ထျန်းကျင်းသူငယ်ချင်းထံပေးစာ

2015-08-15 10:29:00
fitc
Original 12198
Summary : ချစ်ခင်ရတဲ့ ထျန်ကျင်းက သူငယ်ချင်းရေ မီဒီယာမှ တဆင့် ကြားသိရပါတယ်၊ မနေ့က ထျန်ကျင်းမြို့မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် လူအများအပြား သေကြေဒါဏ်ရာရကြတဲ့ အကြောင်းကို ၀မ်းနဲစွာ ကြားသိခဲ့ရပါတယ် သူငယ်ချင်း၊ အခုဒို့နိုင်ငံမှာလဲပြင်းထန်တဲ့ ရေဘေးဒါဏ်ကို အလူးအလဲခံနေ ရတယ်ကွာ သူငယ်ချင်း၊

တရုတ်ပြည်ရောက် မြန်မာပညာတော်သင်ကျောင်းသားများကထျန်းကျင်းသူငယ်ချင်းထံပေးစာ


    ချစ်ခင်ရတဲ့ ထျန်းကျင်းက သူငယ်ချင်းရေ မီဒီယာမှ တဆင့် ကြားသိရပါတယ်၊ မနေ့က ထျန်းကျင်းမြို့မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် လူအများအပြား သေကြေဒါဏ်ရာရကြတဲ့ အကြောင်းကို ၀မ်းနဲစွာ ကြားသိခဲ့ရပါတယ် သူငယ်ချင်း၊ အခုဒို့နိုင်ငံမှာလဲပြင်းထန်တဲ့ ရေဘေးဒါဏ်ကို အလူးအလဲခံနေ ရတယ်ကွာ သူငယ်ချင်း၊ တရုတ်ပြည်က ဆွေမျိုးပေါက်ဖော်များ စေတနာသန့်သန့်နဲ့ ရေဘေးကယ်ဆယ်ရေးတွေကို ရရှိနေတယ်လေ၊ အဲဒီအတွက် အထူးကို ကျေးဇူးတင်ပါတယ်ကွာ၊ ဒို့တတွေက ကပ်ဘေးဒါဏ်တွေ ဖြစ်ပေါ်တာကို မဟန့်တားနိုင်ပေမဲ့ လူတွေအချင်းချင်း အပြန်အလှန်တော့ ရိုင်းပင်းကူညီနိုင်တယ်လေ၊ အခုလိုကပ်ဘေးဒါဏ်တွေ အတူအကွကျရောက်နေတဲ့ မြန်မာ-တရုတ် ပြည်သူအချင်းချင်း အပြန်အလှန်အားပေးပြီး အတူတကွ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ ဆန္ဒပြုပါတယ်ကွာ သူငယ်ချင်း။

    ဒို့ဘယ်လိုနှစ်သိမ့်ပေးရမှန်းကိုမသိပါဘူး၊ ထျန်းကျင်းအတွက် ဆုတောင်းနေပါတယ်ကွာ၊ ဒို့မချမ်းသာသော်လဲပဲ တတ်စွမ်းသလောက်တော့ ကူညီချင်ပါတယ်ကွာ၊ ဒို့မသန်မာသော်လဲပဲ ထျန်းကျင်းအတွက် သွေးလှူချင်ပါတယ်ကွာ၊ ဆွေမျိုးပေါက်ဖော်တွေ ဒို့အပေါ် လုပ်ပေးသလိုပေါ့။

ကွယ်လွန်သူတွေ ကောင်းရာသုဂတိရောက်ဖို့ ဆုတောင်းပါတယ်ကွာ၊ ဒါဏ်ရာရသူတွေ အမြန်ဆုံး နလန်ထူနိုင်ပါစေကွာ၊ ဆွေမျိုးသားချင်းတွေလဲ ၀မ်းနဲပူဆွေးမှုမှ စောစီးစွာ ကင်းလွတ်စေချင်ပါတယ်ကွာ။

 

တရုတ်ပြည်ရောက် မြန်မာပညာတော်သင်ကျောင်းသားကျောင်းသူများ

၂၀၁၅ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့

Add a comment