ဒီတစ်ခါလည်း ရှုံးပြန်ပေါ့ ဂျပန်

2015-09-11 18:33:00
fitc
Original 5532
Summary : စက်တင်ဘာလ၃ရက်နေ့က တရုတ်ပြည် ပေကျင်းမြို့မှာ ဖက်ဆစ်ဂျပန် တို့အပေါ်အောင်ပွဲခံခြင်း နှစ်၇၀ပြည့် စစ်ရေးပြ အခမ်းအနားကို ကမ္ဘာတစ်ဝှန်းမှ လူထုကြီးက ကြည့်ရှုပြီး ချီးမွမ်းမဆုံး ဖြစ်ခဲ့ကြပါတယ်။

ဒီတစ်ခါလည်း ရှုံးပြန်ပေါ့ ဂျပန်

    စက်တင်ဘာလ၃ရက်နေ့က တရုတ်ပြည် ပေကျင်းမြို့မှာ ဖက်ဆစ်ဂျပန် တို့အပေါ်အောင်ပွဲခံခြင်း နှစ်၇၀ပြည့် စစ်ရေးပြ အခမ်းအနားကို ကမ္ဘာတစ်ဝှန်းမှ လူထုကြီးက ကြည့်ရှုပြီး ချီးမွမ်းမဆုံး ဖြစ်ခဲ့ကြပါတယ်။

    ဒီအခမ်းအနားဟာ မျက်မှောက်ခေတ် ဂျပန်နဲ့ ဂျပန်လူမျိုးတို့ကို ရည်ရွယ်တာ မဟုတ်တဲ့အကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားခဲ့ပေမဲ့ ဂျပန်အစိုးရနဲ့ တာဝန်ရှိသူများကတော့ မတက်ရောက်ခဲ့ပါဘူး……ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုလည်း ကမ္ဘာ့အဖွဲ့အစည်းရဲ့ အကြီးအကဲပီပီ တရုတ်နဲ့ ဂျပန်တို့ရဲ့ ဒီအရေးမှာ ကြားနေဘို့နဲ့ မတက်ရောက်ဘို့ တိုက်တွန်း ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘန်ကီမွန်းက ပြန်လည်တုန့်ပြန် ပြောကြားရာမှာတော့ သူဟာ ကမ္ဘာ့ အဖွဲ့အစည်းရဲ့ အကြီးအကဲ ပီသစွာပဲ တရားမျှတမှုနဲ့ မှန်ကန်မှုဘက်က ရပ်တည်ပြီး ဒီအခမ်းအနားကို တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့ပါတယ်…...

    ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ တစ်ခု အမေရိကန် အစိုးရရဲ့ သဘောထားကို သတင်းထောက်များက မေးမြန်းခဲ့ရာမှာ အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက တရုတ်ပြည်ရဲ့ သမိုင်းနဲ့ ဂျပန်တော်လှန်ရေး အကြောင်းကို သိရှိထားမယ်ဆိုရင်တော့ တရုတ်တို့ရဲ့ ဒီစစ်ရေးပြပွဲဟာ ကျင်းပသင့်တဲ့ အခမ်းအနား တစ်ခုပါပဲ……လို့ဖြေဆိုခဲ့ပါတယ်။

ဒါကတော့ လတ်တလော ဂျပန်စစ်ဝါဒ ပြန်လည်ခေါင်းထောင်ဘို့ အစပျိုးချိန် နိုင်ငံတကာမျက်နှာစာမှာ ဂျပန်ရဲ့ နိုင်ငံရေး၊ သံတမန်ရေး ရှုံးနိမ့်မှုတစ်ခုပဲ ဖြစ်ပါတယ်။


    အားကစားဘက်မှာတော့ စက်တင်ဘာလ ၆ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲမှာ တရုတ်အမျိုးသမီးအသင်းဟာ ဂျပန်အသင်းကို ၃ပွဲ၁ပွဲနဲ့ အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးလိုက်နိုင်ပါတယ်…

ဒီတစ်ခါလည်း ရှုံးပြန်ပြီးပေါ့ ဂျပန်……

Add a comment