တရုတ်လူမှုကူညီရေးအဖွဲ့နှင့် မန္တလေး ပရဟိတအသင်းတွေ့ဆုံ
2019-09-03 13:13:00
fitc MW
Original 719
Summary : တရုတ်-မြန်မာ အဓွန့်ရှည်စွာ ချစ်ခင်ရင်းနှီးစွာဖြင့်တည်ရှိခဲ့သည့်သမိုင်းကို အလေးထားလျက် တရုတ်နိုင်ငံ အခြေစိုက် The Group Of Kindness အဖွဲ့ နှင့် မန္တလေးမြို့ ရှိ ပရဟိတအသင်းများ အတူလက်တွဲ ဆောင်ရွက် သွားနိုင်မည့် တွေ့ဆုံခြင်းကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့ ရှိ ဟိုတယ်မန္တလေး စံပယ်ဖြူ ခန်းမေ ဆာင်တွင် ပြုလုပ်သည်။
တရုတ်နိုင်ငံအခြေစိုက် လူမှုကူညီရေးအဖွဲ့နှင့် မန္တလေး ပရဟိတအသင်းများ အတူလက်တွဲဆောင်ရွက်မည့် အစီအစဉ်များအတွက် တွေ့ဆုံဆွေးနွေး
တရုတ်-မြန်မာ အဓွန့်ရှည်စွာ ချစ်ခင်ရင်းနှီးစွာဖြင့်တည်ရှိခဲ့သည့်သမိုင်းကို အလေးထားလျက် တရုတ်နိုင်ငံ အခြေစိုက် The Group Of Kindness အဖွဲ့ နှင့် မန္တလေးမြို့ ရှိ ပရဟိတအသင်းများ အတူလက်တွဲ ဆောင်ရွက် သွားနိုင်မည့် တွေ့ဆုံခြင်းကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့ ရှိ ဟိုတယ်မန္တလေး စံပယ်ဖြူ ခန်းမေ ဆာင်တွင် ပြုလုပ်သည်။
ထို့သို့ ချစ်ခင်ရင်းနှီးစွာတွေ့ဆုံရာတွင် အိမ်နီးချင်းနိုင်များသို့ သွားရောက်ကာ ကူညီမှုများပေးအပ်နေသည့် တရုတ်နိုင်ငံအခြေစိုက် The Group of Kindness အဖွဲ့သည် လက်တွဲဆောင်ရွက်ရန် လျာထားသော မန္တလေး အခြေစိုက် လူမှုကူညီရေး ပရဟိတအသင်းများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံမိတ်ဆက်ဆွေးနွေးရာ လူမှုကူညီရေး ပရဟိတအသင်းများက လက်ရှိဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြသည်။
ပုလဲပရဟိတဖောင်ဒေးရှင်းအနေဖြင့် မန္တလေးမြို့ လေးပြင်လေးရပ်တွင် သံဃာတော်များ ဆွမ်းခံကြွတော်မူရာ တွင် အဆင်ပြေ ချောမွေ့စေရန်အတွက် သံဃာတော်အကြိုအပို့ကို နေ့စဉ်ဆောင်ရွက်ပေးနေမှုများ၊ မန္တလေးမြို့ရှိ ဆေးရုံ ၄ ရုံသို့ ရေသန့်လီတာ သုံးထောင် နေ့စဉ်ပေးပို့လှူနေသည့် ဆောင်ရွက်မှု၊ ပုလဲဖောင်ဒေရှင်းတည်ရှိရာ ရပ်ကွက်ရှိနေအိမ်များသို့ နေ့စဉ်ရေသန့်လီတာ တစ်သောင်းကျော် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်း၍ ပေးဝေထားရှိဆောင်ရွက်ထားရှိမှု အခြေအနေ၊ နေ့စဉ် ၂၄ နာရီ အသက်ကယ်အောက်စီဂျင် အခမဲ့လှူဒါန်းနေမှုနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများသို့ အချိန်မီ ကူညီဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေး သည်။
ဆက်လက်၍ ကြယ်ကလေးများပရဟိတအသင်းမှ အခက်အခဲမျိုးစုံဖြင့် ကျောင်းမတက်နိုင်သော ကလေးများ ကို စုစည်း၍ ပညာသင်ကြားပေးနေခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက တတ်နိုင်သမျှ တုန့်ပြနကူညီေ ဆာင်ရွက်ပေးနေခြင်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ချမ်းမြသစ္စာနာမှုကူညီရေးမှ မတော်တဆ ဖြစ်ပွားခဲ့သော အရေးပေါ်လူနာများကို သက်ဆိုင်ရာ ဆေးရုံသို့ အချိန်မီနိုင်သမျှ မီအောင်ပို့ဆောင်ပေးခြင်း၊ သင်္ခါသဘောအရ တမလွန်သို့ရောက်ရှိသွားသူများအား တိုင်းဒေသကြီးအလိုက်၊ မြို့နယ် ရပ်ကွက် ကျေးရွာအရောက် အခမဲ့ပို့ဆောင်ပေးခြင်း၊ မီးသင်္ဂြုဟ်ပေးခြင်းများ ဆောင်ရွက်နေမှုကို ရှင်းပြသည်။
ဆက်လက်၍ တရုတ်-မြန်မာချစ်ကြည်ရေး စာအုပ်ဆိုင်အသင်းမှ အဓွန့်ကြာရှည်စွာ ချစ်ခင်ရင်းနှီးစွာ တည်ရှိခဲ့သော ခိုင်မာသည့်သမိုင်းနှင့်အတူ တရုတ်-မြန်မာချစ်ကြည်ရေးစာအုပ်ဆိုင်အသင်းမှ မြန်မာပြည်သို့ တရုတ်ရိုးရာယဉ်ကျေးမှုနှင့် တရုတ်ပြည်သို့မြန်မာ့ရိုးရာယဉ်ကျေးမှု စာအုပ်မျိုးစုံကို အပြန်အလှန် ရောင်းဝယ်ပေးခဲ့ရာ နှစ်နိုင်ငံပြည်သူများ၏ အလေးထားခြင်းများကို ဆွတ်ခူးလျက်ရှိသည်ဟု ရှင်းလင်းပြောပြသည်။
နောက် တရုတ်နိုင်ငံအခြေစိုက် The Group of Kindness မှ မိမိအနေဖြင့် မိုင် ၁၀၀၀ ခရီးကို စတင်ခဲ့ရာမြို့ပေါင်း ၂၃၀ ကျော် လူဦးရေ သုံးသိန်းကျော်ကို တရုတ်ငွေ သိန်း ၁၉၀ ကူညီဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေဖြင့် ယခုတစ်ခေါက် ကုသိုလ်ဖြစ်ခရီးတွင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာနိုင်ငံ တို့ကို သွားရောက်၍ ကုသိုလ်ပြုခရီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနိုင်ငံများကို ရောက်ရှိပြီးဖြစ်ရာ ဆက်လက်၍ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့ကို ကုသိုလ်ဖြစ်ခရီး ဆက်လက် သွားရောက်ဦးမည်ဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အစည်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ပြည်၌ ဆင်းရဲနွမ်းပါး မွဲတေမှု ပပျောက်ရန် အထူးအလေးထားဆောင်ရွက်နေပြီး အိမ်နီးချင်းနိုင်ငံများကိုပါ ကူညီပေးသွားနိုင်ရန် အတွက် တစ်နေ့ကို လူတစ်ဦးလျှင် တရုတ်ငွေ တစ်ကျပ်နှုန်း စု၍ စာနာကူညီပေးသွားနိုင်သည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်ရှင်းလင်းတင်ပြသည်။
မိုးဝင့်
Add a comment