ္ကားမ်ားမွာ မဲေခါင္စစ္ဆင္ေရး၊ ေမွာ္ပၪၥလက္၊ မဂၤလာပါဘီလ်ံနာ၊ ေလေပြအမ်ိဳး သမီးေဘာလုံးအသင္း၊ ၆ႏွစ္ ႏွင့္ ၆ရက္အၾကာ၊ ေတာင္ေပၚမွာပြင့္တဲ့အၿပဳံးပန္း အစရွိတဲ့ ဇာတ္ကားမ်ားျဖစ္သည္။

တ႐ုတ္႐ုပ္ရွင္ပြဲေတာ္ကို ရန္ကုန္ၿမိဳ႕တြင္ JCGV (Junction City) ႏွင့္ စံရိပ္ၿငိမ္ မဂၤလာ(ဂမုန္းပြင့္) ၊ မႏၲေလးၿမိဳ႕တြင္ မဂၤလာ (Central Point) တို႔တြင္ စက္တင္ဘာလ ၂၆ ရက္ေန႔မွ ေအာက္တိုဘာလ ၂ ရက္ေန႔ထိ ေန႔စဥ္ ညေန ၆ နာရီ ၃၀ မိနစ္ အခ်ိန္တြင္လည္းေကာင္း ၊ ေနျပည္ေတာ္ၿမိဳ႕ ေအာင္သေျပ႐ုပ္ရွင္႐ုံတြင္ စက္တင္ဘာလ ၂၇ ရက္ေန႔မွ ေအာက္တိုဘာလ ၂ ရက္ေန႔ထိ ညေန ၄ နာရီ ၃၀ မိနစ္ ပြဲခ်ိန္တြင္ လည္းေကာင္း၊ ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕ရွိ သီတာေအး႐ုပ္ရွင္႐ုံတြင္ စက္တင္ဘာလ ၂၉ ရက္ေန႔မွ ေအာက္တိုဘာလ ၂ ရက္ေန႔ထိ နံနက္ ၉ နာရီႏွင့္ ညေန ၄ နာရီပြဲခ်ိန္မ်ားတြင္လည္းေကာင္း ျပသဆင္ႏႊဲမည္ျဖစ္သည္။

    ႐ုပ္ရွင္ဇာတ္ကားမ်ားကို ဝင္ေၾကးအခမဲ့ျဖင့္ ၾကည့္ရႈႏိုင္မည္ျဖစ္ကာ ပြဲခ်ိန္မတိုင္မီ ၁ နာရီခန႔္ေစာကာ လက္မွတ္ရယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ေမာင္ေပါက္ေဖာ္

Add a comment